သာဝတ္ထိမြို့တော်မှ အာနန္ဒာမည်သော သူဋ္ဌေးကြီးတစ်ဦးသည် ကုဋေလေးဆယ်ကြွယ်ဝပါသော်လည်း အလွန်တရာကပ်စေးနှဲသည် ဖြစ်၍
မိမိသား မူလသီရိအား၊ ရှိနေသောဥစ္စာကို သူတစ်ပါးအား မပေးရန်၊
အသစ်အသစ်သောဥစ္စာကို တိုးပွားအောင်ကြိုးစားရန်၊ တစ်ကျပ်တစ်ပြားကိုမျှ
အကျိုးမဲ့ကုန်ခမ်းအောင် မပြုလုပ်ရန်၊ ဤသုံးချက်သော အဆုံးအမကို
ပေးလေ့ရှိသည်။
တစ်နေ့သောအခါ
သူဋ္ဌေးကြီးကွယ်လွန်၍၊ မြို့တံခါးအနီး စဏ္ဍာလရွာတစ်ရွာရှိ
စဏ္ဍာလအမျိုးသမီးတစ်ယောက်ထံတွင် ပဋိသန္ဓေတည်နေ၏။ ထိုသူငယ်
ပဋိသန္ဓေတည်နေသည်မှစ၍၊ စဏ္ဍာလအမျိုးအနွယ်ဝင် တစ်ထောင်တို့သည် အခစားအလုပ်များ
မရကြတော့ပေ။ ထမင်းကျန် ဟင်းကျန်ကိုမျှ ၀လင်အောင်မစားရတော့ပေ။
သို့ဖြစ်၍
လူတစ်ထောင်ကို ထက်ဝက်စီခွဲ၍ ဆင့်ကာဆင့်ကာ သူယုတ်မာကို ရှာဖွေကြလေရာ၊
ထိုသူငယ်ကို ကိုယ်ဝန်ဆောင်ရသူပါသော အုပ်စုသည်၊ ငတ်ပြတ်ဆင်းရဲသည်ချည်း
ဖြစ်နေ၏။
ဤသို့ဖြင့် ထိုအမျိုးသမီးတစ်ယောက်တည်းကိုပင် သူယုတ်မာဖြစ်ကြောင်း တွေ့ကြ၍၊ အားလုံးက နှင်ထုတ်လိုက်ကြလေသည်။
စဏ္ဍာလအမျိုးသမီးသည် ရုပ်ဆိုးလှသောသားတစ်ယောက်ကို ဖွားမြင်ပါသော်လည်း၊
မိခင်စိတ်ဖြင့် မစွန့်ပစ်နိုင်ဘဲ နို့ချိုတိုက်ကျွေး မွေးမြူရ၏။
သို့ရာတွင်၊ ထိုကလေးနှင့်အတူတကွ လှည့်လည်တောင်းခံ ရာတွင်၊ ဘာတစ်ခုမှ မရပေ။
ကလေးကိုထားခဲ့ပြီး တောင်းခံပါမှ စားဖွယ်များ ရရှိ၏။ ဤသို့ဖြင့် နေလာကြ၍၊
ထိုကလေး မိမိဘာသာ ရှာဖွေစားသောက် နိုင်သောအချိန်တွင်၊ မိခင်က တစ်ခြားခွဲ၍
လွှတ်လိုက်ရ၏။ သူငယ်သည် တစ်အိမ်ပြီးတစ်အိမ် လှည့်လည်တောင်းရမ်းစားသောက်နေရာ . .
တစ်နေ့တွင် အာနန္ဒာသူဋ္ဌေးကြီးဘ၀က နေခဲ့သောအိမ်ကြီးသို့ ဆိုက်ရောက်လာလေသည်။
အိမ်ကြီးရှေ့ရောက်သည်နှင့် သူငယ်သည် ရှေးဘ၀ကိုအောက်မေ့နိုင်သော
ဇာတိဿရဉာဏ်ကို ရလာ၏။ အာနန္ဒာသူဋ္ဌေးကြီး ကွယ်လွန်ပြီးနောက် ကောသလမင်းကြီးက
သူဋ္ဌေးသား မူလသီရိအား အမွေဆက်ခံရန် အမိန့်ချမှတ်ပေးသဖြင့်၊
ယခုထိုအိမ်ကြီးသည် မူလသီရိသူဋ္ဌေး၏ အိမ်ကြီးဖြစ်နေ၏။ သူငယ်မှာကား
ဤသဘောများကို တွေးတောမနေဘဲ၊ မိမိနေခဲ့ဖူးသောအိမ်အဖြစ် တန်းတန်းမတ်မတ်
ဝင်သွားလေရာ၊ သူဋ္ဌေး၏အမှုထမ်းတို့က ရိုက်ပုတ်ကြပြီးလျှင် အမှိုက်ပုံနားတွင်
စွန့်ပစ်ထားခဲ့ကြလေသည်။
ထိုအချိန်တွင်ကား ဘုရားရှင်သည် အရှင်အာနန္ဒာနှင့်အတူ သာဝတ္ထိမြို့တော်အတွင်းသို့ ဆွမ်းခံကြွစဉ် ထိုသူငယ်ကိုတွေ့မြင်လေရာ
ထိုသူငယ်၏ ဘ၀နောက်ကြောင်းကို ဟောတော်မူ၏။ ဤတွင် အရှင်အာနန္ဒာသည် မူလသီရိသူဋ္ဌေးကို ခေါ်ယူကာ သူငယ်ကိုပြပြီးလျှင်
"ဒါယကာသူဋ္ဌေး - ဤသူငယ်ကား သင့်ဖခင် အာနန္ဒာသူဋ္ဌေးကြီးပေတည်း" ဟု မိန့်ကြား၏။
မူလသီရိသူဋ္ဌေးက အရှင်အာနန္ဒာ၏စကားကို မယုံနိုင်ဘဲရှိလေရာ၊
အာနန္ဒာသူဋ္ဌေးကြီးဘ၀တုန်းက နှမြောလှသဖြင့် သားကိုမပြောဘဲထားသော
ရွှေအိုးကြီးငါးလုံးကို ညွှန်ပြပေးရန်၊ သူငယ်အားမိန့်ကြားလိုက်၏။ သူငယ်ကလည်း
ယခင်ဘ၀က မိမိမြှုပ်ထားခဲ့သော ရွှေအိုးကြီးငါးလုံး၏ နေရာကို ညွန်ပြ၏။
ဤတွင်မှ မူလသီရိသူဋ္ဌေးသည် ဘုရားရှင်ကို ဆည်းကပ်လာသဖြင့်၊ ဘုရားရှင်က အောက်ပါဒေသနာတော်ကို ဟောကြားတော်မူလေသတည်း။
"ငါ့အား သားသမီးတို့ ရှိကုန်၏၊ ဥစ္စာတို့ ရှိကုန်၏ဟူ၍ . .
လူမိုက်သည် သာယာစွဲလမ်းမှုဖြင့် ဆင်းရဲပင်ပန်းရ၏။ "
"အမှန်အားဖြင့်၊ မိမိအား အတ္တဟူ၍ မရှိပါဘဲလျက် . .
အဘယ်မှာ မိမိ၏သားသမီး ရှိပေမည်နည်း။
အဘယ်မှာ မိမိဥစ္စာ ရှိပေမည်နည်း။"
( ဓမ္မပဒ၊ ဗာလ၀ဂ်-အာနန္ဒသေဋ္ဌိ ၀တ္ထု )
သာဝတ္ထိမြို့တော်မှ အာနန္ဒာမည်သော သူဋ္ဌေးကြီးတစ်ဦးသည် ကုဋေလေးဆယ်ကြွယ်ဝပါသော်လည်း အလွန်တရာကပ်စေးနှဲသည် ဖြစ်၍
မိမိသား မူလသီရိအား၊ ရှိနေသောဥစ္စာကို သူတစ်ပါးအား မပေးရန်၊ အသစ်အသစ်သောဥစ္စာကို တိုးပွားအောင်ကြိုးစားရန်၊ တစ်ကျပ်တစ်ပြားကိုမျှ အကျိုးမဲ့ကုန်ခမ်းအောင် မပြုလုပ်ရန်၊ ဤသုံးချက်သော အဆုံးအမကို ပေးလေ့ရှိသည်။
တစ်နေ့သောအခါ သူဋ္ဌေးကြီးကွယ်လွန်၍၊ မြို့တံခါးအနီး စဏ္ဍာလရွာတစ်ရွာရှိ စဏ္ဍာလအမျိုးသမီးတစ်ယောက်ထံတွင် ပဋိသန္ဓေတည်နေ၏။ ထိုသူငယ် ပဋိသန္ဓေတည်နေသည်မှစ၍၊ စဏ္ဍာလအမျိုးအနွယ်ဝင် တစ်ထောင်တို့သည် အခစားအလုပ်များ မရကြတော့ပေ။ ထမင်းကျန် ဟင်းကျန်ကိုမျှ ၀လင်အောင်မစားရတော့ပေ။
သို့ဖြစ်၍ လူတစ်ထောင်ကို ထက်ဝက်စီခွဲ၍ ဆင့်ကာဆင့်ကာ သူယုတ်မာကို ရှာဖွေကြလေရာ၊ ထိုသူငယ်ကို ကိုယ်ဝန်ဆောင်ရသူပါသော အုပ်စုသည်၊ ငတ်ပြတ်ဆင်းရဲသည်ချည်း ဖြစ်နေ၏။
ဤသို့ဖြင့် ထိုအမျိုးသမီးတစ်ယောက်တည်းကိုပင် သူယုတ်မာဖြစ်ကြောင်း တွေ့ကြ၍၊ အားလုံးက နှင်ထုတ်လိုက်ကြလေသည်။
စဏ္ဍာလအမျိုးသမီးသည် ရုပ်ဆိုးလှသောသားတစ်ယောက်ကို ဖွားမြင်ပါသော်လည်း၊ မိခင်စိတ်ဖြင့် မစွန့်ပစ်နိုင်ဘဲ နို့ချိုတိုက်ကျွေး မွေးမြူရ၏။ သို့ရာတွင်၊ ထိုကလေးနှင့်အတူတကွ လှည့်လည်တောင်းခံ ရာတွင်၊ ဘာတစ်ခုမှ မရပေ။ ကလေးကိုထားခဲ့ပြီး တောင်းခံပါမှ စားဖွယ်များ ရရှိ၏။ ဤသို့ဖြင့် နေလာကြ၍၊ ထိုကလေး မိမိဘာသာ ရှာဖွေစားသောက် နိုင်သောအချိန်တွင်၊ မိခင်က တစ်ခြားခွဲ၍ လွှတ်လိုက်ရ၏။ သူငယ်သည် တစ်အိမ်ပြီးတစ်အိမ် လှည့်လည်တောင်းရမ်းစားသောက်နေရာ . .
တစ်နေ့တွင် အာနန္ဒာသူဋ္ဌေးကြီးဘ၀က နေခဲ့သောအိမ်ကြီးသို့ ဆိုက်ရောက်လာလေသည်။
အိမ်ကြီးရှေ့ရောက်သည်နှင့် သူငယ်သည် ရှေးဘ၀ကိုအောက်မေ့နိုင်သော ဇာတိဿရဉာဏ်ကို ရလာ၏။ အာနန္ဒာသူဋ္ဌေးကြီး ကွယ်လွန်ပြီးနောက် ကောသလမင်းကြီးက သူဋ္ဌေးသား မူလသီရိအား အမွေဆက်ခံရန် အမိန့်ချမှတ်ပေးသဖြင့်၊ ယခုထိုအိမ်ကြီးသည် မူလသီရိသူဋ္ဌေး၏ အိမ်ကြီးဖြစ်နေ၏။ သူငယ်မှာကား ဤသဘောများကို တွေးတောမနေဘဲ၊ မိမိနေခဲ့ဖူးသောအိမ်အဖြစ် တန်းတန်းမတ်မတ် ၀င်သွားလေရာ၊ သူဋ္ဌေး၏အမှုထမ်းတို့က ရိုက်ပုတ်ကြပြီးလျှင် အမှိုက်ပုံနားတွင် စွန့်ပစ်ထားခဲ့ကြလေသည်။
ထိုအချိန်တွင်ကား ဘုရားရှင်သည် အရှင်အာနန္ဒာနှင့်အတူ သာဝတ္ထိမြို့တော်အတွင်းသို့ ဆွမ်းခံကြွစဉ် ထိုသူငယ်ကိုတွေ့မြင်လေရာ
ထိုသူငယ်၏ ဘ၀နောက်ကြောင်းကို ဟောတော်မူ၏။ ဤတွင် အရှင်အာနန္ဒာသည် မူလသီရိသူဋ္ဌေးကို ခေါ်ယူကာ သူငယ်ကိုပြပြီးလျှင်
"ဒါယကာသူဋ္ဌေး - ဤသူငယ်ကား သင့်ဖခင် အာနန္ဒာသူဋ္ဌေးကြီးပေတည်း" ဟု မိန့်ကြား၏။
မူလသီရိသူဋ္ဌေးက အရှင်အာနန္ဒာ၏စကားကို မယုံနိုင်ဘဲရှိလေရာ၊ အာနန္ဒာသူဋ္ဌေးကြီးဘ၀တုန်းက နှမြောလှသဖြင့် သားကိုမပြောဘဲထားသော ရွှေအိုးကြီးငါးလုံးကို ညွှန်ပြပေးရန်၊ သူငယ်အားမိန့်ကြားလိုက်၏။ သူငယ်ကလည်း ယခင်ဘ၀က မိမိမြှုပ်ထားခဲ့သော ရွှေအိုးကြီးငါးလုံး၏ နေရာကို ညွန်ပြ၏။
ဤတွင်မှ မူလသီရိသူဋ္ဌေးသည် ဘုရားရှင်ကို ဆည်းကပ်လာသဖြင့်၊ ဘုရားရှင်က အောက်ပါဒေသနာတော်ကို ဟောကြားတော်မူလေသတည်း။
"ငါ့အား သားသမီးတို့ ရှိကုန်၏၊ ဥစ္စာတို့ ရှိကုန်၏ဟူ၍ . .
လူမိုက်သည် သာယာစွဲလမ်းမှုဖြင့် ဆင်းရဲပင်ပန်းရ၏။ "
"အမှန်အားဖြင့်၊ မိမိအား အတ္တဟူ၍ မရှိပါဘဲလျက် . .
အဘယ်မှာ မိမိ၏သားသမီး ရှိပေမည်နည်း။
အဘယ်မှာ မိမိဥစ္စာ ရှိပေမည်နည်း။"
( ဓမ္မပဒ၊ ဗာလ၀ဂ်-အာနန္ဒသေဋ္ဌိ ၀တ္ထု )
မိမိသား မူလသီရိအား၊ ရှိနေသောဥစ္စာကို သူတစ်ပါးအား မပေးရန်၊ အသစ်အသစ်သောဥစ္စာကို တိုးပွားအောင်ကြိုးစားရန်၊ တစ်ကျပ်တစ်ပြားကိုမျှ အကျိုးမဲ့ကုန်ခမ်းအောင် မပြုလုပ်ရန်၊ ဤသုံးချက်သော အဆုံးအမကို ပေးလေ့ရှိသည်။
တစ်နေ့သောအခါ သူဋ္ဌေးကြီးကွယ်လွန်၍၊ မြို့တံခါးအနီး စဏ္ဍာလရွာတစ်ရွာရှိ စဏ္ဍာလအမျိုးသမီးတစ်ယောက်ထံတွင် ပဋိသန္ဓေတည်နေ၏။ ထိုသူငယ် ပဋိသန္ဓေတည်နေသည်မှစ၍၊ စဏ္ဍာလအမျိုးအနွယ်ဝင် တစ်ထောင်တို့သည် အခစားအလုပ်များ မရကြတော့ပေ။ ထမင်းကျန် ဟင်းကျန်ကိုမျှ ၀လင်အောင်မစားရတော့ပေ။
သို့ဖြစ်၍ လူတစ်ထောင်ကို ထက်ဝက်စီခွဲ၍ ဆင့်ကာဆင့်ကာ သူယုတ်မာကို ရှာဖွေကြလေရာ၊ ထိုသူငယ်ကို ကိုယ်ဝန်ဆောင်ရသူပါသော အုပ်စုသည်၊ ငတ်ပြတ်ဆင်းရဲသည်ချည်း ဖြစ်နေ၏။
ဤသို့ဖြင့် ထိုအမျိုးသမီးတစ်ယောက်တည်းကိုပင
စဏ္ဍာလအမျိုးသမီးသည် ရုပ်ဆိုးလှသောသားတစ်ယောက်ကို ဖွားမြင်ပါသော်လည်း၊ မိခင်စိတ်ဖြင့် မစွန့်ပစ်နိုင်ဘဲ နို့ချိုတိုက်ကျွေး မွေးမြူရ၏။ သို့ရာတွင်၊ ထိုကလေးနှင့်အတူတကွ လှည့်လည်တောင်းခံ ရာတွင်၊ ဘာတစ်ခုမှ မရပေ။ ကလေးကိုထားခဲ့ပြီး တောင်းခံပါမှ စားဖွယ်များ ရရှိ၏။ ဤသို့ဖြင့် နေလာကြ၍၊ ထိုကလေး မိမိဘာသာ ရှာဖွေစားသောက် နိုင်သောအချိန်တွင်၊ မိခင်က တစ်ခြားခွဲ၍ လွှတ်လိုက်ရ၏။ သူငယ်သည် တစ်အိမ်ပြီးတစ်အိမ် လှည့်လည်တောင်းရမ်းစားသောက်နေရာ
တစ်နေ့တွင် အာနန္ဒာသူဋ္ဌေးကြီးဘ၀က နေခဲ့သောအိမ်ကြီးသို့ ဆိုက်ရောက်လာလေသည်။
အိမ်ကြီးရှေ့ရောက်သည်နှင့် သူငယ်သည် ရှေးဘ၀ကိုအောက်မေ့နိုင်သော ဇာတိဿရဉာဏ်ကို ရလာ၏။ အာနန္ဒာသူဋ္ဌေးကြီး ကွယ်လွန်ပြီးနောက် ကောသလမင်းကြီးက သူဋ္ဌေးသား မူလသီရိအား အမွေဆက်ခံရန် အမိန့်ချမှတ်ပေးသဖြင့်၊ ယခုထိုအိမ်ကြီးသည် မူလသီရိသူဋ္ဌေး၏ အိမ်ကြီးဖြစ်နေ၏။ သူငယ်မှာကား ဤသဘောများကို တွေးတောမနေဘဲ၊ မိမိနေခဲ့ဖူးသောအိမ်အဖြစ် တန်းတန်းမတ်မတ် ၀င်သွားလေရာ၊ သူဋ္ဌေး၏အမှုထမ်းတို့က ရိုက်ပုတ်ကြပြီးလျှင် အမှိုက်ပုံနားတွင် စွန့်ပစ်ထားခဲ့ကြလေသည်။
ထိုအချိန်တွင်ကား ဘုရားရှင်သည် အရှင်အာနန္ဒာနှင့်အတူ သာဝတ္ထိမြို့တော်အတွင်းသို့ ဆွမ်းခံကြွစဉ် ထိုသူငယ်ကိုတွေ့မြင်လေရာ
ထိုသူငယ်၏ ဘ၀နောက်ကြောင်းကို ဟောတော်မူ၏။ ဤတွင် အရှင်အာနန္ဒာသည် မူလသီရိသူဋ္ဌေးကို ခေါ်ယူကာ သူငယ်ကိုပြပြီးလျှင်
"ဒါယကာသူဋ္ဌေး - ဤသူငယ်ကား သင့်ဖခင် အာနန္ဒာသူဋ္ဌေးကြီးပေတည်း" ဟု မိန့်ကြား၏။
မူလသီရိသူဋ္ဌေးက အရှင်အာနန္ဒာ၏စကားကို မယုံနိုင်ဘဲရှိလေရာ၊ အာနန္ဒာသူဋ္ဌေးကြီးဘ၀တုန်းက နှမြောလှသဖြင့် သားကိုမပြောဘဲထားသော ရွှေအိုးကြီးငါးလုံးကို ညွှန်ပြပေးရန်၊ သူငယ်အားမိန့်ကြားလိုက်၏။ သူငယ်ကလည်း ယခင်ဘ၀က မိမိမြှုပ်ထားခဲ့သော ရွှေအိုးကြီးငါးလုံး၏ နေရာကို ညွန်ပြ၏။
ဤတွင်မှ မူလသီရိသူဋ္ဌေးသည် ဘုရားရှင်ကို ဆည်းကပ်လာသဖြင့်၊ ဘုရားရှင်က အောက်ပါဒေသနာတော်ကို ဟောကြားတော်မူလေသတည်း။
"ငါ့အား သားသမီးတို့ ရှိကုန်၏၊ ဥစ္စာတို့ ရှိကုန်၏ဟူ၍ . .
လူမိုက်သည် သာယာစွဲလမ်းမှုဖြင့် ဆင်းရဲပင်ပန်းရ၏။ "
"အမှန်အားဖြင့်၊ မိမိအား အတ္တဟူ၍ မရှိပါဘဲလျက် . .
အဘယ်မှာ မိမိ၏သားသမီး ရှိပေမည်နည်း။
အဘယ်မှာ မိမိဥစ္စာ ရှိပေမည်နည်း။"
( ဓမ္မပဒ၊ ဗာလ၀ဂ်-အာနန္ဒသေဋ္ဌိ ၀တ္ထု )
Keine Kommentare:
Kommentar veröffentlichen