Freitag, 6. März 2015

ဓမ္မဒူတ ဆရာတော်ကြီး အရှင်ဆေကိန္ဒ တရားပွဲဖိတ်ကြားလွာ


ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့ခင်ဗျား

ဓမ္မဒူတ ဆရာတော်ကြီး အရှင်ဆေကိန္ဒ သည် ဂျာမနီနိုင်ငံ ဖရန့်ဖွတ် မြို့တွင် တရားဒေသနာပောာကြားချီးမြင့်မည်ဖြစ်ပါ သဖြင့် တရားနာလိုသူ ဓမ္မမိတ်ဆွေ သူတော်ကောင်းအပေါင်းတို့ အား နိဗ္ဗာန် အကျိုးမျော် နှိုးဆော်တိုက်တွန်းလိုက်ပါသည် ခင်ဗျား....

အစီအစဉ်................

နေ့ရက်....မတ်လ ၂၁ ရက် ၊စနေနေ့
အချိန်.....နေ့လည်၁နာရီ၃၀ မိနစ် (တရားမပောာမီ နေ့လည်၁နာရီတွင်လူစုကြပါရန်)
နေရာ.... Clubraum 1
SAALBAU Bornheim
Arnsburger Straße 24
60385 Frankfurt am Main 
U4 ဖြင့် မှတ်တိုင် Höhenstr အထိစီးပါ။ 

 စုပေါင်းဆွမ်းကပ်ပွဲ

 ဓမ္မဒူတ ဆရာတော်ကြီး အရှင်ဆေကိန္ဒ  အားဆွမ်းကပ်လှူ လိုသော သူတော်ကောင်းမိတ်ဆွေအပေါင်းတို့အား စုပေါင်းဆွမ်းကပ်ပွဲသို့ လာရောက်လှူ ဒါန်းနိုင်ပါကြောင်းဖိတ်ကြားအပ်ပါသည်။

အစီအစဉ်..................
နေ့ရက်.........မတ်လ ၂၂ ရက် ၊တနင်္ဂနွေနေ့
အချိန် .........နံနက် ၁၀နာရီ ခန့်တွင်လာရောက်ဆွမ်းပြင်နိုင်ကြပါသည်။
နေရာ........Clubraum 1+2
Rottweiler Strasse 32,
60327,Frankfurt am Main
Hauptbahnhof မှ Strassebahn 12,16,21 စီးပါ။
မှတ်တိုင် Baseler Platz

မှတ်ချက် ။     ။ ၂၁ရက်နှင့်၂၂ရက် အစီအစဉ်တွင် ကျင်းပမည့်နေရာမတူပါသဖြင့် လေးစားစွာသတိပေးအပ်ပါသည်။၂၂ရက်တွင်ဆရာတော်ကြီးမြန်မာနိုင်ငံသို့
ပြန်လည်ကြွရောက်မည်ဖြစ်ပါသဖြင့် နေ့လည်တရားပောာကြားပေးနိုင်မည်မပာုတ်ပါကြောင်းပန်ကြားအပ်ပါသည်။
ဆရာတော်ကြီးအား ၁၉ ရက်နေ့ ။၂၀ ရက်နေ့။၂၁ ရက်နေ့။၂၂ ရက်နေ့ အာာရုံဆွမ်းကပ်လှူ လိုသူများ နှင့် ၁၉ရက်နေ့ ၊၂၀ ရက်နေ့ ၂၁ ရက်နေ့ နေ့လည်ဆွမ်းကပ်လှူ လိုသူများ အောက်ပါဖုန်းနံပါတ်သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဆရာတော်ကြီးသည် မတ်လ ၁၇ရက် LH 1447 ဖြင့် ညနေ၆နာရီခွဲတွင် ဖရန့်ဖွတ်လေဆိပ်Terminal 1သို့ ရောက်ရှိမည် ဖြစ်ပြီးမတ်လ၂၂ရက်TG921 ဖြင့် နေ့လည်၂နာရီ၁၀မိနစ်လေယာဉ်ဖြင့် မြန်မာပြည်သို့
ပြန်လည်ကြွရောက်မည်ဖြစ်ပါသဖြင့် ကြိုဆို ၊ပို့ဆောင်မည့် ဒကာ၊ဒကာမ မိတ်ဆွေအပေါင်းတို့အား လေးစားစွာအကြောင်းကြားအပ်ပါသည်။
 
 ဦးကောဝိဒ     ဖုန်း 105211770722
ကိုလှမြင့်စိုး    ဖုန်း  01748509485
 ကိုဖြိုး          ဖုန်း  01621039166

နယ်သာလန်တရားပွဲ

ဆရာတော်ကြီးသည် နယ်သာလန်တွင် အောက်ပါအစီအစဉ်အတိုင်းတရားဒေသနာပောာကြားချီးမြင့်မည်ဖြစ်ပါသဖြင့်
နယ်သာလန်ရောက် တရားနာပရိတ်သတ်များ အားတိုက်တွန်းနှိုးဆော်လိုက်ပါသည်
နေ့ရက် ။ ။ ၁၈ - ၀၃ -၂၀၁၅

. အချိန် ။ ။ မွန်းလွဲ၁ နာရီ မှ ညနေ ၅ နာရီအထိ ( တရားပွဲအား

၂နာရီတိတိတွင်စတင်မည်ဖြစ်ပြီး၎နာရီခန့်တွင်တရားပွဲအပြီးဆရာတော်ကြီးနှင့်တရားပွဲကြွရောက်လာသုများစု

ပေါင်း၍တရားပွဲအမှတ်တရဓါတ်ပုံရိုက်ကြရန်)

နေရာ ။ ။ Vergadercentrum Vredenburg .

. Vredenburg 19 , 3511 BB , Utrecht

လမ်းညွှန် ။ ။ ဥထရက်ဘူတာကြီးပေါ်မှ လမ်းဆုံမီးပွိုင့်ရှိရာ(စနေဈေးမှ)

၃မိနစ်ခန့်လမ်းလျှောက်လျှင်တရားပွဲကျင်းပရာသို့အလွယ်တကူရောက်ရှိနိုင်ပါသည်။

မှတ်ချက်....အခန်းငှားရာတွင်ပါဝင်သည့်စည်းကမ်းချက်များအရပြင်ပအစားအသောက်များပြင်ဆင်လာ၍ကျွေး

မွေးခွင့်မရရှိသဖြင့်တရားနားပရိတ်သတ်များအာ ၊ကော်ဖီ၊လက်ဖက်ရည်နှင့်မုန့်များဖြင့်သာဧည့်ခံကျွေးမွေးရ

မည်ဖြစ်သည်ကိုစိတ်မကောင်းစွာဖြင့်ကြိုတင်၍ တောင်းပန်အပ်ပါသည်။

ဦးဓညလင်း - ( ၃၁၆-၈၅၆၀၃၈၃၃) ဦးမိုးကျော် - (၃၁၆-၈၅၄၆၁၆၄၁)

ဦးဇင်ဟ (၃၁၆ -၈၄၀၄၉၂၈၅) တ တ - (၃၁၆-၈၇၂၇၅၈၄၄)

မြန်မာတိုင်းရင်းသားများထေရဝါဒဗုဒ္ဓဘာသာအသင်း(နယ်သာလန်)

Burmese Ethnic Nationalities Theravada Buddhist Association ( The Netherlands )

e-mail betbanl@yahoo.com



Mittwoch, 25. Februar 2015

ဓမ္မဒူတ ဆရာတော်ကြီး အရှင်ဆေကိန္ဒ အား ဂျာမနီသို့ ဒုတိယအကြိမ် ပင့်ဆောင်ပူဇော်ခြင်း

ဂျာမနီ နှင့် ဥရောပတခွင် သာသနာတည့်တံ့ ပြန့်ပွားစေရန် ရည်ရွယ်၍ ဓမ္မဒူတ ဆရာတော်ကြီး အရှင်ဆေကိန္ဒ သည် ဂျာမနီသို့ ဒုတိယအကြိမ် ဓမ္မဒူတခရီးကြွရောက် မည်ဖြစ်ပါသည်။

ဆရာတော်ကြီး ကြွရောက်သည့်အချိန်အတွင်း ဂျာမနီ ၊ပောာ်လန်တို့တွင် တရားဒေသနာများ ပောာကြားချီးမြင့် မည်ဖြစ်ပါသဖြင့် တရားဒေသနာများ နာကြားနိုင်ကြပါရန် နိဗ္ဗာန်ကျိုးမျှော် နှိုးဆော်တိုက်တွန်းလိုက်ပါသည်။

ဆရာတော်ကြီး ကြွရောက်မည့်အချိန်....

မတ်လ ၁၇ ရက် ညနေ ၆နာ၇ီခွဲ .....ဓမ္မဒူတမြန်မာဘုန်းကြီးကျောင်း၊ဖရန့်ဖွတ်၊ဂျာမနီ

မတ်လ ၁၈ ရက် ....နေ့လည် Utrecht,Holland တရားပွဲ

မတ်လ ၂၁ ရက်.....Frankfurt,Germanyတရားပွဲ

မတ်လ ၂၂ ရက်....Frankfurt စုပေါင်းဆွမ်းကပ်ပွဲ နှင့်ဆရာတော်ကြီး မြန်မာနိုင်ငံသို့

ပြန်လည်ကြွရောက်မည်ဖြစ်ပါသည်။

ဓမ္မဒူတ ဆရာတော်ကြီးအရှင်ဆေကိန္ဒ ထေရုပ္ပတ္တိအကျဉ်း


ဓမ္မဒူတ ဆရာတော်ကြီး အရှင်ဆေကိန္ဒ အလောင်းအလျာကို စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ သောတာပန်ရပ်ကွက် ခမည်းတော် ဦးအောင်သန်း+ မယ်တော် ဒေါ်စိန်ကြည်တို့က ကောဇာသက္ကရာဇ် ၁၃၁၉-ခုနှစ်၊ တပို့တွဲလဆန်း (၉)ရက်၊ (28-1-1958) အင်္ဂါနေ့၌ မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့ပါသည်။
၁၉၇၅-ခုနှစ်၌ စစ်ကိုင်းမြို့ အမှတ်(၁) အထက်တန်းကျောင်းမှ ၁၀-တန်းကို အောင်မြင်ခဲ့ပြီး ၁၉၇၉-ခုနှစ်၌ မန္တလေးမြို့ စက်မှုလက်မှုသိပ္ပံ၏ A.G.T.I (civil) မြို့ပြအင်ဂျင်နီယာ ဒီပလိုမာဘွဲ့ကို ရရှိအောင်မြင်ခဲ့ပါသည်။
၁၉၈၃-ခုနှစ်၌ မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်စွန်း ဓမ္မဒူတတောရ ဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြု၍ ရှင်ရဟန်းအဖြစ်ကို ယူခဲ့ပါသည်။ အရှင်မြတ်သည် တောင်စွန်း ဓမ္မဒူတတောရကျောင်းတိုက်ကြီး၌ပင် ပရိယတ္တိ စာပေတို့ကို မူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းတို့ကို နှစ်ချင်းပေါက် အောင်မြင်တော်မူခဲ့ပြီး ၁၉၉၃-ခုနှစ်တွင် စာချတန်း၌ ကျမ်းရင်းသုံးကျမ်းစလုံးကို တစ်နှစ်တည်းဖြင့်ပင် အောင်မြင်တော်မူခဲ့၍ အစိုးရ သာသနဓဇဓမ္မာစရိယဘွဲ့တံဆိပ်ကို ရရှိတော်မူခဲ့ပါသည်။ သဒ္ဓမ္မနေပုည ဓမ္မာစရိယဘွဲ့နှင့် သာသနဇောတိပါလ ဓမ္မာစရိယဘွဲ့တို့ကိုလည်း ရရှိတော်မူခဲ့ပြန်ပါသည်။
ထို့ပြင် နိုင်ငံတော် အစိုးရမှဆက်ကပ်သော မဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဂန္ထ၀ါစကပဏ္ဍိတ၊ ဓမ္မကထိက ဗဟုဇနဟိတဓရ၊ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်မှ M.A (Buddhism) နှင့် Ph.D ဘွဲ့တို့ ကိုလည်းရရှိခဲ့ပါသည်။ ပရိယတ္တိစာပေများကို တောင်စွန်း ဓမ္မဒူတတောရ၊ အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်၊ မန္တလေးမြို့ မစိုးရိမ်တိုက်၊ စစ်ကိုင်းမြို့ ဇေယျသိန်ပါဠိတက္ကသိုလ်၊ စစ်ကိုင်းမြို့ သုဗောဓာရုံ စာသင်တိုက်စသော ကျောင်းတိုက်တို့ရှိ ဆရာမြတ်တို့၏ အထံတော်မှ နည်းနာခံယူ သင်ယူခဲ့ပါသည်။
၁၉၉၈ ခုနှစ်၌ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်တွင် နည်းပြအဖြစ် တာဝန်ထမ်းဆောင်တော်မူခဲ့ပါသည်။ ၂၀၀၀ ခုနှစ်တွင် လက်ထောက်ကထိက၊ ၂၀၀၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းဌာနတွင် တွဲဖက်ပါမောက္ခအဖြစ် ပူးတွဲတာဝန်ထမ်းဆောင်တော်မူခဲ
့ပါသည်။
အရှင်မြတ်သည် ဓမ္မဒူတနာယက အဖွဲ့ဝင်၊ မှော်ဘီမြို့နယ် သံဃနာယက အဖွဲ့ဝင်၊ ဓမ္မဒူတ ဇေတ၀န်တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်ကြီး၏ ပဓာန နာယက ဆရာတော်၊ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ထေရ၀ါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် ပဋိပတ္တိမဟာဌာန (၀ိပဿနာ) ပါမောက္ခ၊ မဟာဌာနမှူး ဆရာတော်စသော တာဝန်တို့နှင့် ကျမ်းစာရေးသားခြင်း၊ စာပေပို့ချခြင်း၊ တရားဟောပြောခြင်း၊ တရားပြသခြင်း၊ ယဉ်ကျေးလိမ္မာ လူငယ်သင်တန်းများ ဖွင့်လှစ်ခြင်း စသည်တို့ကို ဆောင်ရွက်တော် မူလျက်ရှိသည်။

Sonntag, 22. Februar 2015

လစဉ်အလှူရှင်များ

ဂျာမနီနိုင်ငံရောက် မြန်မာဗုဒ္ဓဘာသာဝင်များ စုပေါင်းပြီး ဂျာမနီနိုင်ငံတွင် ဓမ္မဒူတမြန်မာကျောင်းတော်ကြီးဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်လျှက်ရှိပါသည်။ ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒကလည်း ကျောင်းတော်ကြီးဖြစ်မြောက်ရေးအတွက် ယူရို ၁ သိန်း မ တည်လှူဒါန်းထားပါသည်။

ကျောင်းတော်ကြီးဖြစ်မြောက်ရေးနှင့် ရေရှည်တည်တံ့ရေးအတွက် ဂျာမနီနိုင်ငံရှိ မြန်မာမိသားစုများ၏အင်အားဖြင့် မလုံလောက်နိုင်ပါ။ ကမ္ဘာအရပ်ရပ်ရှိမြန်မာဗုဒ္ဓဘာသာမိသားစုများ၏ သဒ္ဓါအားကိုလည်း များစွာ လိုအပ်ပါသည်။

မြန်မာကျာင်းတော်ကြီး ဖြစ်မြောက်ရေးအတွက် မိမိတို့ သဒ္ဓါအလျောက် စွမ်းအားရှိသမျှ လှူဒါန်းနိုင်ကြပြီဖြစ်သလို လစဉ်လှူရှင်အဖြစ်လည်း တစ်လလျှင် ယူရို ၁ဝ (ပြည်ပနိုင်ငံအလှူရှင်များအတွက် ဒေါ်လာ ၁ဝ)နှုန်းဖြင့် ကျောင်းအလှူတွင် ပါဝင်လှူဒါန်းနိုင်ကြပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

လစဉ်အလှူရှင်များ(ပြည်ပ)
၁။ ကိုဇော်မိုးလွင် + မစပယ်လွင်၊ သမီး သဉ္ဖာလွင်၊ သား အောင်ခန့်မိုး မိသားစု၊ Myanmar Midea Star Publication
၂။ မသန္တာအေး၊ တောင်ဥက္ကလာပမြို့နယ်


လှူဒါန်းရန် ဘဏ်အကောင့် ....

IBAN : DE82 4401 0046 0198 0154 66
BIC : PBNKDEFF
POST BANK

Verwendungszweck (လှူဒါန်းသည့်ရည်ရွယ်ချက်) ဖြည့်သွင်းရာတွင် . . . 

၁။ ဓမ္မဒူတမြန်မာကျောင်းတော်ကြီး ဖြစ်မြောက်ရေးအတွက် လှူဒါန်းလိုလျှင် 
    DHMD1

၂။ ကျောင်းလစဉ်အလှူငွေအတွက် လှူဒါန်းလိုလျှင် 
    DHMD2

၃။ သံဃာတော်များ၏ ကျန်းမာရေးအလှူငွေ အတွက် လှူဒါန်းလိုလျှင် 
    DHMD3

၃။ ဓမ္မဒူတမြန်မာကျောင်း အထွေထွေအတွက် လှူဒါန်းလိုလျှင် 
    DHMD4


ဟု ထည့်သွင်းရေးသားလှူဒါန်းပေးပါရန်လည်း မေတ္တာရပ်ခံအပ်ပါသည်။

ဆက်သွယ်ရန် လိပ်စာ ... 
Dhammaduta Myanmar Buddhist Temple
c/o
Htet Kyain Aung 
Gutleutstr 127, 60327
Frankfurt, Germany

ဖုန်း ....
+49 692 4404 258
+49 173 1535 014
+49 172 2750 691

Dienstag, 20. Januar 2015

တပိုတွဲလ ရိုးရာထမင်းနဲပွဲ (မာဃ ပူဇာပွဲ)


ဓမ္မမိတ်ဆွေ အပေါင်းတို့ခင်ဗျား ....
တပို့တွဲလသည် အလွန်အေးချမ်းလှသောဆောင်းရာသီအခါဖြစ်သည်။
“နှာရည်ယိုရွဲ တပို့တွဲ”ဟုလည်း ဆိုစမတ်ပြုကြပါသည်။ တပို့တွဲလသည် မာဃနက္ခတ်နှင့် စန်းပြည့်သော ကုမ်ရာသီအခါကာလပင်ဖြစ်ပေသည်။ ပေါက်ပန်း၊ လဲပန်း၊ လက်ပံပန်းတို့ ပွင့်ဖူးကြသော တပိုတွဲလဖြစ်သည်။
“တပိုတွဲ ကျွဲချိုဖျား ဆတ်ဆတ်ခါ”ဆိုသည့်အတိုင်း အလွန်ချမ်းအေးသောအချိန်အခါသည် မြန်မာတို့ရိုးရာ ထမင်းနဲပွဲအခါသမယပင်ဖြစ်ပါတော့သည်။

"ယာဂုထမနဲ၊ အိုးကြီးကွဲခါမှ၊ စွန့်ကြဲသည့်ဒါနလည်း နိပ္ဖလမဆိုသာ၊ စေတနာဇောသန်၍၊ သမုဌာန်လွန်ကဲ၍၊ အိုးကွဲမှ စွန့်လှူသည့်၊ ထိုသူတို့ကုသိုလ်လည်း မဂ်ဖိုလ်ဧကန်ရပေမည်"ဟူသော စာဆိုတော် ဦးပုည၏ လှေခအလှူခံ မေတ္တာစာနှင့်အညီ စေတနာ မွေးကြိုင်လှသော ဆီနိုင်နိုင်၊ နှမ်းနိုင်နိုင်၊အုန်းဆံနိုင်နိုင် စေးပိုင်ပိုင် ထမနဲကို စေတနာရှင်အများမှ လှူဒါန်းကြမည်ဖြစ်ပါသဖြင့် အောက်ပါအစီအစဉ်အတိုင်း ကြွရောက်အားပေးသုံးဆောင်ရင်းတစ်ကြောင်း၊ အသင်း၏ နိစ္စဓမ္မ ထုံးလမ်းစဉ်လာ
နိဗ္ဗာန်ရောက်ကြောင်းတရားအား သံဃာတော်အရှင်မြတ်များထံမှ တောင်းယူနာကြားကုသိုလ်ပွားကြမည်ဖြစ်ပါသည်။

ထို့နောက် ကြွရောက်လာသောဧည့်သည်အပေါင်းတို့ ပျော်ပျော်ရွင်ရွင် ကာရာအိုကေ အစီအစဉ်
ရှိပါသဖြင့် သီဆိုမည့်သီချင်းများ CD သို့မဟုတ် Memory stickများဖြင့် ယူဆောင်လာကြပါရန်လည်း အသိပေးအပ်ပါသည်။

 "ယောက်မကိုင်မွေလို့၊ ထိုင်မနေ၊ ရိုးရာပွဲမို့၊ ပိုင်ပိုင်လေ၊ ကိုးစရာအမြဲသာပ၊ ထိုးကြထမနဲ"ဆိုသည့်အတိုင်း တပို့တွဲလ ရိုးရာထမနဲပွဲတွင် လှူဒါန်းကျွေးမွေးမည့် ထမနဲ အလှူရှင်များ အသင်းသို့ ဆက်သွယ်နိုင်ပါပြီ။
ထမင်း၊ ဟင်းအလှူရှင်များလည်း ဆက်သွယ်လှူဒါန်းနိုင်ကြပါပြီ။

ထမနဲအလှူရှင်များ
.............................

၁။ ကိုလှမြင့်စိုး
၂။ အန်တီဒေါ်ခင်မာလွင်
၃။ ကိုဖြိုး
၎။ မမာမာအောင်
၅။ ကိုမောင်မောင်ထွန်း
၆။ ကိုကျော်ကျော်နိုင်+မဥမ္မာညွန့်မိသားစု
၇။


ထမင်း၊ ဟင်းအလှူရှင်များ
..........................................

၁။ကိုသန်းစိုး+မလေးလေးမိသားစု                        မှိုအစပ်ပာင်း
၂။ ကိုဂျူးနီ + မမြတ်နိုးမိသားစု                            ငါးဖယ်သုတ်
၃။မမာမာအောင်မိသားစု                                   မျစ်စံတော်ပဲကြော်
၎။ဦလှ+ဒေါ်ခင်ထွေး                                        တို့ဖူးသုတ်
၅။ကိုမင်းဦး+မပြုံး                                            အမဲနှပ်
၆။ခွန်လွန်းကျော်+နန်းသီလား မိသားစု                  ဌက်ပျောဖူးသုတ်
၇။ကိုစိုးသီပာ+မအေမီမိသားစု                            မန်ကျီးသီးငပိကျော်
၈။ကိုကျော်စိန်ဝင်း+မကြည်ကြည်ခင် မိသားစု         ပုဇွန်ချို ချ ဉ်စိမ်းကြော်
၉။ဦးလှစု+ဒေါ်စိုးစိုးသိန်း၊
   ကိုမင်းထိုက်+မမာလာသင်း မိသားတစု             ၀က်စတူး ၊
၁၀။ကိုဖေးမတ်စ်အောင်+မအေးမွန်လှိုင်               ပုဇွန်ဆီပြန်ပာင်း 
၁၁။အန်တီနွယ်                                            ရခိုင်ကြက်သားချက်အရည်သောက်ဆမ်း
၁၂။မခင်သူဇာမိသားစု                                    ကြက်အသည်းအမြစ်             


အချိုပွဲ
..............
၁။ကိုမင်းမင်း                                    သစ်သီးစုံ
၂။ကိုစိုးသီပာ+မအေမီ မိသားစု             မိုင်လိုကျောက်ကျော
၃။ဦးလှစု+ဒေါ်စိုးစိုးသိန်း၊ 
ကိုမင်းထိုက်+မမာလာသင်း မိသားတစု   ကြက်ဥပူတင်း

အအေးနှင့်အသောက်
..................................

၁။ မစံပယ်လွင်      ..............Coca cola ,Fanta and water


နေရာ ......................

Saalbau Gutleut ခန်းမ,
Rottweiler Straße 32,
60327 Frankfurt am Main 
Hauptbahnhof မှ Straßebahn 12,16,21 စီးပါ။
မှတ်တိုင် Baseler Platz       
မှတ်တိုင်တွင်ဆင်းပြီး ညာဘက်ခြမ်းသို့ ကူးလျှင် Gutleutstr. ကိုတွေ့ပါမည်။ 

နေ့စွဲ                    ။        ။ ဖေဖော်ဝါရီလ ၈ ၊၂၀၁၅ တနင်္ဂနွေနေ့    
အချိန်                   ။        ။ နံနက် ၁၁နာရီမှ ညနေ ၄နာရီထိ
      

Sonntag, 4. Januar 2015

ယဉ်ကျေးလိမ္မာသင်တန်း ပြီးဆုံးခြင်းအခမ်းအနားနှင့် ကလေးမိဘများ တွေ့ဆုံပွဲ




 အဆိုပါ အခမ်းအနားကို ဂျာမနီနိုင်ငံ၊ ဖရန့်ဖွတ်မြို့၊ ဓမ္မဒူတမြန်မာကျောင်းတွင် မြန်မာဗုဒ္ဓဘာသာဝင်များ စုပေါင်းပြီး ပျော်ပျော်ရွှင်ရွှင်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။ မနက်ပိုင်းတွင် သံဃာတော်များအား စုပေါင်းဆွမ်းကပ်ကြသည်။

 နေ့လယ် ၁၂ နာရီ နေ့လယ် ၁ နာရီအထိ ကလေးများ၊ မိဘများနှင့် မြန်မာဗုဒ္ဓဘာသာမိသားစုများ ပျော်ပျော်ပါးပါး နေ့လယ်စာ စားကြသည်။ နေ့လယ် ၁ နာရီခန့်တွင် အခမ်းအနားကို စတင်သည်။ အခမ်းအနားတွင် ငါးပါးသီလဆောက်တည်ခြင်း၊ သားသားမီးမီးများက မိဘများအား ရှိခိုးကန်တော့ခြင်း၊ ဆုတောင်းအမျှဝေခြင်း၊ သားသားမီးမီးတို့အား ဆုချီးမြှင့်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ပျော်စရာလည်း ကောင်းသကဲ့သို့ ကြည်နူးစရာလည်း ကောင်းလှပါသည်။ 

အထူးသဖြင့် သားသားမီးမီးတို့က မိဘများကို စုပေါင်းညီညာစွာ ကန်တော့ကြသည့်မြင်ကွင်းမှာ အလွန်တရာ ကြည်နူးပီတိဖြစ်စရာကောင်းပါသည်။ မိဘများအနေဖြင့် မျက်ရည်လည်ရသည်အထိ ကြည်နူးစရာပင် ဖြစ်သည်။ 

မျိုးဆက်သစ်လေးများကို ဗုဒ္ဓဘာသာအမွေအနှစ်များ လက်ဆင့်ကမ်းပေးဖို့ အရေးကြီးပုံများ၊ သီရိဓမ္မာသောကမင်းကြီးသည် သာသနာတော်အတွက် မြောက်မြားစွာ လုပ်ဆောင်ပေးခဲ့သော်လည်း သူ့ကို ဆက်ခံသော မျိုးဆက်ကို ဗုဒ္ဓဘာသာအမွေအနှစ်များ လက်ဆင့်ကမ်း မပေးနိုင်သည့်အတွက် သာသနာဆုတ်ယုတ်ရသလို သူကိုယ်တိုင်လည်း ခံစားခဲ့ရပုံများ၊ ယနေ့မိဘများအနေဖြင့် မိမိတို့၏ သားငယ်သမီးငယ်များကို ဘာသာရေး၊ ယဉ်ကျေးမှုအသိများ လက်ဆင့်ကမ်း မပေးနိုင်ပါက မိမိတို့ အိုမင်းမစွမ်းဖြစ်လာသည့်အခါ မိမိတို့၏ ဘာသာရေးဆောင်ရွက်ချက်များကို သားငယ်သမီးငယ်များက လှောင်ပြောင်သရော်ကြမှာဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာ က လမ်းညွှန်ပြသော နွေးထွေးသော၊ အေးချမ်းသော မိသားစုလေးများ ဖြစ်စေလိုလျှင် မိမိတို့၏ သားငယ်သမီးငယ်များကို ကောင်းမြတ်သောအမွေအနှစ်များ လက်ဆင့်ကမ်းပေးရမည်ဖြစ်ကြောင်း ... စသည်ဖြင့် အသိပေး ဟောပြောဖြစ်ခဲ့သည်။

 နောက်တစ်နှစ် ယဉ်ကျေးလိမ္မာသင်တန်းများ ကျင်းပမည့်ရက်ကို ညှိနှိုင်းပြီး တစ်နှစ်ထက်တစ်နှစ် ပိုမိုစည်ကားသော သင်တန်းများ ဖြစ်ပေါ်လာရေးအတွက် ဝိုင်းဝန်းကြိုးပမ်းကြဖို့ ပြောဆိုဆွေးနွေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။ အမေနေ့အခမ်းအနားရော၊ လွတ်လပ်ရေးနေ့အခမ်းအနားကိုပါ တစ်ပေါင်းတည်း ကျင်းပလိုက်ရသလို ဖြစ်သွားသည့်အတွက် ကလေးများလည်း ပျော်ကြသလို လူကြီးများလည်း ကြည်နူးရသော နေ့လေးတစ်နေ့ ဖြစ်ခဲ့ပါသည်။

ချမ်းမြေ့ကြပါစေ ....

Dienstag, 9. Dezember 2014

ယဉ်ကျေးလိမ္မာသင်တန်းနှင့်အဘိဓမ္မာသင်တန်း ပိတ်ပွဲ ကျင်းပမည်


ဂျာမနီနိုင်ငံ၊ ဖရန့်ဖွတ်မြို့၊ ဗုဒ္ဓဘာသာမြန်မာမိသားစုများ စုပေါင်းပြီး အပတ်စဉ် ယဉ်ကျေးလိမ္မာသင်တန်းနှင့်အဘိဓမ္မာသင်တန်းများ ကျင်းပလာရာ ယခုအခါ ၂ဝ၁၄ အတွက် သင်တန်းပိတ်ပွဲအခမ်းအနားကျင်းပချိန် ရောက်ရှိလာပါပြီ။

ကလေးမိဘများ၏ဆန္ဒအတိုင်း သင်တန်းများကို ၃ လခန့် ရပ်နားထားမည် ဖြစ်ပါသည်။ ၂ဝ၁၄ ခုနှစ် သင်တန်းပိတ်ပွဲအခမ်းအနားကို အောက်ပါအစီအစဉ်အတိုင်း စုပေါင်းညီညာစွာဖြင့် ကျင်းပပြုလုပ်သွားကြမည်ဖြစ်ပါ၍

ကလေးမိဘများနှင့် ဖရန့်ဖွတ်မြို့နေ ဗုဒ္ဓဘာသာဝင်မိသားစုများ မေတ္တာစေတနာ ရှေးရှုကာဖြင့် တက်ရောက်ချီးမြှင့်ပေးကြပါရန် လေးစားစွာ ဖိတ်မန္တကပြုအပ်ပါသည်။

ကျင်းပမည့်နေရာ နေရာ ။           ။ Clubraum 1 +2 Saalbau, Rottweiler Straße 32, 60327 Frankfurt am Main Hauptbahnhof မှ Straßebahn 12,16,21 စီးပြီး Baseler Platz မှတ်တိုင် ဆင်းပါ။ 




နေ့ရက် ။          ။ ၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်၊ တနင်္ဂနွေနေ့

 အစီအစဉ်

မနက် ၁ဝး ဝဝ .............................. အခမ်းအနားပြင်ဆင်ခြင်း
မနက် ၁ဝး ၃ဝ .............................. သံဃာတော်များအား စုပေါင်းဆွမ်းဆက်ကပ်လှူဒါန်းခြင်း
မနက် ၁၁း ၃ဝ .............................. ကလေးများနှင့် မိသားစုများအားလုံး နေ့လည်စာ 
                                                စားသောက်ခြင်း
နေ့လယ် ၁း ဝဝ ............................. အခမ်းအနား စတင်ခြင်းနှင့်ကလေးများအား 
                                                 ဆုများ ချီးမြှင့်ခြင်း
နေ့လယ် ၁း ၄၅ ............................. ဆက်လက်ကျင်းပမည့်သင်တန်းများ စသည်တို့နှင့် 
                                                 စပ်လျဉ်း၍
                                                  စုပေါင်းဆွေးနွေးကာ အကြံဉာဏ်များ ရယူခြင်း
                                                  နောင်ကျင်းပမည့်သင်တန်းရက်သတ်မှတ်အတည်ပြုခြင်း


လှူဒါန်းနိုင်သည့်အရာများ ............... အခမ်းအနားတွင် 

- သံဃာတော်များအတွက် ဆွမ်းအလှူ၊ ဆွမ်းဟင်းအလှူ၊ 
- ကြွရောက်လာမည့် သားသားမီးမီးများနှင့် မြန်မာမိသားစုဝင်များအတွက် အစားအသောက်အလှူ၊ 
- ကလေးများအတွက် ချီးမြှင့်လိုသည့်လက်ဆောင်ပစ္စည်းများ၊ 
- သံဃာတော်များအတွက် ဘေသဇ္ဇဒါန (ကျန်းမာရေးအာမခံ)အလှူ၊
- ကျောင်းဖြစ်မြောက်ရေးအလှူ .... 
 စသည်ဖြင့် မိမိတို့ အားသန်ရာ၊ သဒ္ဓါပေါက်ရာအလှူဒါနများကို ပြုလုပ်နိုင်ကြပါသည်။

အလှူရှင်များ

၁။ ဖရန့်ဖွတ်မြို့ရှိ ဒကာဒကာမများ စုပေါင်းအလှူငွေ ၂၇ဝ ယူရို
၂။ ဓမ္မဒူတမြန်မာကျောင်း ကလေးမိဘများ စုပေါင်းအလှူငွေ ၁၆ဝ ယူရို

ဆွမ်းဟင်းအလှူရှင်များ

၁။ ကိုဇော်ဝင်းလှိုင် + မတင်ယု မိသားစု                          အစိမ်းကြော်
၂။ မမာမာအောင် မိသားစု                                             ဝက်သားဟင်း
၃။ ကိုသန်းစိုး + မစုလေးနွယ် မိသားစု                            ငါးဖယ်ဟင်း
၎။ ကိုဂျူးနီ + မမေမြတ်နိုး မိသားစု                                 ကြက်သဲမြစ်ဟင်း
၅။ မခင်ညိုလွင် မိသားစု                                                 ပုဇွန်ဟင်း
၆။ ကိုမင်းထိုက် + မမာလာမင်း မိသားစု                         မုန်လာဥချဉ်ဟင်း
၇။ ကိုဖြိုးမင်းစိုး + မမြစန္ဒီ မိသားစု                                  ကြက်သားထောပတ်ဟင်း၊ ရွှေကြည်
၈။ မစပယ်လွင်                                                              အချိုရည်နှင့်အအေး
၉ ။ ကိုကျော်ကျော်နိုင် + မဥမ္မာညွန့် မိသားစု                  အချိုပွဲ
၁ဝ။ ကိုခင်မောင်ဆွေ + မနွဲ့ယဉ် မိသားစု                      ရှယ်ဟင်း
၁၁။ ဒေါ်ခင်သန်းနွယ်၊ သား ကိုဇင် မိသားစု                   မွန်ချက်ငါးချဉ်ရည်ဟင်း၊
                                                                                     ပြည်ကြီးငါးဟင်း
                                                                                     လက်ဖက်ပွဲ
၁၂။ ကိုအောင်အောင် + မစိမ့်စိမ့်လှိုင်၊သား သုတ          ရွှေကြည်ဆနွင်းမကင်း (အချိုပွဲ)
၁၃။ ကိုကြည်ဝင်း + မလင်းလင်းလက် မိသားစု             ဘဲသားအချိုပေါင်း


ဆက်သွယ်ရန် .....

၁။  0049 152 14489 565 (အရှင်ကုသလသာမိ)
၂။ 06998 666 860 (မမာလာမင်း)
၃။ 06947 869 269 (မဆုလေးနွယ် @ မလေးလေး)

Sonntag, 7. Dezember 2014

အပတ်စဉ် ယဉ်ကျေးလိမ္မာသင်တန်းနှင့် အဘိဓမ္မာသင်တန်း (ဝ၇၊ ၁၂၊ ၂ဝ၁၄)







အပတ်စဉ် ယဉ်ကျေးလိမ္မာသင်တန်းနှင့် အဘိဓမ္မာသင်တန်းကို ပုံမှန်အတိုင်း ကျင်းပခဲ့ကြသည်။ ဥရောပရာသီဥတုကလည်း တဖြည်းဖြည်း ပိုပိုအေးလာသည်။ ၃ ဒီဂရီမှ ၁ ဒီဂရီအထိ ဖြစ်လာသည်။ အအေးဓာတ်နှင့် အကျွမ်းတဝင် မဖြစ်ခဲ့သော အာရှသားများ တဟွတ်ဟွတ်ဖြစ်သူတွေ များလာသည်။ သို့သော်လည်း အအေးဓာတ်ကို အန်တု၍ ကလေးများနှင့်မိဘများ တက်ကြွစွာ လာရောက်ကြသည်။

ကလေးများနှင့်လူကြီးများအတွက် ကိုမင်းထိုက် + မမာလာမင်း၊ သား ဒီဒီမင်း၊ အောင်ဇေမင်း မိသားစုတို့က
အုန်းနို့ခေါက်ဆွဲနှင့် မုန့်များ၊ အချိုရည်များ အဝကျွေးမွေးကုသိုလ်ယူကြသည်။

စေတီတစ်ဆူတည်ရာမှာ အုတ်တစ်ချပ်ချင်း၊ တစ်ဆင့်ချင်း စနစ်တကျ တဖြည်းဖြည်းချင်း တည်ဆောက်ရသလို ကလေးများ၏နှလုံးသားမှာ ဘုရားတည်ဖို့ စိတ်ရှည်လက်ရှည်ဖြင့် တဖြည်းဖြည်းချင်း တည်ပေးရပေလိမ့်မည်။

မိသားစုနွေးထွေးမှု၊ မိဘဘိုးဘွားများအပေါ် ကြင်နာသနားခြင်း၊ ပြုစုလုပ်ကျွေးခြင်းစသည်တို့
ပါးလျစွာ တည်ရှိနေသော ဥရောပယဉ်ကျေးမှုအလယ်မှာ လူးလားမြောက်နေရသော ရင်သွေးငယ်များအတွက် ဗုဒ္ဓဘာသာမိသားစုတန်ဖိုးများ ကိန်းဝပ်စေရေးမှသည်
ရတနာသုံးပါးအပေါ် အလေးထားမှုစံနှုန်းများ ဖြစ်ထွန်းလာစေဖို့ ယခုထက်တိုး၍တိုး၍ ကြိုးစားရပေလိမ့်မည်။