Mittwoch, 12. September 2012

ဒွေဗြဟ္မဏသုတ်

သတ္တလောကကို အိုခြင်းမီး နာခြင်းမီး သေခြင်းမီးသည် စွဲလောင် အပ်၏၊ ချမ်းသာကို ဆောင်စွမ်းနိုင်သော ကုသိုလ်ကောင်းမှုကို ပေးလှူခြင်းဖြင့် ထုတ်ယူ ထားအပ်သည်သာတည်း၊ ပေးလှူအပ်ပြီးသော အလှူ 'ဒါန'သည် ကောင်းစွာ ထုတ်ယူ ထားအပ်ပြီး မည်၏။

ဤမျက်မှောက်ဘဝ၌...
ကိုယ်နှုတ် စိတ်ဖြင့် စောင့်စည်းခြင်းသည် လည်းကောင်း၊
အသက်ဝိညာဉ်ရှင်နေစဉ် ကောင်းမှုကို ပြုခြင်းသည် လည်းကောင်း
တမလွန်ဘဝသို့ ပြောင်းသွားသူအား ချမ်းသာခြင်းငှါ ဖြစ်သတည်း။

(၂ - ဒုတိယ ဒွေဗြာဟ္မဏသုတ်၊ ဗြဟ္မဏဝဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိရ်ပါဠိတော်။)

ရှင်ပြုမင်္ဂလာပွဲ