Sonntag, 3. August 2014
ကလေးများအတွက် ယဉ်ကျေးလိမ္မာသင်တန်း
ဂျာမနီနိုင်ငံရောက် မြန်မာဗုဒ္ဓဘာသာဝင်မိသားစုများ၏ ရင်သွေးငယ်များအတွက် မြန်မာ့ယဉ်ကျေးမှုနှင့် ဗုဒ္ဓဘာသာဓလေ့ထုံစံများ၊ တရားထိုင်နည်း၊ ဘုရားရှိခိုးနည်း စသည့် ဗုဒ္ဓဘာသာဝင်တစ်ဦး သိသင့်သိထိုက်သည့် ဘာသာရေးအဆုံးအမများကို သိရှိနားလည်စေရန် ယဉ်ကျေးလိမ္မာသင်တန်းများကို လာမည့် စနေနေ့ (သြဂုတ်လ ၉ ရက်နေ့)တွင် စတင်သင်ကြားပေးသွားမည်ဖြစ်ပါသည်။
တက်ရောက်သင်ကြားမည့် ကလေးမိဘများအနေဖြင့် အောက်ပါ ဖုန်းနံပါတ်သို့ ဆက်သွယ်စာရင်ပေးနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
- ၀၁၅၂ ၁၄၄၈၉ ၅၆၅
- ၀၆၉ ၂၄၄၀၄၂၅၈
Samstag, 2. August 2014
Freitag, 25. Juli 2014
ရွှေညဝါဆရာတော် ကြွရောက်လာပါပြီ ....
ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့ ....
၂ဝ၁၄ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့ နံနက် ၆းဝဝ အချိန်တွင် ဂျာမနီနိုင်ငံ၊ ဖရန့်ဖွတ်မြို့သို့ ရွှေညဝါဆရာတော် ကြွရောက်လာပြီ။ ဗမာစတိုးနှင့်ပုဂံဆူရှိ ညီအစ်ကိုများက ယာဉ်အလှူနှင့် အရုဏ်ဆွမ်းလှူဒါန်းခဲ့ကြသည်။
နေ့ဆွမ်းအလှူအဖြစ် ဦးလှစု + ဒေါ်စိုးစိုးသိမ်း မိသားစု၊ မခင်တိုးလွင် မိသားစုနှင့် အခြားမြန်မာမိသားစုများက ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
နေ့ဆွမ်းအလှူအဖြစ် ဦးလှစု + ဒေါ်စိုးစိုးသိမ်း မိသားစု၊ မခင်တိုးလွင် မိသားစုနှင့် အခြားမြန်မာမိသားစုများက ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆရာတော်သည် ဓမ္မဒူတမြန်မာကျောင်းတွင် သီတင်းသုံးမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဆရာတော်နှင့်သံဃာတော်များအား အာရုံဆွမ်းနှင့်နေ့ဆွမ်း ဆက်ကပ်လှူဒါန်းနိုင်ကြပါသည်။
ဆက်ကပ်လှူဒါန်းလိုသော ဆွမ်းအလှူရှင်များအနေဖြင့် ၀၆၉၂၄၄၀၄၂၅၈
သို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်းလိုက်ရပါသည်။
အကျိုးဆောင်များ
Sonntag, 20. Juli 2014
အဘိဓမ္မာသင်တန်း စတင်ပြီ
ဂျာမနီနိုင်ငံ၊ ဖရန့်ဖွတ်မြို့၊ ဓမ္မဒူတမြန်မာကျောင်း၊
အဘိဓမ္မာသင်တန်းကို သင်တန်းသား ၁ဝ ဦးဖြင့်
စတင်ဖွင့်လှစ်ခဲ့သည်။ မသိမကြားလိုက်မိသူများလည်း
အကြောင်းကြားပြီး တက်ရောက်နိုင်ပါကြောင်း ပညာပါရမီအကျိုးငှါ နှိုးဆော်လိုက်ပါသည်။
မြန်မာများအတွက် အဘိဓမ္မာသင်တန်းအပြင်၊ သုတ္တန်သင်တန်း စသည်တို့ကိုလည်း စီစဉ်ထားပါသည်။ ထို့အပြင် ဒေသခံ ဂျာမန်လူမျိုးများအတွက် သင်တန်းကျင်းပပေးနိုင်အောင်လည်း စီစဉ်လျက်ရှိပါသည်။
ချမ်းမြေ့ကြပါစေ ...
အရှင်ကုသလသာမိ (အတည်မဲ့)
၂ဝ၊ ဝ၇၊ ၂ဝ၁၄
ဓမ္မစေတီဆရာတော် အထူးတရားပွဲ
တရားချစ်ခင်ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့ ခင်ဗျား
အရှင်ဘဒ္ဒ န္တကောသလ္လ (ဓမ္မစေတီဆရာတော်) သည် ၊ ဂျာမနီ နိုင်ငံ၊ ဖရန်ဖတ်မြို့ သို့  ကြွရောက်၍ ၊ မြတ်ဗုဒ္ဓ၏တရားဓမ္မများကို၊ ပောာကြားချီးမြင့်မည်ဖြစ်ပါသဖြင့်၊ အောက်ပါအစီအစဉ်တိုင်း စုပေါင်းတရား နာ၍၊ ကုသိုလ်ပွားများကြပါရန်၊ နိဗ္ဗာန်အကျိုးမျှော်၍၊ နှိုးဆော်တိုက်တွန်းအပ်ပါသည်။
.
မှတ်ချက်..
ဆရာတော်၊ သံဃာတော်များအား ၊ စုပေါင်းဆွမ်းဆက်ကပ်လှူ ဒါန်းမည်ဖြစ်ပါသောကြောင့်၊ ဆွမ်းအလှူရှင် များလာရောက်၍၊ ဆွမ်းကပ်လှူ ဒါန်းနိုင်ပါကြောင်း၊ အသိပေးအပ်ပါသည်။ ဆွမ်းလှူကြမည့် အလှူရှင်များမှ၊ ဆွမ်းကပ်ရန်အချိန်မှီ၊ တရားခန်းမသို့ လာရောက်ကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။
.
ဆွမ်းအလှူရှင်များ
ကိုစိုးလွင်+ မမင်းမင်းမိသားစု............................ကြက်သားအာလူး
မနွယ်နှင့် သားကိုဇင်.......................................ဆိတ်ကလီဇာပာင်း
မစပယ်လွင်................................................ပဲကုလားပာင်း
ကိုမင်းပာန်+ မသိဂီ င်္......................................မြှစ်ကြော်နှင့်ပဲပြုတ်
ကိုကြည်လင်+ မသော်တာမိသားစု....................ငါးဖဲပာင်း
ကိုသက်အောင်+ မလွင်လွင်လှိုင်မိသားစု............၀က်သားနီချက်
ကိုလှမြင့်စိုး.................................................မြင်ခွားရွက်သုတ်
ကိုအောင်+ မစိမ့်စိမ့်လှိုင်မိသားစု.......................ကြက်သားသုတ်
မဥမ္မာ မိသားစု..............................................မုန့် ကျွဲသဲ
ဦးလှ+ ဒေါ်ခင်ထွေးမိသားစု..............................ခေါပြင်
ကိုစံမင်း+ မ၀တ်မှု.ံ........................................ ကျောက်ချော + ရွှေကြည်ဆနွင်းမကင်း
.
ရေနှင့်အအေးအလှူရှင်
မစပယ်လွင် နှင့် မောင်လေး ထက်ပြည့်ကျော်
.
ဘုရားပန်းအလှ အလှူရှင်
ကိုမင်းဦး မပြုံး
.
ဆက်သွယ်ရန်
ကိုစိုးလွင် 017670996660
ကိုသိန်းယု 015202325633
ကိုကြည်ဝင်း 015211959903
ကိုအောင်နိုင်ထွေး015732467626
ကိုစိုးခင် 01786362872, 06923810840
တရားပွဲကျင်းပမည့် အစီအစဉ်များ
.
တရားပွဲကျင်းပမည့်နေ့ ရက်
27.07.2014 , Sunday
.
ဆရာတော်၊ သံဃာတော်များဆွမ်းကပ်မည့်အချိန်
နံနက် 11:00နာရီအချိန်တိတိ
.
ဆရာတော်တရားချီးမြှင့်မည့်အချိန်
နေ့ လည် 1:00နာရီ
.
ကျင်းပမည့်နေရာ။
Saalbau Titus Forum
Walter-Möller-platz 2, 60439, Frankfurt am Main.
.
စီးရမည့်ရထား။
U1 နှင့် U9 စီးပြီး၊ Nordwestzentrum မှတ်တိုင်းတွင်ဆင်းပါ..
Dienstag, 15. Juli 2014
အဘိဓမ္မာသင်တန်းများ စတင်ပို့ချတော့မည် ...
ဂျာမနီနိုင်ငံ၊ ဖရန့်ဖွတ်မြို့ရှိ မြန်မာမိသားစုများအတွက် ဓမ္မအမြင်ဖွင့်သင်တန်းများ စီစဉ်ဖွင့်လှစ်သွားပါမည်။ ကလေးငယ်များအတွက် ယဉ်ကျေးလိမ္မာသင်တန်းများ၊ မြန်မာစာသင်တန်းများ၊ လူကြီးများအတွက် အဘိဓမ္မာသင်တန်း၊ ဓမ္မပဒသင်တန်းနှင့် သုတ္တန်သင်တန်းများကိုလည်း စီစဉ်ဖွင့်လှစ်သွားပါမည်။
စိတ်ပါဝင်စားသူများအနေဖြင့် အောက်ပါ အီးမေးလ်နှင့်ဖုန်းနံပါတ်များသို့ ဆက်သွယ်စာရင်းပေးနိုင်ပါသည်။ မိမိတို့၏ ရင်သွေးငယ်များ ဘာသာရေးအမွေလက်ဆင့်ကမ်း ပေးနိုင်စေရန်အတွက် ယဉ်ကျေးလိမ္မာသင်တန်းများကို မပျက်မကွက် တက်ရောက်ကြပါရန် တိုက်တွန်းအပ်ပါသည်။
လူကြီးမိဘများအနေဖြင့်လည်း မြတ်စွာဗုဒ္ဓ၏ လေးနက်သော အဘိဓမ္မာတရားတော်များ၊ ဓမ္မပဒ၊
သုတ္တန်တရားတော်များကို ကိုယ်တိုင်ကိုယ်ကျ သိရှိနားလည်စေရန်အတွက် သင်တန်းများကို တက်ရောက်ကြပါရန် နှိုးဆော်အပ်ပါသည်။ တက်ရောက်မည့်သင်တန်းသားများ၏ ဆက်သွယ်လာမှုအပေါ်မူတည်၍ အသေးစိတ်အချိန်ဇယားကို ထုတ်ပြန်အကြောင်းကြားပေးသွားပါမည်။
လက်ရှိအချိန်တွင် လာမည့်
ဇူလိုင်လ ၂ဝ
ရက်၊
တနင်္ဂနွေနေ့၊ နေ့လယ်
၂
နာရီမှ
၎
နာရီထိ
တစ်ခုကို စတင်ပို့ချသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
ဖရန့်ဖွတ်မြို့ရှိ မြန်မာအမျိုးကောင်းသား၊ အမျိုးကောင်းသမီးများအနေဖြင့် ကြုံတောင့်ကြုံခဲ မြတ်ဗုဒ္ဓတရားတော်များကို ကိုယ်တိုင်ကိုယ်ကျ သိရှိနားလည်ခွင့်ရမည့် အခွင့်အရေးကို လက်လွှတ်မခံဘဲ ပညာပါရမီကုသိုလ် ဖြည့်ဆည်းနိုင်ကြပါရန် အသိပေးနှိုးဆော်တိုက်တွန်းအပ်ပါသည်။
Email: mbcgermany@gmail.com
Ph: +49 152144 89565
Montag, 14. Juli 2014
ဗုဒ္ဓဘာသာမြန်မာမိသားစုဝင်များအတွက် သတင်းကောင်း
Abonnieren
Posts (Atom)




