“သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်၊
သောင်းခွင်စကြာဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊
ရတုနဂိုရ်၊ ရွှန်းရွှန်းစိုသည်၊
ဝါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်၊
နတ်လူငြိမ်းဘို့၊ ကိန်းပါကို”
“ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ဝယ်၊
ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ ဆယ့်သုံးနှစ်လျှင်၊
ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊
နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊၊ သံဝေပိုက၊ ၀ါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊
ချမ်းမြေ့ရဂုံ၊ တောရိပ်လှုံသည်၊ စုံမြိုင်ပင်ရိပ်ခန်းမှာကို”
“ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြ်ာရွှေဖွါး၊
ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတစ်သောင်း၊ တိုက်အပေါင်းမှ၊
ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ၀ါဆိုလပြည့်၊
စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်၊
တရားနတ်စည်၊ ရွှန်းတယ်ကို”
ဓမ္မစကြ်ာတရားတော် ပောာကြားတော်မူသောနေ့ပာူသော ထူးမြတ်သောအဖြစ်အပျက် (၃)ခုနှင့်တိုက်ဆိုင်သော နေ့ထူးနေ့မြတ် ဖြစ်ပါသည်။
ဓမ္မမိတ်ဆွေ အပေါင်းတို့ခင်ဗျား ....
ထိုကဲ့သို့ ထူးမြတ်သော ဝါဆိုလပြည့်(ဓမ္မကြ်ာအခါတော်နေ့) အခါသမယအထိမ်းအမှတ် အခမ်းအနားကို
ဓမ္မဒူတဗုဒ္ဓဘာသာမြန်မာအသင်းမှ စုပေါင်းညီညာစွာဖြင့် နှစ်စဉ်ကျင်းပပူဇော်မြဲဖြစ်ပါသည်။
ယခုနှစ်တွင်လည်း ယခင်နှစ်များအတိုင်း စုစုစည်းစည်း ညီညီညာညာ ပျော်ရွှင်စွာဖြင့် အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသောကြောင့် ကြွရောက်ကုသိုလ်ယူနိုင်ကြပါရန် နိဗ္ဗာန်အကျိုးမျှော် နှိုးဆော်တိုက်တွန်းလိုက်ပါသည် ....... ဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျား .......
အစီအစဉ် ...........
နေ့ရက်
၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်၊ တနင်္ဂနွေနေ့
အချိန်
နံနက်
၁၁းဝဝ - ဗုဒ္ဓမြတ်စွာဘုရားအား စုပေါင်းဆွမ်းတော်ကပ်လှူခြင်း
နံနက်
၁၁း၁၅ - သံဃာတော်အရှင်မြတ်များအား ဆွမ်းကပ်လှူခြင်း
နေ့လည်
၁၂းဝဝ - တရားနာကြွရောက်လာသော အလှူ ရှင်ဓမ္မမိတ်ဆွေအပေါင်းအား
အစားအသောက်များဖြင့် ဧည့်ခံကျွေးမွေးခြင်း
အစားအသောက်များဖြင့် ဧည့်ခံကျွေးမွေးခြင်း
နေ့လည်
၁းဝဝ - ဓမ္မဒူတမြန်မာဗုဒ္ဓဘာသာအသင်းမှ ဓမ္မကြ်ာ ရွတ်ဖတ်ပူဇော်ခြင်း
နေ့လည်
၁း၃ဝ - ၀ါဆိုသင်္ကန်း ကပ်လှူ ပူဇော်ခြင်း၊ သံဃာတော်အရှင်သူမြတ်များထံမှ
ငါးပါးသီလခံယူခြင်း
နေ့လည်
၁း၄၅ - သံဃာတော်အရှင်သူမြတ်များမှ နှိဗ္ဗာန်ရောက်ကြောင်း
တရားတော်များ နာယူခြင်း
နေ့လည်
၃း၃ဝ - စုပေါင်းအမျှဝေခြင်းနှင့် အခမ်းအနားပြီးဆုံးခြင်း
နေရာ........
Saalbau Gutleut ခန်းမ,
Rottweiler Straße 32,
60327 Frankfurt am Main
Hauptbahnhof မှ Straßebahn 12,16,21 စီးပြီး Baseler Platz
မှတ်တိုင် ဆင်းပါ။
မှတ်ချက်။ ။ဓမ္မကြ်ာ ရွတ်ဖတ် နိုင်ရန် စာအုပ်များ ယူဆောင်လာကြပါရန်
ဝါဆိုလပြည့်အခါသမယ အထိမ်းအမှတ်ပွဲ အလှူ ရှင်များ
၁။ မစံပယ်လွင် မိသားစု - သောက်ရေ နှင့် အအေးအလှူ
၂။ ဓမ္မဒူတအသင်း - ကြက်ဆီထမင်းအလှူ
၃။ ဒေါ်ခင်မာလွင် မိသားစု - အမဲနှပ်ဟင်းအလှူ
၎။ ကိုကျော် + မစု မိသားစု - ဘုရားပန်း၊ ပန်းအလှူ
၅။ ကိုမင်းဦး + မပြုံးပြုံးနိုင် မိသားစု - ကျောက်ကျောနှင့် ဝက်ခေါင်းသုပ်အလှူ
၆။ ကိုအောင်အောင် + မစိမ့်စိမ့်လှိုင် သား မောင်သုတ မိသားစု - ရွှေရင်အေးအလှူ
၇။ ဦးလှစု + ဒေါ်စိုးစိုးသိမ်း မိသားစု - ကြက်ဥပူတင်းအလှူ
၈။ မခင်သူဇာ မိသားစု - ပဲပင်ပေါက်၊ ပဲပြားကြော်အလှူ
၉။ ကိုခင်မောင်ဆွေ + ဒေါ်နွဲ့ယဉ်ယဉ် သားကြီးထက်၊ သားငယ်ကျော် - အားဖြည့်အချိုရည်အလှူ
၁ဝ။ ကိုတိုးအောင်ထွန်း + မအေးအေးကြည် သား ကိုခန့် မိသားစု - သစ်သီးစုံအချိုပွဲအလှူ
၁၁။ ကိုကျော်စိန်ဝင်း + မကြည်ကြည်ခင် သား အာကာမင်း - ပုဇွန်ဆီပြန်ဟင်းအလှူ
၁၂။ ဦးတင်ဖေ + ဒေါ်အုန်းမမ မိသားစု - ဘဲပေါင်းဟင်းအလှူ
များကို အသီးသီး လှူဒါန်းကြမည်ဖြစ်ကြောင်း စာရင်းပေးထားကြပါပြီ။
သဒ္ဓါကြည်လင် ပါရမီရှင်များအနေဖြင့် ဆရာတော်သံဃာတော်များနှင့် ကြွရောက်လာကြသော ဧည့်ပရိသတ်အပေါင်းတို့အား မိမိတို့ တက်စွမ်းသမျှ ကုသိုလ်ပါဝင်လှူဒါန်းကြပါရန်လည်း တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။
အကျိုးဆောင်များ
Keine Kommentare:
Kommentar veröffentlichen