Dienstag, 9. Dezember 2014
ယဉ်ကျေးလိမ္မာသင်တန်းနှင့်အဘိဓမ္မာသင်တန်း ပိတ်ပွဲ ကျင်းပမည်
ဂျာမနီနိုင်ငံ၊ ဖရန့်ဖွတ်မြို့၊ ဗုဒ္ဓဘာသာမြန်မာမိသားစုများ စုပေါင်းပြီး အပတ်စဉ် ယဉ်ကျေးလိမ္မာသင်တန်းနှင့်အဘိဓမ္မာသင်တန်းများ ကျင်းပလာရာ ယခုအခါ ၂ဝ၁၄ အတွက် သင်တန်းပိတ်ပွဲအခမ်းအနားကျင်းပချိန် ရောက်ရှိလာပါပြီ။
ကလေးမိဘများ၏ဆန္ဒအတိုင်း သင်တန်းများကို ၃ လခန့် ရပ်နားထားမည် ဖြစ်ပါသည်။ ၂ဝ၁၄ ခုနှစ် သင်တန်းပိတ်ပွဲအခမ်းအနားကို အောက်ပါအစီအစဉ်အတိုင်း စုပေါင်းညီညာစွာဖြင့် ကျင်းပပြုလုပ်သွားကြမည်ဖြစ်ပါ၍
ကလေးမိဘများနှင့် ဖရန့်ဖွတ်မြို့နေ ဗုဒ္ဓဘာသာဝင်မိသားစုများ မေတ္တာစေတနာ ရှေးရှုကာဖြင့် တက်ရောက်ချီးမြှင့်ပေးကြပါရန် လေးစားစွာ ဖိတ်မန္တကပြုအပ်ပါသည်။
ကျင်းပမည့်နေရာ နေရာ ။ ။ Clubraum 1 +2 Saalbau, Rottweiler Straße 32, 60327 Frankfurt am Main Hauptbahnhof မှ Straßebahn 12,16,21 စီးပြီး Baseler Platz မှတ်တိုင် ဆင်းပါ။
နေ့ရက် ။ ။ ၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်၊ တနင်္ဂနွေနေ့
အစီအစဉ်
မနက် ၁ဝး ဝဝ .............................. အခမ်းအနားပြင်ဆင်ခြင်း
မနက် ၁ဝး ၃ဝ .............................. သံဃာတော်များအား စုပေါင်းဆွမ်းဆက်ကပ်လှူဒါန်းခြင်း
မနက် ၁၁း ၃ဝ .............................. ကလေးများနှင့် မိသားစုများအားလုံး နေ့လည်စာ
စားသောက်ခြင်း
နေ့လယ် ၁း ဝဝ ............................. အခမ်းအနား စတင်ခြင်းနှင့်ကလေးများအား
ဆုများ ချီးမြှင့်ခြင်း
နေ့လယ် ၁း ၄၅ ............................. ဆက်လက်ကျင်းပမည့်သင်တန်းများ စသည်တို့နှင့်
စပ်လျဉ်း၍
စုပေါင်းဆွေးနွေးကာ အကြံဉာဏ်များ ရယူခြင်း
နောင်ကျင်းပမည့်သင်တန်းရက်သတ်မှတ်အတည်ပြုခြင်း
လှူဒါန်းနိုင်သည့်အရာများ ............... အခမ်းအနားတွင်
- သံဃာတော်များအတွက် ဆွမ်းအလှူ၊ ဆွမ်းဟင်းအလှူ၊
- ကြွရောက်လာမည့် သားသားမီးမီးများနှင့် မြန်မာမိသားစုဝင်များအတွက် အစားအသောက်အလှူ၊
- ကလေးများအတွက် ချီးမြှင့်လိုသည့်လက်ဆောင်ပစ္စည်းများ၊
- သံဃာတော်များအတွက် ဘေသဇ္ဇဒါန (ကျန်းမာရေးအာမခံ)အလှူ၊
- ကျောင်းဖြစ်မြောက်ရေးအလှူ ....
စသည်ဖြင့် မိမိတို့ အားသန်ရာ၊ သဒ္ဓါပေါက်ရာအလှူဒါနများကို ပြုလုပ်နိုင်ကြပါသည်။
အလှူရှင်များ
၁။ ဖရန့်ဖွတ်မြို့ရှိ ဒကာဒကာမများ စုပေါင်းအလှူငွေ ၂၇ဝ ယူရို
၂။ ဓမ္မဒူတမြန်မာကျောင်း ကလေးမိဘများ စုပေါင်းအလှူငွေ ၁၆ဝ ယူရို
ဆွမ်းဟင်းအလှူရှင်များ
၁။ ကိုဇော်ဝင်းလှိုင် + မတင်ယု မိသားစု အစိမ်းကြော်
၂။ မမာမာအောင် မိသားစု ဝက်သားဟင်း
၃။ ကိုသန်းစိုး + မစုလေးနွယ် မိသားစု ငါးဖယ်ဟင်း
၎။ ကိုဂျူးနီ + မမေမြတ်နိုး မိသားစု ကြက်သဲမြစ်ဟင်း
၅။ မခင်ညိုလွင် မိသားစု ပုဇွန်ဟင်း
၆။ ကိုမင်းထိုက် + မမာလာမင်း မိသားစု မုန်လာဥချဉ်ဟင်း
၇။ ကိုဖြိုးမင်းစိုး + မမြစန္ဒီ မိသားစု ကြက်သားထောပတ်ဟင်း၊ ရွှေကြည်
၈။ မစပယ်လွင် အချိုရည်နှင့်အအေး
၉ ။ ကိုကျော်ကျော်နိုင် + မဥမ္မာညွန့် မိသားစု အချိုပွဲ
၁ဝ။ ကိုခင်မောင်ဆွေ + မနွဲ့ယဉ် မိသားစု ရှယ်ဟင်း
၁၁။ ဒေါ်ခင်သန်းနွယ်၊ သား ကိုဇင် မိသားစု မွန်ချက်ငါးချဉ်ရည်ဟင်း၊
ပြည်ကြီးငါးဟင်း
လက်ဖက်ပွဲ
၁၂။ ကိုအောင်အောင် + မစိမ့်စိမ့်လှိုင်၊သား သုတ ရွှေကြည်ဆနွင်းမကင်း (အချိုပွဲ)
၁၃။ ကိုကြည်ဝင်း + မလင်းလင်းလက် မိသားစု ဘဲသားအချိုပေါင်း
ဆက်သွယ်ရန် .....
၁။ 0049 152 14489 565 (အရှင်ကုသလသာမိ)
၂။ 06998 666 860 (မမာလာမင်း)
၃။ 06947 869 269 (မဆုလေးနွယ် @ မလေးလေး)
Sonntag, 7. Dezember 2014
အပတ်စဉ် ယဉ်ကျေးလိမ္မာသင်တန်းနှင့် အဘိဓမ္မာသင်တန်း (ဝ၇၊ ၁၂၊ ၂ဝ၁၄)
အပတ်စဉ် ယဉ်ကျေးလိမ္မာသင်တန်းနှင့် အဘိဓမ္မာသင်တန်းကို ပုံမှန်အတိုင်း ကျင်းပခဲ့ကြသည်။ ဥရောပရာသီဥတုကလည်း တဖြည်းဖြည်း ပိုပိုအေးလာသည်။ ၃ ဒီဂရီမှ ၁ ဒီဂရီအထိ ဖြစ်လာသည်။ အအေးဓာတ်နှင့် အကျွမ်းတဝင် မဖြစ်ခဲ့သော အာရှသားများ တဟွတ်ဟွတ်ဖြစ်သူတွေ များလာသည်။ သို့သော်လည်း အအေးဓာတ်ကို အန်တု၍ ကလေးများနှင့်မိဘများ တက်ကြွစွာ လာရောက်ကြသည်။
ကလေးများနှင့်လူကြီးများအတွက် ကိုမင်းထိုက် + မမာလာမင်း၊ သား ဒီဒီမင်း၊ အောင်ဇေမင်း မိသားစုတို့က
အုန်းနို့ခေါက်ဆွဲနှင့် မုန့်များ၊ အချိုရည်များ အဝကျွေးမွေးကုသိုလ်ယူကြသည်။
စေတီတစ်ဆူတည်ရာမှာ အုတ်တစ်ချပ်ချင်း၊ တစ်ဆင့်ချင်း စနစ်တကျ တဖြည်းဖြည်းချင်း တည်ဆောက်ရသလို ကလေးများ၏နှလုံးသားမှာ ဘုရားတည်ဖို့ စိတ်ရှည်လက်ရှည်ဖြင့် တဖြည်းဖြည်းချင်း တည်ပေးရပေလိမ့်မည်။
မိသားစုနွေးထွေးမှု၊ မိဘဘိုးဘွားများအပေါ် ကြင်နာသနားခြင်း၊ ပြုစုလုပ်ကျွေးခြင်းစသည်တို့
ပါးလျစွာ တည်ရှိနေသော ဥရောပယဉ်ကျေးမှုအလယ်မှာ လူးလားမြောက်နေရသော ရင်သွေးငယ်များအတွက် ဗုဒ္ဓဘာသာမိသားစုတန်ဖိုးများ ကိန်းဝပ်စေရေးမှသည်
ရတနာသုံးပါးအပေါ် အလေးထားမှုစံနှုန်းများ ဖြစ်ထွန်းလာစေဖို့ ယခုထက်တိုး၍တိုး၍ ကြိုးစားရပေလိမ့်မည်။
Sonntag, 30. November 2014
အပတ်စဉ် ယဉ်ကျေးလိမ္မာသင်တန်းနှင့် အဘိဓမ္မာသင်တန်း (၃ဝ၊ ၁၁၊ ၂ဝ၁၄)
ဂျာမနီရာသီဥတုက အတော်လေး အေးလာခဲ့ပါပြီ။
အနွေးထည်တွေ အထပ်ထပ် ဝတ်နေကြရပြီ။
ရာသီဥတုက အေးပေမဲ့ ဖရန့်ဖွတ်မြို့က ချစ်စရာ သားသားမီးမီးတို့ကတော့ ထုံးစံအတိုင်း အနွေးထည်တွေ၊ ခေါင်းစွပ်တွေ၊ ခြေအိတ်တွေ အများကြီးဝတ်ပြီး အပတ်စဉ် ယဉ်ကျေးလိမ္မာသင်တန်းကို လာရောက်ကြပါတယ်။
ကိုစိုးလွင် + မမင်းမင်းလှိုင် မိသားစုတို့ကလည်း မိမိတို့၏ သားငယ်များကို အနေဝေးသဖြင့် သင်တန်းမပို့နိုင်သော်လည်း ယဉ်ကျေးလိမ္မာသင်တန်းတက်ရောက်ကြသော သားသားမီးမီးတို့အတွက် အချိုရည်များနဲ့မုန့်များကို လာရောက်လှူဒါန်းသွားကြပါတယ်။
ကိုကြည်ဝင်း + မလင်းလင်းလက်၊ သမီး ရွှေရည်လင်းလက်၊ ကြယ်စင်လင်းလက် မိသားစုတို့ကလည်း သားသားမီးမီးများ၊ မိဘများ၊ မိတ်ဆွေများနဲ့ အဘိဓမ္မာသင်တန်းသားတို့ကို ကြာဆံချက်၊ အချိုရည်၊ မုန့်များနဲ့ အာဟာရဒါနပြုလုပ်ကြပါတယ်။
သားသားမီးမီးတို့နဲ့အတူ ကလေးလူကြီးအားလုံးက မုန့်တွေ၊ အချိုရည်တွေနဲ့ ကြာဆံချက်တွေကို အားရပါးရ စားကြသောက်ကြတော့ အလှူရှင်များလည်း ဝမ်းမြောက်ဝမ်းသာကြပါတယ်။
ကုသိုလ်စိတ်တွေနဲ့ ပြုံးပျော်ကြတဲ့နေ့လေးတစ်နေ့ ဖြစ်ခဲ့ပါတယ်။
ဘာသာအမွေ သာသနာအမွေကို လက်ဆင့်ကမ်းလိုကြတဲ့ မိဘတွေကို လေးစားရသလို ဘာသာအမွေ သာသနာအမွေကို ကမ်းယူကြတဲ့ သားသားမီးမီးများကိုလည်း ချစ်ခင်ရပါတယ်။ အဘက်ဘက်က ဝိုင်းဝန်းလှူဒါန်းကြတဲ့ စေတနာရှင်တွေနဲ့ မြန်မာစာကူညီသင်ပေးတဲ့ သမီး နှင်းမိုးလွင်နဲ့ ရွှေရည်လင်းလက်တို့ကိုလည်း ကျေးဇူးတင်ရပါတယ်။
ကိုဇော်ဝင်းလှိုင် + မတင်ယု၊ သမီး ယုလှိုင်အောင်နဲ့ အိသိင်္ဂီမိုး မိသားစုက
အရုဏ်ဆွမ်းနဲ့ဆေးပစ္စည်းများ တစ်ပတ်အတွင်း ၂ ကြိမ်တိုင်တိုင် လာရောက်လှူဒါန်းသွားကြတယ်။
ကိုမြင့်ဇော်မိသားစုတို့ကလည်း သားလေးတစ်နှစ်ပြည့်အနေနဲ့ နေ့ဆွမ်းလာရောက်ကပ်လှူသွားကြတယ်။
မမာလာမင်းမိသားစုတို့ကလည်း သားလေး ဒီဒီမင်း မွေးနေ့အထိမ်းအမှတ် နေ့ဆွမ်းဆက်ကပ်ပြီး ဖရန့်ဖွတ်နေ မြန်မာမိသားစုများကို ကျွေးမွေးဧည့်ခံကြတယ်။
ဂျာမနီနိုင်ငံ၊ ဖရန့်ဖွတ်မြို့က မြန်မာများအတွက် ကုသိုလ်တွေ စည်ကားတဲ့ ရက်သတ္တပတ်လို့ ဆိုရပါလိမ့်မယ်။
ချမ်းမြေ့ကြပါစေ
Freitag, 28. November 2014
ကျောင်းအလှူ
ဂျာမနီနိုင်ငံ၊ ဖရန့်ဖွတ်မြို့
ကိုစိုးလွင် + မမင်းမင်းလှိုင် တို့၏
သားငယ် မောင်လင်းခန့်လွင်၏
၃ နှစ်ပြည့်မွေးနေ့အလှူအဖြစ်
ယူရို ၁ဝဝ ကို
ဖရန့်ဖွတ်မြို့၊ ဓမ္မဒူတမြန်မာကျောင်းဖြစ်မြောက်ရေးအတွက်
ဝိဟာရဒါနအဖြစ်
သဒ္ဓါကြည်ဖြူဆက်ကပ်လှူဒါန်းသွားပါသဖြင့်
ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ရန် ကြေညာအပ်ပါသည်။
Sonntag, 16. November 2014
အပတ်စဉ် ယဉ်ကျေးလိမ္မာသင်တန်းနှင့် အဘိဓမ္မာသင်တန်း (၁၆၊ ၁၁၊ ၂ဝ၁၄)
ဂျာမနီနိုင်ငံ၊ ဖရန့်ဖွတ်မြို့
အပတ်စဉ်ယဉ်ကျေးလိမ္မာသင်တန်းနှင့်
အဘိဓမ္မာသင်တန်းကို
အုံ့အုံ့ဆိုင်းဆိုင်း၊ ထုံထုံထိုင်းထိုင်း၊
မှိုင်းမှိုင်းညို့ညို့နဲ့
နေမပွင့်တော့တဲ့ ဥရောပရာသီဥတုအောက်မှာ
ပုံမှန်အတိုင်း ဖွင့်လှစ်ခဲ့ပါတယ်။
ရာသီဥတုမသာယာပေမဲ့
သင်တန်းသားကလေးတွေနဲ့အတူ
စိတ်တွေတော့ ကြည်ရွှင်သာယာလှပါတယ်။
လေးနက်တဲ့ အဘိဓမ္မာတွေအကြောင်း
စိတ်ဝင်တစား ပြောရင်း
အသိတွေ တိုးရပါတယ်။
မွေးနေ့အလှူအဖြစ် မောင်ဉာဏ်က
ကလေးများနှင့်လူကြီးများအား
မုန့်မျိုးစုံနှင့် ဒန်ပေါက်ထမင်းများ ကျွေးမွေးလှူဒါန်းခဲ့ပါတယ်။
ကျက်သရေဖြာတဲ့နေ့တစ်နေ့ပါပဲ။
အားလုံးချမ်းမြေ့သာယာရှိပါစေ ...
Sonntag, 9. November 2014
အပတ်စဉ် ယဉ်ကျေးလိမ္မာသင်တန်းနှင့် အဘိဓမ္မာသင်တန်း (၀၉၊ ၁၁၊ ၂ဝ၁၄)
ဂျာမနီနိုင်ငံ၊ ဖရန့်ဖွတ်မြို့မှ
အပတ်စဉ် ယဉ်ကျေးလိမ္မာသင်တန်း။
ကလေးများ တရားထိုင်ကြသည်။
ဘုရားစာရွတ်ဖတ်ကြသည်။
မုန့်တွေ စားကြသည်။
လူကြီးများက ကြည့်ပြီး ကြည်နူးကြသည်။
ကိုဇော်ဝင်းလှိုင် + မတင်ယု မိသားစု၊
ကိုသန်းဝင်း + မဝင်းခိုင်ဖြိုး မိသားစု၊
ကိုဖြိုးမင်းစိုး + မမြစန္ဒီ မိသားစုတို့က
မုန့်များ လှူကြ၊ ကျွေးမွေးကြသည်။
လူကြီးများက အဘိဓမ္မာသင်ကြသည်။
အားလုံး တာဝန်ကျေကြပါသည်။
ဂျာမနီမှာ သာသနာထွန်းစေဖို့
ပေါင်းစုကာ အားထုတ်ကြပါမည်။
အရှင်ကုသလသာမိ(အတည်မဲ့)
ဝ၉၊ ၁၁၊ ၂ဝ၁၄
Mittwoch, 5. November 2014
ကထိန်ပွဲအခမ်းအနား အလှူငွေစာရင်းရှင်းတမ်း (၂ဝ၁၄)
၂ဝ၁၄ ခုနှစ်၊
နိုဝင်ဘာလ ၂ ရက်နေ့ ဓမ္မဒူတမြန်မာကျောင်း ကထိန်ပွဲအခမ်းအနား
- စုစုပေါင်း
အလှူခံ ရရှိငွေ 2485 ယူရို
ကုန်ကျငွေ
- သံဃာတော်များ
ခရီးစရိတ်နှင့် နဝကမ္မအလှူငွေ 1425 ယူရို
- အထွေထွေအသုံးစရိတ်
(တိပ်၊ သင်္ကန်းပုံးများ) 77,94 ယူရို
- စုစုပေါင်းကုန်ကျငွေ 1502,94 ယူရို
- လက်ကျန်အလှူငွေ
စုစုပေါင်း 982,06 ယူရို
အသေးစိတ် သိလိုပါက
ဖုန်း ....
+49 692 4404 258
+49 173 1535 014
+49 172 2750 691
အသေးစိတ် သိလိုပါက
ဖုန်း ....
+49 692 4404 258
+49 173 1535 014
+49 172 2750 691
Abonnieren
Posts (Atom)