Mittwoch, 15. Oktober 2014
ကထိန်အလှူမင်္ဂလာ ဖိတ်ကြားလွှာ
အလှူမှာ ကထိန်၊ ဆွမ်းမှာ ပိဏ်၊ ရတနာမှာ စိန်၊ ကျောင်းမှာ သိမ် ဟူသော ဆိုရိုးစကားအတိုင်း အလှူတကာ့အလှူတို့တွင် ကထိန်အလှူသည် အမြတ်ဆုံးအလှူဟု ရှင်တော်ဘုရား ဟောကြားထားသည်။
ထိုသို့ မြတ်စွာဘုရားရှင် ဟောကြားထားသည့်အတွက် ကျွန်ုပ်တို့ ဓမ္မဒူတမြန်မာကျောင်းကလည်း နှစ်စဉ်နှစ်တိုင်း ကထိန်အလှူပွဲတော်ကို ဆင်ယင်ကျင်းပခဲ့ကြသည်။
ထိုသို့ နှစ်စဉ်နှစ်တိုင်း တစ်နှစ်မှာ တစ်ကြိမ်တစ်ခါ ပြုလုပ်ကျင်းပလေ့ရှိသော ကထိန်ပွဲအချိန်အခါ ကျရောက်လို့ လာခဲ့ပြန်ပါပြီ။
ဒီနှစ်အချိန်အခါ ကထိန်ပွဲတော်ကိုလည်း ယခင်နှစ်များလို ပါဝင်ဆင်နွှဲပြီး ကုသိုလ်ပါဝင်လှူဒါန်းနိုင်ပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ကထိန်ပွဲကြွရောက်မည့် သံဃာတော်များ
၁။ မြောင်းမြဆရာတော် ဘဒ္ဒန္တဇနက (လန်ဒန်)
၂။ ဘဒ္ဒန္တဃောသက (ဘာမင်ဂန်)
၃။ ဘဒ္ဒန္တကဝိသာရ (လန်ဒန်)
၎။ ဘဒ္ဒန္တကောဝိဒ (ဓမ္မဒူတမြန်မာကျောင်း)
၅။ ဘဒ္ဒန္တဥာဏိန္ဒ (ဘာလင်)
၆။ ဘဒ္ဒန္တကုသလသာမိ (ဓမ္မဒူတမြန်မာကျောင်း)
သံဃာတော်များခရီးစရိတ်အလှူရှင်များ
၁။ ကိုသက်အောင် + မလွင်လွင်လှိုင် သား မောင်စက်ပိုင် မိသားစု ယူရို ၅ဝ
၂။ ကိုကျော်မျိုးညွန့်+မနန်းပွာမ်ခမ်း ၊ သမီးနန်းမွန်ဆိုင်၊နန်းမွမ်းပွာမ် မိသားစု ယူရို ၅၀
၃။ ကိုအောင်+မစိမ့်လှိုင် သားသုတအောင် ယူရို ၃၀
၎။ ကိုဖြိုးမင်းစိုး + မမြစန္ဒီ ယူရို ၅ဝ
ကျင်းပမည့်နေ့ရက် ............... ၂ ရက် နိုဝင်ဘာ ၂ဝ၁၄
နေရာ ......................
Saalbau Gutleut ခန်းမ,
Rottweiler Straße 32,
60327 Frankfurt am Main
Hauptbahnhof မှ Straßebahn 12,16,21 စီးပါ။
မှတ်တိုင် Baseler Platz
အခမ်းအနားအစီအစဉ် .............
နံနက် ၁၀ နာရီခွဲ .......... ဆွမ်းပွဲများပြင်ရန် ခန်းမသို့ အရောက်လာကြပါရန်
နံနက် ၁၁ နာရီ ........ ဗုဒ္ဓမြတ်စွာဘုရားအား စုပေါင်းဆွမ်းတော်ကပ်လှူပြီး သံဃာတော်များအား ဆွမ်းကပ်ခြင်း
နေ့လယ် ၁၂ နာရီ .......... ကြွရောက်လာသောတရားနာ အလှူ ရှင်ဓမ္မမိတ်ဆွေအပေါင်းအား နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခြင်း
နေ့လယ် ၁ နာရီ ............ ဓမ္မဒူတမြန်မာဗုဒ္ဓဘာသာအသင်းမှ မေတ္တာပို့  ရွတ်ဖတ်ပူဇော်ခြင်း
နေ့လယ် ၁ နာရီခွဲ .......... သံဃာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူပြီး ပရိတ်တရားတော်နှင့် ကထိန်တရားတော်များ
နာယူခြင်း ၊ပဒေသာပင် နှင့်ကထိန်သင်္ဃန်းကပ်လှူ ခြင်း
နေ့လယ် ၃ နာရီ .............. စုပေါင်းအမျှဝေခြင်း နှင့် အခမ်းအနားပြီးဆုံးခြင်း
ဆွမ်းအလှူ ရှင်များ စာရင်း
ထမင်းပာင်းအလှူ ရှင်များ
၁။ ဦးလှစု +ဒေါ်စိုးစိုးသိန်း ပဲကုလားပာင်း
၂။ ကိုမင်းထိုက်+မမာလာမိသားစု ငါးဖယ်ပာင်း
၃။ ကိုဗညား ၀က်ခြေထောက်ချဉ်စပ်
၎။ ကိုကျော်စိန်ဝင်း+မကြည်ကြည်ခင်၊သားအာကာ အမဲသားအာလူးဆီပြန်ပာင်း
၅။ မစံပယ်လွင် ကြက်ဥ ငပိချက်
၆။ ဒေါ်ခင်မာလွင်မိသားစု ၀က်သားနီချက်
၇။ ခွန်လွန်းကျော်+နန်းသီလာ ပဲပုတ်ငပိချက် ၊ မျစ်သုတ်
၈။ ကိုအောင်+မစိမ့်လှိုင် သားသုတအောင် ၀က်ခေါင်းသားပာင်း
၉။ ကိုခင်မောင်ဆွေ+မနွဲယဉ်ယဉ်၊ သားကြီးထက်၊ သားငယ်ကျော် ပုဇွန်ထုတ်ဆီပြန်ပာင်း
၁၀။ အန်တီနွယ် မိသားစု ကြက်သားပင်စိမ်းစင်းကောချက်
ငါးရံ့ခြောက်ဖုတ်၊ လက်ဖက်သုတ်
၁၁။ ကိုမောင်မောင်ချစ် + မနှင်းအိချို ကြက်အသဲအမြစ်ဆီပြန်
မြန်မာထမင်းပာင်း နှင့် အတူ ဒါန်ပေါက် အလှူ လည်းပါရှိမည်ဖြစ်ပါသဖြင့် ကြိုက် နှစ်သက်ရာ အပြည့်အဝ
အားပေးသုံးဆောင်နိုင်ပါကြောင်း၊ ကိုစိုးပိုင်မှ လုပ်အားအလှူ အဖြစ် ဒါန်ပေါက် ဖေါက်ရာတွင်ပါဝင်လှူဒါန်းပါသည်
အချို ပွဲ အလှူ
၁။ကိုသန်းစိုး+မလေးလေး မိသားစု ဂျပန်ပျားရည်ကိတ်
၂။ ကိုတိုးအောင်ထွန်း+မအေးအေးကြည်၊သားကိုခန့် သစ်သီးစုံ
၃။ ကိုခင်မောင်ဆွေ+မနွဲယဉ်ယဉ်၊သားကြီးထက်၊သားငယ်ကျော် ကျောက်ကျော
၎။ ဦးလှစု +ဒေါ်စိုးစိုးသိန်း ကြက်ဥပူတင်း
၅။ ကိုကျော်မင်း + မအေးအေးအောင် သား ဇော်ထက်အောင် ဒူးရင်းသီး၊ ကိတ်မုန့်၊ ပဲမုန့်
၆။ ကိုဝင်းကိုလတ် + မအိအိကျော် ၊သား Alexander ငှက်ပျော ကောက်ညှင်းရွှေကြည်
၇။ မကြည်ကြည်ဇင် မိသားစု လက်ဖက်အချို၊ ကျောက်ကျော
၈။ ကိုကျော်ကျော်နိုင်+မဥမ္မာ မိသားစု ကျောက်ကျော
၉။ မအိ ၊မမာ မိသားစု သာကူ
သောက်ရေ ၊အအေးအလှူ ရှင်များ
၁။ မစံပယ်လွင်
ပန်းအလှ အလှူ ရှင်များ
၁။ ကိုကျော် + မဆု
၂။ မနန်းခမ်းမောင် မိသားစု
နှစ်စဉ်ကျင်းပမြဲအတိုင်း
- မြတ်စွာဘုရားရှင်နှင့်သံဃာတော်များအား ဆွမ်းအလှူဒါနတွင် ပါဝင်လှူဒါန်းခြင်း၊
- ကထိန်သင်္ကန်းလှူဒါန်းခြင်း၊
- ကြွရောက်လာသည့်သံဃာတော်များအတွက် နဝကမ္မနှင့် ခရီးစရိတ်များ လှူဒါန်းခြင်း၊
- ဓမ္မဒူတမြန်မာကျောင်းတော်ကြီး ဖြစ်မြောက်ရေးအတွက် တတ်စွမ်းသမျှ ပါဝင်လှူဒါန်းခြင်း စသည့် ကောင်းမြတ်သည့် အလှူဒါနများကို ပါဝင်လှူဒါန်းနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
Abonnieren
Kommentare zum Post (Atom)
Keine Kommentare:
Kommentar veröffentlichen