Sonntag, 13. Juli 2014

စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲ အောင်မြင်စွာ ကျင်းပပြီးစီး

ဓမ္မဒူတမြန်မာအသင်း ဝါဆိုလပြည့်၊ ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်ပွဲတော်ကို ဂျာမနီနိုင်ငံ၊ ဖရန့်ဖွတ်မြို့၊ ဆာလ်ဘောထ်ခန်းမကြီးထဲတွင် ဂျာမနီရောက် မြန်မာမိသားစုများ စုပေါင်းအားဖြင့် ပျော်ပျော်ရွှင်ရွင် စည်စည်ကားကား ကျင်းပပြုလုပ်နိုင်ခဲ့ကြပါသည်။ 
အခမ်းအနားတွင် မိမိတို့နှစ်သက်ရာ အစားအသောက်မျိုးစုံဖြင့် သံဃာတော်များနှင့်ဧည့်ပရိသတ်များအား ကျွေးမွေးလှူဒါန်းခြင်း၊ ဓမ္မစကြာတရားတော်များကို စုပေါင်းရွတ်ဖတ်ပူဇော်ခြင်း၊ အရှင်ဣဿ     ရိယ (မင်းသုည)ထံမှ ငါးပါးသီလနှင့်တရားတော်များ နာယူခြင်း၊ သံဃာတော်များအား ဝါဆိုသင်္ကန်းများ အသီးအသီး ဆက်ကပ်လှူဒါန်းခြင်းနှင့် စုပေါင်းအမျှဝေခြင်း .... စသော ကုသိုလ်ကောင်းမှုများကို ပြုလုပ်ခဲ့ကြပါသည်။

မအားမလပ်သည့်ကြားမှ တရားဓမ္မများ ချီးမြှင့်ပေးကြသော သံဃာတော်များ၊ ခက်ခက်ခဲခဲဖြင့် ကုသိုလ်အရေးကို အားခဲကာ ကြွရောက်လာကြသော ဂျာမနီနေရာအသီးသီးမှ မြန်မာမိသားစုများ၊ ကိုယ်တိုင်ကိုယ်ကျ မလာရောက်နိုင်သော်လည်း စေတနာအားဖြင့် ပူးပေါင်းကူညီပံ့ပိုးပေးကြသူများ ... အားလုံးတို့ကို ကျေးဇူးအထူးဥပကာရ တင်ရှိပါသည်။ 

အလုပ်တာဝန်များ မအားမလပ်ကြသဖြင့် မတတ်ရောက်နိုင်ကြသော မိသားစုများ၊ မိတ်ဆွေများနှင့် ရပ်ဝေးရပ်နီး ဤစာကို ဖတ်မိသူများအားလုံးတို့အား ဤယနေ့ ပြုလုပ်ခဲ့ရသော ကုသိုလ်ကောင်းမှုအဖို့ဘာဂကို အမျှပေးဝေပါ၏။ အမျှရကြ၍ ကိုယ်ကျန်းမာစိတ်ချမ်းသာစွာဖြင့် ဝမ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ကြပါစေ .....







Montag, 7. Juli 2014

ဝါဆိုလပြည့်(ဓမ္မင်္ကြာအခါတော်နေ့) အခါသမယအထိမ်းအမှတ်ပွဲ

ဓမ္မမိတ်ဆွေ အပေါင်းတို့ခင်ဗျား............


“သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်၊ သောင်းခွင်စကြာဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊
ရတုနဂိုရ်၊ ရွှန်းရွှန်းစိုသည်၊ ၀ါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်၊
နတ်လူငြိမ်းဘို့၊ ကိန်းပါကို”

“ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ဝယ်၊ ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ ဆယ့်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊၊ သံဝေပိုက၊ ၀ါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရိပ်လှုံသည်၊ စုံမြိုင်ပင်ရိပ်ခန်းမှာကို”

“ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြ်ာရွှေဖွါး၊ ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတစ်သောင်း၊ တိုက်အပေါင်းမှ၊
ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ၀ါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်၊ တရားနတ်စည်၊ ရွှန်းတယ်ကို”

ဟူသော လယ်တီဆရာတော်ဘုရားကြီး၏ ခုနှစ်နေ့ဘုရားရှိခိုးကဗျာများတွင် ပါရှိသည့်အတိုင်း လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်း ပါရမီတော်(၁၀)ပါး ဖြည့်ကျင့်တော်မူခဲ့သော ဗုဒ္ဓဘုရားရှင်ကိုယ်တော်မြတ်ကြီး ပဋိသန္ဓေယူတော်မူသောနေ့၊ သံဝေဂရ တောထွက်တော်မူသောနေ့၊
ဓမ္မစကြ်ာတရားတော် ပောာကြားတော်မူသောနေ့ပာူသော ထူးမြတ်သောအဖြစ်အပျက် (၃)ခုနှင့်တိုက်ဆိုင်သော နေ့ထူးနေ့မြတ် ဖြစ်ပါသည်။

ဓမ္မမိတ်ဆွေ အပေါင်းတို့ခင်ဗျား ....
ထိုကဲ့သို့ ထူးမြတ်သော ဝါဆိုလပြည့်(ဓမ္မကြ်ာအခါတော်နေ့) အခါသမယအထိမ်းအမှတ် အခမ်းအနားကို
ဓမ္မဒူတဗုဒ္ဓဘာသာမြန်မာအသင်းမှ စုပေါင်းညီညာစွာဖြင့် နှစ်စဉ်ကျင်းပပူဇော်မြဲဖြစ်ပါသည်။

ယခုနှစ်တွင်လည်း ယခင်နှစ်များအတိုင်း စုစုစည်းစည်း ညီညီညာညာ ပျော်ရွှင်စွာဖြင့် အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသောကြောင့် ကြွရောက်ကုသိုလ်ယူနိုင်ကြပါရန် နိဗ္ဗာန်အကျိုးမျှော် နှိုးဆော်တိုက်တွန်းလိုက်ပါသည် ....... ဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျား .......


အစီအစဉ် ...........

နေ့ရက်
၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်၊ တနင်္ဂနွေနေ့

အချိန် 
နံနက် ၁၁းဝဝ     - ဗုဒ္ဓမြတ်စွာဘုရားအား စုပေါင်းဆွမ်းတော်ကပ်လှူခြင်း
နံနက် ၁၁း၁၅     - သံဃာတော်အရှင်မြတ်များအား ဆွမ်းကပ်လှူခြင်း
နေ့လည် ၁၂းဝဝ - တရားနာကြွရောက်လာသော အလှူ ရှင်ဓမ္မမိတ်ဆွေအပေါင်းအား  
                       အစားအသောက်များဖြင့် ဧည့်ခံကျွေးမွေးခြင်း
နေ့လည် ၁းဝဝ   - ဓမ္မဒူတမြန်မာဗုဒ္ဓဘာသာအသင်းမှ ဓမ္မကြ်ာ ရွတ်ဖတ်ပူဇော်ခြင်း
နေ့လည် ၁း၃ဝ   - ၀ါဆိုသင်္ကန်း ကပ်လှူ ပူဇော်ခြင်း၊ သံဃာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူခြင်း
နေ့လည် ၁း၄၅   - သံဃာတော်အရှင်သူမြတ်များမှ နှိဗ္ဗာန်ရောက်ကြောင်း တရားတော်များ နာယူခြင်း
နေ့လည် ၃း၃ဝ   - စုပေါင်းအမျှဝေခြင်းနှင့် အခမ်းအနားပြီးဆုံးခြင်း                  


နေရာ........ 
Saalbau Gutleut ခန်းမ, 
Rottweiler Straße 32, 
60327 Frankfurt am Main 

Hauptbahnhof မှ Straßebahn 12,16,21 စီးပြီး Baseler Platz
မှတ်တိုင် ဆင်းပါ။

မှတ်ချက်။      ။ဓမ္မကြ်ာ ရွတ်ဖတ် နိုင်ရန် စာအုပ်များ ယူဆောင်လာကြပါရန်

  
ဝါဆိုလပြည့်အခါသမယ အထိမ်းအမှတ်ပွဲ အလှူ ရှင်များ

၁။ မစံပယ်လွင် မိသားစု        -  သောက်ရေ နှင့် အအေးအလှူ
၂။ ဓမ္မဒူတအသင်း              - ကြက်ဆီထမင်းအလှူ
၃။ ဒေါ်ခင်မာလွင် မိသားစု     - အမဲနှပ်ဟင်းအလှူ
၎။ ကိုကျော် + မစု မိသားစု    - ဘုရားပန်း၊ ပန်းအလှူ
၅။ ကိုမင်းဦး + မပြုံးပြုံးနိုင် မိသားစု          - ကျောက်ကျောနှင့် ဝက်ခေါင်းသုပ်အလှူ
၆။ ကိုအောင်အောင် + မစိမ့်စိမ့်လှိုင် သား မောင်သုတ မိသားစု - ရွှေရင်အေးအလှူ
၇။ ဦးလှစု + ဒေါ်စိုးစိုးသိမ်း မိသားစု        - ကြက်ဥပူတင်းအလှူ
၈။ မခင်သူဇာ မိသားစု                        - ပဲပင်ပေါက်၊ ပဲပြားကြော်အလှူ
၉။ ကိုခင်မောင်ဆွေ + ဒေါ်နွဲ့ယဉ်ယဉ် သားကြီးထက်၊ သားငယ်ကျော်    - အားဖြည့်အချိုရည်အလှူ
၁ဝ။ ကိုတိုးအောင်ထွန်း + မအေးအေးကြည် သား ကိုခန့် မိသားစု          - သစ်သီးစုံအချိုပွဲအလှူ
၁၁။ ကိုကျော်စိန်ဝင်း + မကြည်ကြည်ခင် သား အာကာမင်း                  - ပုဇွန်ဆီပြန်ဟင်းအလှူ
၁၂။ ဦးတင်ဖေ + ဒေါ်အုန်းမမ မိသားစု                                           - ဘဲပေါင်းဟင်းအလှူ
များကို အသီးသီး လှူဒါန်းကြမည်ဖြစ်ကြောင်း စာရင်းပေးထားကြပါပြီ။

သဒ္ဓါကြည်လင် ပါရမီရှင်များအနေဖြင့် ဆရာတော်သံဃာတော်များနှင့် ကြွရောက်လာကြသော ဧည့်ပရိသတ်အပေါင်းတို့အား မိမိတို့ တက်စွမ်းသမျှ ကုသိုလ်ပါဝင်လှူဒါန်းကြပါရန်လည်း တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

အကျိုးဆောင်များ

Freitag, 4. Juli 2014

ဓမ္မအမြင်ဖွင့်သင်တန်းများ ဖွင့်လှစ်မည် ....

ဂျာမနီနိုင်ငံ၊ ဖရန့်ဖွတ်မြို့ရှိ မြန်မာမိသားစုများအတွက် ဓမ္မအမြင်ဖွင့်သင်တန်းများ စီစဉ်ဖွင့်လှစ်သွားပါမည်။

ကလေးငယ်များအတွက် ယဉ်ကျေးလိမ္မာသင်တန်းများ၊ မြန်မာစာသင်တန်းများ၊ လူကြီးများအတွက် အဘိဓမ္မာသင်တန်း၊ ဓမ္မပဒသင်တန်းနှင့် သုတ္တန်သင်တန်းများကိုလည်း စီစဉ်ဖွင့်လှစ်သွားပါမည်။ စိတ်ပါဝင်စားသူများအနေဖြင့် အောက်ပါ အီးမေးလ်နှင့်ဖုန်းနံပါတ်များသို့ ဆက်သွယ်စာရင်းပေးနိုင်ပါသည်။

မိမိတို့၏ ရင်သွေးငယ်များ ဘာသာရေးအမွေလက်ဆင့်ကမ်း ပေးနိုင်စေရန်အတွက် ယဉ်ကျေးလိမ္မာသင်တန်းများကို မပျက်မကွက် တက်ရောက်ကြပါရန် တိုက်တွန်းအပ်ပါသည်။ လူကြီးမိဘများအနေဖြင့်လည်း မြတ်စွာဗုဒ္ဓ၏ လေးနက်သော အဘိဓမ္မာတရားတော်များ၊ ဓမ္မပဒ၊ သုတ္တန်တရားတော်များကို ကိုယ်တိုင်ကိုယ်ကျ သိရှိနားလည်စေရန်အတွက် သင်တန်းများကို တက်ရောက်ကြပါရန် နှိုးဆော်အပ်ပါသည်။

တက်ရောက်မည့်သင်တန်းသားများ၏ ဆက်သွယ်လာမှုအပေါ်မူတည်၍ အချိန်ဇယားကို ထုတ်ပြန်အကြောင်းကြားပေးသွားပါမည်။ 

Email: mbcgermany@gmail.com
Ph: +49 152144 89565

Donnerstag, 3. Juli 2014

ကုသိုလ်လေးနဲ့နေရအောင်


(၁)

တစ်ခါက ရသေ့ကြီးတစ်ပါးဟာ တောအုပ်အစပ်မှာ တဲကျောင်းလေးတစ်ကျောင်း ဆောက်ပြီးနေတယ်။ အဲဒီတဲကျောင်းလေးနဲ့ မနီးမဝေးမှာတော့ ပြည့်တန်ဆာမတစ်ယောက်ရဲ့ အိမ်ရှိတယ်။ ပြည့်တန်ဆာမဟာ ရုပ်ရည်က အလွန်ချောမောတော့ နေ့စဉ်နဲ့အမျှ သူ့ဆီကို လာတဲ့ အမျိုးသားတွေ မြောက်မြားစွာ ရှိတယ်။ ဒါကြောင့် သူမရဲ့အိမ်ဟာ အမြဲတမ်း စည်ကားနေတော့တယ်။

သူမအိမ်နဲ့ ဆန့်ကျင်စွာပဲ ရသေ့ကြီးရဲ့ ကျောင်းသင်္ခမ်းလေးကတော့ အမြဲတမ်း တိတ်ဆိတ်စွာ အေးချမ်းစွာ ရှိနေပါတယ်။ သူမကတော့ အချိန်ရရင် ရသလို ရသေ့ကြီးရဲ့ ကျောင်းသင်္ခမ်းလေးကို လှမ်းလှမ်းကြည့်ပြီး “အော် အေးချမ်းလိုက်တာ၊ သာယာလိုက်တာ”ဆိုပြီး ကျောင်းသင်္ခမ်းလေးရဲ့ သာယာမှုကို ကြည်နူးနေခဲ့တယ်။ တစ်ချိန်တည်းမှာပဲ တစ်ပါးတည်း အေးချမ်းစွာ နေနေတဲ့ ရသေ့ကြီးကို လှမ်းပြီး ကြည်ညိုနေခဲ့တယ်။

ရသေ့ကြီးရဲ့ကျောင်းသင်္ခမ်းလေးရှေ့မှာ ကွပ်ပျစ်လေးတစ်ခု ရှိတယ်။ အဲဒီကွပ်ပျစ်လေးပေါ်မှာ ရေနွေးအိုးလေးတစ်လုံးနဲ့ရသေ့ကြီးကတော့ ပြည့်တန်ဆာမအိမ်ဘက်ကို အမြဲတမ်း စိတ်ဝင်တစား ကြည့်နေခဲ့တယ်။ အမျိုးသားတွေ နေ့စဉ်နေ့တိုင်း တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်ပျော်ပါးနေကြတာကို စိတ်ဝင်စားသွားတယ်။ ဒါနဲ့ အမျိုးသားတစ်ယောက် ဝင်သွားတိုင်း ကျောက်ခဲလေးတစ်လုံးကို ကောက်ပြီး တစ်နေရာမှာ ပုံထားတယ်။ ဒီလို လုပ်လာလိုက်တာ တစ်နေ့ကျတော့ ကျောက်ခဲပုံကြီးတစ်ခု ဖြစ်လာခဲ့တယ်။

ဒီလိုနဲ့ ပြည့်တန်ဆာမရော ရသေ့ကြီးပါ ကွယ်လွန်သွားခဲ့ကြတယ်။ ပြည့်တန်ဆာမက နတ်ပြည်ကို ရောက်သွားတယ်။ ရသေ့ကြီးကတော့ ငရဲပြည်ကို ရောက်သွားခဲ့ပါတယ်။ ဒါနဲ့ ရသေ့ကြီးက “အရှင်ယမမင်း … နှစ်ပေါင်းများစွာ တစ်ပါးတည်းနေပြီး ရသေ့ဝတ်လာတဲ့ ကျုပ်ကျတော့ ငရဲပြည်မှာ နေရပြီး ယောက်ျားပေါင်းများစွာနဲ့ ပျော်ပါးနေခဲ့တဲ့ ပြည့်တန်ဆာမကျတော့ နတ်ပြည်ရောက်သွားတယ်၊ ဘယ်လို ဖြစ်တာလဲ”လို့ မေးလိုက်ပါတယ်။

ဒါနဲ့ ယမမင်းကြီးက “ပြည့်တန်ဆာမဟာ အမိအိုနဲ့လုပ်ကိုင်မစားသောက်နိုင်တဲ့ ညီအစ်ကိုမောင်နှမတွေကို လုပ်ကိုင်ကျွေးမွေးတယ်။ နေ့စဉ်နဲ့အမျှ ရသေ့ကြီးရဲ့ ကျောင်းသင်္ခမ်းလေးကို ကြည့်ပြီး ကြည်ညိုစိတ်နဲ့ ကုသိုလ်အတွေးတွေ တွေးတယ်။ ဒါကြောင့် နတ်ပြည်ကို ရောက်ရတယ်။ သင်ကတော့ နေရင်းထိုင်ရင်း သူများကိုကြည့်ပြီး နေ့တိုင်း အကုသိုလ်တွေ ပွားနေတယ်။ ဒါကြောင့် သင်ဟာ ငရဲပြည်မှာ ရောက်နေရခြင်း ဖြစ်တယ်”လို့ ရှင်းပြလိုက်ပါတယ်။

(၂)

ပုံပြင်ထဲမှာ ရသေ့ကြီးက ဘာတွေ ဆက်ပြောတယ်။ ဘာတွေ ဆက်ဖြစ်တယ်ဆိုတာတော့ မသိရပါဘူး။ ဒါက ပုံပြင်တစ်ပုဒ်သာဖြစ်တော့ အဲဒီလောက် အသေးစိတ်စရာလည်း မလိုဘူး ထင်ပါတယ်။

ပုံပြင်ဆိုပေမဲ့ တွေးစရာတွေ၊ သင်္ခန်းစာယူစရာတွေက အများကြီး ပါနေပါတယ်။ လူအမျိုးမျိုး၊ စိတ်အထွေထွေဆိုတဲ့အတိုင်း လောကကြီးဟာ မတူကွဲပြားတဲ့ အယူအဆတွေ၊ ပုံသဏ္ဌာန်တွေ တစ်နည်းအားဖြင့် ဘဝပုံရိပ်တွေက အမျိုးမျိုးအဖုံဖုံ ရှိနေပါတယ်။ အဲဒီလို မတူညီမှုတွေအပေါ် အခြေခံပြီး ဘဝရပ်တည်ချက်တွေကလည်း ကွဲပြားနေပြန်တယ်။

အချို့သူတွေအတွက် ကုသိုလ်ဖြစ်ဖို့ လွယ်ကူသလို အချို့သူတွေအတွက်ကျတော့ ကုသိုလ်ဖြစ်ဖို့ အတော်ကို ကြိုးစားနေကြရတယ်။ အချို့ကတော့ ဘဝပေးအခြေအနေကြောင့် အကုသိုလ်ဖြစ်မယ့်ပတ်ဝန်းကျင်မှာ နေနေရပေမဲ့ အချို့ကျတော့ အစစအရာရာ ကုသိုလ်ဖြစ်နိုင်တဲ့ပတ်ဝန်းကျင်မှာ နေနေရတာတောင် ကုသိုလ်ဖြစ်အောင် မနေတတ်ကြပါဘူး။

အထက်က ပုံပြင်ထဲမှာ ရသေ့ကြီးရဲ့ကျောင်းသင်္ခမ်းဟာ ကုသိုလ်ဖြစ်စရာ ပတ်ဝန်းကျင်ကြီးပါ။ ဒါပေမဲ့ သူများရဲ့လုပ်ရပ်တွေကို ကြည့်ပြီး အကုသိုလ်တွေ ပွားနေခဲ့တယ်။ အေးချမ်းတိတ်ဆိတ်တဲ့ ကုသိုလ်အရိပ်အမြုံကနေ ပူလောင်ရှုပ်ထွေးတဲ့ အကုသိုလ်ပြကွက်တွေကို ငေးမောရင်း အချိန်တွေကို ကုန်လွန်စေခဲ့တယ်။

အခြားတစ်ဖက်မှာတော့ ပြည့်တန်ဆာမလေးဟာ တဏှာလောဘတွေ၊ ဒေါသတွေ၊ မောဟတွေ၊ အလိုမကျမှုတွေ၊ တွယ်တာမှုတွေ၊ ပြင်းပြတဲ့ဆန္ဒတွေနဲ့ ရှုပ်ထွေးပွေလိမ်နေတဲ့ မှော်ရုံတောကနေ ရသေ့ကြီးရဲ့ကျောင်းသင်္ခမ်း အေးအေးချမ်းချမ်းလေးကို လှမ်းငေးရင်း ကုသိုလ်တွေကို အရယူနိုင်ခဲ့တယ်။

(၃)

စာဖတ်သူများအနေနဲ့ ကိုယ့်ရဲ့ ပတ်ဝန်းကျင်လေးကို ပြန်ငဲ့ကြည့်လိုက်ပါဦးလား။ “ငါ ကျင်လည်နေရတဲ့ ပတ်ဝန်းကျင်က ကုသိုလ်အဖြစ်များနိုင်စရာ ပတ်ဝန်းကျင်လား၊ အကုသိုလ်အဖြစ်များနိုင်စရာ ပတ်ဝန်းကျင်လား”ဆိုတာကိုပေါ့။

ကုသိုလ်ဖြစ်နိုင်စရာ ပတ်ဝန်းကျင်ကြီးမှာ ရှိနေတယ်ဆိုရင် “အော် ငါ အတော်ကံကောင်းပါလား”လို့ တွေးပြီး ကုသိုလ်တွေကို အရယူလိုက်ကြပါ။ ပုံပြင်ထဲက ရသေ့ကြီးလို မဖြစ်ဖို့တော့ အရေးကြီးပါတယ်။ ဘဝအဆက်ဆက်က အကြောင်းကံတွေကြောင့် အကုသိုလ်များတဲ့ ပတ်ဝန်းကျင်မှာ ရှိနေခဲ့မယ်ဆိုရင်လည်း “အော် ငါ အတော်ကံဆိုးပါလား”လို့ မတွေးမိပါစေနဲ့။ ပုံပြင်ထဲက အမျိုးသမီးလေးလို ကုသိုလ်ကို အမိအရ ရှာဖွေယူတတ်အောင် ကြိုးစားကြစေချင်ပါတယ်။ ကိုယ်ကသာ ကြိုးစားချင်တဲ့ဆန္ဒရှိပါစေ ကုသိုလ်တွေက ပတ်ဝန်းကျင်မှာ အများကြီး ရှိနေတာ တွေ့ပါလိမ့်မယ်။

(၄)

နေ့စဉ်နဲ့အမျှ သတင်းမီဒီယာတွေ၊ သတင်းစာတွေ၊ လူမှုကွန်ရက်တွေကနေ အကြောင်းအရာပေါင်းစုံ၊ သတင်းပေါင်းစုံက လူမှုဘဝတွေထဲကို နက်နက်ရှိုင်းရှိုင်း တိုးဝင်လာနေတယ်။ မှန်တာတွေရော၊ မမှန်တာတွေရော၊ ကောင်းတာတွေရော၊ မကောင်းတာတွေရော စုံလို့နေတယ်။ အချို့က ကုသိုလ်ဖြစ်အောင် တွေးတတ်ကြသလို အချို့ကတော့ အခြားသူများရဲ့အကြောင်းတွေကို အချိန်နဲ့အမျှ တွေးတောမြည်တွန်ရင်း အကုသိုလ်တွေနဲ့ အချိန်ကုန်နေကြတယ်။

လုပ်ဆောင်ချက်တစ်ခု မှန် မမှန်၊ ကောင်း မကောင်းကို သုံးသပ်တာ၊ ဆုံးဖြတ်တာ ကောင်းပါတယ်။ ဒါပေမဲ့ အခြားသူများရဲ့လုပ်ဆောင်ချက်ကို အကောင်း၊ အဆိုး သုံးသပ်ဆုံးဖြတ်တဲ့အရာမှာတော့ ကိုယ်ချင်းစာတရားနဲ့ ယောနိသောမနသိကာရ (သင့်တင့်သောနှလုံးသွင်းမှု)ရှိနေဖို့ လိုအပ်ပါတယ်။

တစ်နည်းအားဖြင့် ကုသိုလ်ဖြစ်အောင် သုံးသပ်တတ်ဖို့၊ ဆုံးဖြတ်တတ်ဖို့ အရေးကြီးပါတယ်။ တစ်နည်းအားဖြင့် လောကအတွက် အပြုသဘောဆောင်ပြီး အကျိုးများအောင် သုံးသပ်ဆုံးဖြတ်ဖို့ အရေးကြီးလှပါတယ်။ လူ့ဘဝဆိုတာ ခဏဆိုမှ ခဏလေးရယ်ပါ။ ကုသိုလ်ဖြစ်အောင် တွေးရအောင်ပါ။ ကုသိုလ်ဖြစ်အောင် ပြောရအောင်ပါ။ အခြားသူများရဲ့ လုပ်ရပ်တွေကို ဝေဖန်ပြစ်တင်ရင်း အချိန်မကုန်ရအောင် သတိပြုရအောင်ပါ။ အဲဒီလိုမှ မဟုတ်ရင်တော့ ပုံပြင်ထဲက ရသေ့ကြီးလို သူများအားနည်းချက်ကို ကြည့်ရင်း အချိန်ကုန်သွားလိမ့်မယ်။

(၅)

ဓမ္မပဒမှာ သူတစ်ပါးအပြစ်ကိုချည်း လိုက်ကြည့်ပြီး ဝေဖန်တတ်တဲ့ရဟန်းတစ်ပါး ရှိတယ်။ “ဒီကိုယ်တော်က သင်္ကန်းကို ဒီလိုကြီး ဝတ်တယ်၊ ဒီကိုယ်တော်ကတော့ ဒီလိုကြီး နေတယ်”စသဖြင့် အမြဲတမ်း ဝေဖန်ပြစ်တင်လေ့ရှိတယ်။

အဲဒီရဟန်းကိုအကြောင်းပြုပြီး မြတ်စွာဘုရားက “ပရဝဇ္ဈာနုပဿိဿ၊ နိစ္စံ ဥဇ္ဈာနသညိနော။ အာသဝါ တဿ ဝဍ္ဎန္တိ၊ အာရာ သော အာသဝက္ခယာ”လို့ မိန့်တော်မူပါတယ်။ အဓိပ္ပာယ်ကတော့ “သူတစ်ပါးအပြစ်ကို အမြဲတမ်း ကြည့်၊ ပြောဆိုပြစ်တင်နေသူဟာ လောဘ၊ ဒေါသ၊ မောဟတွေသာ တိုးပွားတယ်။ နိဗ္ဗာန်နဲ့လည်း ဝေးပါတယ်”လို့ ဆိုလိုပါတယ်။

နိဗ္ဗာန်ဆိုတဲ့စကားလုံးက မြင့်လွန်းတယ်ဆိုရင် ဒီလိုလေး နားလည်လိုက်ပါ။ “သူများ မကောင်းကြောင်းကို ပြောပြီးနေတဲ့သူဟာ ကုသိုလ်နဲ့ဝေးတယ်”လို့ မှတ်ထားလိုက်ပါ။ ဒီတော့ သူများ မကောင်းတာကို ပြောတာဟာ ကိုယ့်ရဲ့ကောင်းတာလေးတွေကို ဖဲ့ခြွေပေးနေရတာပါ။

ကိုယ့်ကိုကိုယ် ကောင်းအောင် အရင်ဆုံး ကြိုးစားတာဟာ (အတ္တသမာပဏိဓိ) မင်္ဂလာကို ဖြည့်ဆည်းနေခြင်း ဖြစ်ပါတယ်။ ဒီတော့ ကိုယ့်ကိုကိုယ် ကောင်းအောင် ကြိုးစားနေတာဟာ ကိုယ့်ကိုကိုယ်ရော၊ လောကကိုရော ကောင်းမွန်အောင် တည်ဆောက်နေခြင်းပါ။

(၆)

ကိုယ်တိုင် တိုးတက်ချင်လို့ပဲဖြစ်ဖြစ်၊ ကိုယ့်ပတ်ဝန်းကျင် တိုးတက်စေချင်လို့ပဲဖြစ်ဖြစ်၊ နိုင်ငံတိုးတက်စေချင်လို့ပဲဖြစ်ဖြစ်၊ လောကတိုးတက်စေချင်လို့ပဲဖြစ်ဖြစ် အရင်ဆုံး ပြုလုပ်ရမှာက မိမိကိုယ်တိုင်ပါ။ မိမိကိုယ်ကို ကောင်းအောင်ပြုပြင်ကြိုးစားခြင်းဟာ ကုသိုလ်နဲ့ နေတာပါပဲ။ ကုသိုလ်နဲ့နေတော့ အရာရာဟာ တင့်တယ်တော့မှာပေါ့။

နေ့စဉ်ကုသိုလ်လေးတွေနဲ့ ဘဝကို ဖြတ်သန်းနိုင်ကြပါစေ .....

အရှင်ကုသလသာမိ (အတည်မဲ့)
၀၃၊ ၀၇၊ ၂၀၁၄

Mittwoch, 18. Juni 2014

ဆရာတော် အရှင်ရာဇိန္ဒ ရဝေနွယ်(အင်းမ) တရားပွဲ

ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့ခင်ဗျား

 ဂျာမနီ နိုင်ငံ ၊ဖရန့်ဖတ်မြို့ သို့ ဆရာတော် အရှင်ရာဇိန္ဒ ရဝေနွယ်(အင်းမ)ကြွရောက် ၍  နိဗ္ဗာန် ရောက်ကြောင်း တရားပောာကြားချီးမြှင့် မည် ဖြစ်ပါသဖြင့် ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့အား ရတောင့်ရခဲ အခွင့်အရေး လက်လွတ်မခံပဲ လာရောက် နာယူ ကုသိုလ်ပြု နိုင်ကြပါစေရန် တိုက်တွန်းနိုးဆော်လိုက် ပါသည်။

ဆရာတော်သည် ၂၀.၀၆.၂၀၁၄ တွင် ဂျာမနီ ဖရန့်ဖတ် သို့ရောက်ရှိမည်ဖြစ်ပြီး ဓမ္မဒူတမြန်မာဗုဒ္ဓဘာသာကျောင်းတွင် ၁၃.၀၇.၂၀၁၄ အထိ သီတင်းသုံးနေထိုင်မည်ဖြစ်ပါသဖြင့် ဆွမ်းလှူ ၊ဆွမ်းပင့်လိုသူများ အောက်ပါဖုန်းနံပါတ်သို့ဆက်သွယ်နိုင်ပါပြီ

ဆက်သွယ်ရန်။          ။ ဦးသုမန ....015218947848 ၊

                               ဓမ္မဒူတမြန်မာဗုဒ္ဓဘာသာကျောင်းဖုန်း.......06924404258

တရားပွဲအစီအစဉ်။        ။

နေ့ရက်........၂၉.၀၆.၂၀၁၄ (တနင်္ဂနွေနေ့)
နေရာ...........Saalbau Gutleut ခန်းမ, Rottweiler Straße 32, 60327 Frankfurt am Main
Hauptbahnhof မှ Straßebahn 12,16,21 စီးပါ.မှတ်တိုင် Baseler Platz

အချိန်...........
နံနက်၁၀နာရီခွဲ ..........ဆွမ်းပွဲများပြင်ရန် ခန်းမသို့အရောက်လာကြပါရန်
နံနက် ၁၁ နာရီ ခန့်........ဗုဒ္ဓမြတ်စွာဘုရားအား စုပေါင်းဆွမ်းတော်ကပ်လှူခြင်း
နံနက် ၁၁ နာရီ၁၅ မိနစ်............ သံဃာတော်အရှင်မြတ်များအား ဆွမ်းကပ်လှူခြင်း
နေ့လည် ၁၂ နာရီ..........ကြွရောက်လာသောတရားနာ အလှူ ရှင်ဓမ္မမိတ်ဆွေ အပေါင်းအားအစားအစာများဖြင့် ဧည့်ခံကျွေးမွေးခြင်း
နေ့လည် ၁ နာရီ............ဓမ္မဒူတမြန်မာဗုဒ္ဓဘာသာ အသင်းမှ မေတ္တာပို့  ရွတ်ဖတ်ပူဇော်ခြင်း
နေ့လည် ၁ နာရီခွဲ..........သံဃာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူခြင်း
နေ့လည် ၁ နာရီ ၄၅မိနစ်.........သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များအား နာယူခြင်း
*** ဆရာတော် အရှင်ရာဇိန္ဒ ရဝေနွယ်(အင်းမ) မှ နှိဗ္ဗာန်ရောက်ကြောင်းအထူးတရား ပောာကြားမည်။***
နေ့လည် ၃ နာရီ ခွဲ ..............စုပေါင်းအမျှဝေခြင်း နှင့် အခမ်းအနားပြီးဆုံးခြင်း

29.06.2014 တရားပွဲနေ့ ဆွမ်းပွဲအလှူ  ရှင်များ........ 
1.ကိုမင်းမင်း(မွန်)၊ဦးသုမန    .......................... ဒါန်ပေါက် (အန်တီနွယ်ချက်မည်)
2.မစပါယ်လွင်............................................. ရေ နှင့် အအေး
3.ကိုခင်မောင်ဆွေ ၊ မနွဲ့ ယဉ်ယဉ် သားကြီးထက် ၊ သားငယ်ကျော်..engry drink
4.ဦးတိုး+ဒေါ်အေးကြည်၊သားကိုခန့် ..........သစ်သီးစုံအချိုပွဲ
5.ကိုလွန်ကျော် +မနန်းသီလာ..... ဌက်ပျော်ဖူးအသုတ် ၊အချဉ်ပာင်း

6.ကိုဝင်းကိုမြတ်+မဖြိုးဖြိုး   ........အစိမ်းကြော်
7.ဦးလှစု+ဒေါ်စိုးစိုးသိန်း  .........ဖါလူဒါ
8.မမာမာအောင် မိသားစု ........................ပဲပြု တ် နှင့် မြှစ် 9.ကိုရောဖတ် ......................................၀က်သားပာင်း 10. ကိုကြည်ဝင်း+ မလင်းလင်းလက် မိသားစု....ငါးဖဲပာင်း 11.ကိုကျော်ကျော်+ မဥမ္မာညွန့်  မိသားစု...........မုန့် လက်ဆောင်း 
12.ကိုသန်းစိုး မစုလေးနွယ် မိသားစု................သရက်ချဉ်သုတ်
13.ကိုဂျူးနီ မမေမြတ်နိုး မိသားစု.....................ချဉ်ပေါင်ကြော်
14.မစပါယ်လွင်၊ မောင်လေးထက်ပြည့်..........ကြက်သဲမြစ်


ပန်းအလှ အလှူ ရှင်များ..........
၁။ကိုမင်းဦး+မပြုံး

နေ့ ဆွမ်းအလှူရှင်များ

1.မနွယ်၊ သား ကိုဇင် .................၂၀.၀၆.၂၀၁၄
2.ကိုကျော်ကျော် + မသန္ဒာစိုး မိသားစု ........၂၇.၀၆.၂၀၁၄
3.ကိုစိုးဝင်းသန်း + မတင်တင်ဝင်း မိသားစု...၂၈.၀၆.၂၀၁၄
4.ကိုခင်မောင်ဆွေ + မနွဲ့ ယဉ်ယဉ် ၊ သားကြီးထက် ၊ သားငယ်ကျော်..၁၄.၀၇.၂၀၁၄
5.ကိုအောင်+မစိမ့်လှိုင်၊သားသုတအောင်.....၂၉.၀၆.၂၀၁၄ အာရုံဆွမ်း
6.ကိုမျိုးဇော် +မရွေးရွေးမော် မိသားစု......... ၂၈.၀၆.၂၀၁၄ အာရုံဆွမ်း



ကိုယ်တိုင်ရေးရာဇ၀င်

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ အင်းမမြို့၊ အဖ ဦးသိန်းနီစိန်၊ အမိ ဒေါ်ကျင်နုတို့က ၁၉၆၉ ခုနှစ်၊ ဇွန်လ (၁၈)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်သည်။ ၁၉၇၉ ခုနှစ်တွင် ပထမအကြိမ် ရှင်သာမဏေပြုသည်။ ၁၉၈၀ ခုနှစ်တွင် ဒုတိယအကြိမ် ရှင်သာမဏေပြုသည်။ ဘွဲ့အမည်မှာ ရှင်ရာဇိန္ဒ ဖြစ်သည်။ ၁၉၈၉ ခုနှစ်တွင် ရဟန်းအဖြစ်သို့ ရောက်သည်။ ရန်ကုန်မြို့၊ မဟာဝိသုဒ္ဓါရုံ ပါဠိတက္ကသိုလ် ကျောင်းတိုက်တွင် ပညာ သင်ကြားခဲ့သည်။ ရန်ကုန်မြို့၊ ရှစ်မိုင်၊ သဒ္ဓမ္မရံသီ ဆရာတော် ဘုရားကြီး အထံတော်၌ (၆)နှစ် သီတင်းသုံးခဲ့သည်။ ၂၀၀၀ ခုနှစ်တွင် သာသနဓဇ ဓမ္မာစရိယဘွဲ့ကို ရရှိသည်။ ၁၉၈၅ ခုနှစ်တွင် ပန်မဂ္ဂဇင်းသို့ ၀တ္တုတိုစတင်ပို့သည်။ ၁၉၈၅၊ ၁၉၈၆၊ ၁၉၈၈၊ ၁၉၈၉ ခုနှစ် အတွင်း ပေးပို့ခဲ့သော စာမူအားလုံး အပယ်ခံ့ရသည်။ ၁၉၉၀ ခုနှစ် ဧပြီလထုတ် မြတ်မင်္ဂလာ စာစောင်တွင် ဓမ္မဆောင်းပါး ပထမဆုံး စတင် ဖော်ပြခံရသည်။ ၂၀၀၁ ခုနှစ် ဇန်န၀ါရီလတွင် ပညာရွှေတောင် စာအုပ်တိုက်မှ “ဘ၀တိုင်းဆုံတွေ့ချင်ပါသလား” ဘာသာရေးစာအုပ် စတင် ထုတ်ဝေခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် မင်္ဂလာအတွေးများ စာအုပ်ဖြင့် ဓမ္မဗိမာန် စာပေဆုနှင့် ဆန်းလွင်စာပေ ပထမဆုကို ရရှိခဲ့သည်။ ယခုအခါ ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃) လမ်းမကြီး၊ သင်္ကန်းကျွန်းကြီး ရပ်ကွက်၊ အောင်စည်းခုံ စေတီလမ်း၊ ဓမ္မရဝေကျောင်းတိုက်၌ ပဓာနနာယက အဖြစ် သီတင်းသုံးလျှက်ရှိသည်။

Donnerstag, 15. Mai 2014

သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာ အရှင် ဥာဏိဿ ရ အထူးတရားပွဲသဘင်

မဟာဓမ္မကထိက ဗဟုဇနဟိတဓရ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ အဂ္ဂမဟာပဏ္ဍိတ သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာ အရှင်ဥာဏိဿ     ရ
အထူးတရားပွဲသဘင်
ဖရန့်ဖတ်၊ ဂျာမနီ
ဇွန်လ ၁၅ ရက် ၊၂၀၁၄
တနင်္ဂနွေနေ့

ဓမ္မမိတ်ဆွေ အပေါင်းတို့ခင်ဗျား..........

ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၏ ပင့်လျှေက်မှု ဖြင့် ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး
 ဒေါက်တာ အရှင် ဥာဏိဿ     ရ သည် ဇွန်လ ၁၅ ရက် ၊တနင်္ဂနွေနေ့တွင် ဂျာမနီ နိုင်ငံ ၊ ဖရန့်ဖတ် မြို့ သို့
ကြွရောက် ၍ တရားချစ်ခင် ဓမ္မမိတ်ဆွေ သူတော်ကောင်း အပေါင်းတို့အား နိဗ္ဗာန် ရောက်ကြောင်းတရား
ချီးမြှင့် ပောာကြား ပေးမည်ဖြစ်ပါ သဖြင့် အောက်ပါအစီအစဉ်အတိုင်း အထူးတရားဓမ္မ သဘင်သို့ လာရောက်နာယူ ကုသိုလ်ပြုနိုင် ကြပါစေရန် နိဗ္ဗာန်အကျိုးမျှော်နှိုးဆော်တိုက်တွန်းလိုက်ပါသည် 
ဓမ္မမိတ်ဆွေ အပေါင်းတို့ခင်ဗျား.....

နေ့ရက်........၁၅.၀၆.၂၀၁၄ (တနင်္ဂနွေနေ့)
နေရာ...........Saalbau Gutleut ခန်းမ, Rottweiler Straße 32, 60327 Frankfurt am Main
Hauptbahnhof မှ Straßebahn 12,16,21 စီးပါ.မှတ်တိုင် Baseler Platz
အချိန် ..........နေ့လည် ၁ နာရီတိတိ (မွန်းလွဲ ၁၂ နာရီခွဲခန့် အရောက်လာကြပါရန်ပန်ကြားအပ်ပါသည်)

မိမိကိုယ်ပိုင် အောက်ထိုင်အခင်းများ သဘက်များ သယ်ဆောင်လာနိုင်ကြပါသည်။လူကြီးများ နှင့် အောက်ကြမ်းခင်းပေါ်တွင် ကြာကြာမထိုင်နိုင်ကြသူများအတွက်လည်း ထိုင်ခုံများစီစဉ်ထားပါသည်။ 

သံဃာတော်များအား အာရုံဆွမ်းကပ်လှူ ရန်အစီအစဉ်

နေရာ။     ။Sushi am Main Restaurant, Feuerbachstr 1,60325,Frankfurt am Main
အချိန်။     ။နံနက် ၅နာရီ အရောက် ဆွမ်းလာပြင်ရန်။၁၅.၀၆.၁၄ တနင်္ဂနွေနေ့
သံဃာအရေအတွက်။      ။၆ပါး
အလှူ ရှင်များ ။         ။
၁။ဒေါ်ခင်မာလွင်မိသားစု ....................နန်းကြီးသုတ်
၂။ကိုကျော်စိန်ဝင်း+မကြည်ကြည်ခင် ,ကိုသန်းစိုး+မလေးလေး ............ကြာဇံချက်
၃။ကိုမင်းဦး+မပြုံး ...............မုန့်ပာင်းခါး

နေ့လည်ဆွမ်းကပ်ရန်အစီအစဉ်

ဆွမ်းကပ်ရန်နေရာ၊      ၊ပုဂံဆူရှီဆိုင်  (Bagan Sushi)
                                    Gartenstr 187 , 60596,Frankfurt am Main
                                    Str Bahn 12,21 ကိုစီးပါ၊ Vogelweidstr မှတ်တိုင်တွင်ဆင်းပါ။
ဆွမ်းကပ်ရန်အချိန်၊      ၊မနက်၁၁ နာရီခန့် (မနက် ၁၀နာရီခွဲခန့် ဆွမ်းလာရောက်ပြင်ဆင်ပါရန်)
ဆွမ်းကပ်ခံသံဃာ၊       ၊သံဃာ ၆ပါး
ဆွမ်းအလှူ  ရှင်များ၊     ၊
 ၁။ကိုမင်းဦး+မပြုံး ...................ပုဇွန်ဆီပြန်ပာင်း
၂။မခင်သူဇာ         ...................၀က်သားချ ဉ်စပ် 
၃။အန်တီနွယ်       ...................ငါးကျင်းဆီပြန်၊ မြင်းခွါရွက်သုတ်၊အညာပာင်းချို ၊  ငါးကျီးကြပ်တိုက်ကြော်၊ပုဇွန်ခြောက်ကြော်
၎။ဦးတိုး+ဒေါ်အေးကြည်၊သားကိုခန့် ..........သစ်သီးစုံအချိုပွဲ
၅။ကိုကျော် +မဆု  ..................ပန်းအလှ အလှူ  ၊တရားနာပရိတ်သတ်အတွက်မုန့်အလှူ
၆။မစံပယ်လွင်   ..................သောက်ရေ၊အအေးအလှူ 
၇။ကိုအောင်+မစိမ့်လှိုင်၊သားသုတအောင်..............သီးစုံပဲကုလားပာင်း၊ပါပလာကြော်၊သခွားသီးသုတ် 
၈။ဦးငွေဦးမောင်+မြသန္တာမောင်၊သားဈာန်လင်းထက်........ကြက်တုံရမ်း
၉။ကိုစိုးဝင်းသန်း+မတင်တင်ဝင်း၊သမီးချစ်စု၊သားကိုကို........နွားနို့ခဲချက်၊မန်ကျီးရွက်သုတ်
၁၀။ကိုဖြူ  (ခ)ကိုဖြူ ခိုင် ......ဖါလူဒါ ၊ ပုဇွန်ချဉ် ၊ဆတ်သားပာင်း
၁၁။ကိုကျော်ဆွေညွန့်........ဒံပေါက် 
၁၂။ကိုကျော်ကျော်+မသန္တာစိုး၊သမီးအေးချမ်းမြတ်၊ရွှေယမင်းအိမ်မိသားစု.........ငါးရံ့ခြောက်ဖုတ်ဆီဆမ်း၊
ကြက်သားဆီပြန် 
၁၃။ကိုဂျူးနီ+မမြတ်နိုး မိသားစု .............ချဉ်ပေါင်ကြော်၊ငါးဖယ်သုတ်
၁၄။ဦးလှစု+ဒေါ်စိုးစိုးသိန်း ..............ဘဲကင်၊ငံပြာရည်ကြော် ၊တို့စရာ
၁၅။ကိုမင်းထိုက်+မမာလာသင်း.........အစိမ်းကြော်

ဆရာတော်ကြီးအားလေဆိပ်တွင်ကြိုဆိုရန်အစီအစဉ်

လေယာဉ်နံပါတ်၊          ၊TG 922
လေယာဉ်အချိန်၊         ၊၁၄.၀၆.၂၀၁၄ (စနေနေ့) ညနေ 6နာရီခွဲ  ဖရန့်ဖတ် လေဆိပ်Terminal 1 B        တွင်လူစုမည်(ညနေ ၆နာရီခွဲလေယာဉ်ဆိုက်မည်)

တရားခန်းမလျောက်လမ်းပန်းခင်းအလှူရှင်များ

၁။ ဦးလှစိုး+ဒေါ်သိန်းသိန်းမြင့် မိသားစု             ပန်း၃ စည်း
၂။ကိုစိုးလွင်+မမင်းမင်းမိသားစု                       ပန်း၃ စည်း
၃။ကိုသန်းထွန်းအောင်+မလွင်လွင်စိုး မိသားစု     ပန်း၃ စည်း
၎။ဒေါ်နွယ် ၊သားကိုဇင် မိသားစု                       ပန်း ၃စည်း
၅။ဦးသိန်းဇော်+မမြိုင် ၊သားဥက္ကာမင်းမိသားစု       ပန်း၂စည်း
၆။ကိုအောင်+မစိမ့်လှိုင်၊သားသုတအောင်           ပန်း၃စည်း

ဆရာတော်ဘုရားကြီးတည်းခိုရန်ယာယီကျောင်းပာိုတယ်အလှူ

တည်းခိုမည့်နေရာ။      ။Eurotheum: Neue Mainzer Straße 66, 60311 Frankfurt am Main

အလှူ ရှင်စာရင်း။        ။

 ၁။ ဗမာစတိုး          အလှူငွေ ၁၀၀ ယူရို 

 ၂။ကိုသက်အောင်+မလွင်လွင်လှိုင်၊ သားမောင်ကောင်းဆက်ပိုင်အောင်.....အလှူငွေ ၅၀ယူရို



 မေတ္တာပို့
ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ
ချမ်းသာနိုင်ပါစေ။
မေတ္တာနှလုံး အစဉ်သုံး
ရွှင်ပြုံးနိုင်ပါစေ။
မေတ္တာရန်သူ ဒေါသမူ
အပူကင်းပါစေ။
မေတ္တာရေချမ်း ကိုယ်စီဖြန်း
အေးချမ်းနိုင်ပါစေ။
ခန္တီနှလုံး အစဉ်သုံး
ရွှင်ပြုံးနိုင်ပါစေ။
ခန္တီ၏ရန် ဒေါသမာန်
တွန်းလှန်နိုင်ပါစေ။
တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း
အေးချမ်းကြပါစေ။
(သီတဂူဆရာတော်ကြီး)