ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့ခင်ဗျား၊
သာသနာတော်နှစ် ၂၅၅၇ ခု၊မြန်မာသက္ကရာဇ် ၁၃၇၅ ခု၊ခရစ်သက္ကရာဇ် ၂၀၁၃ ခု၊နိုဝင်ဘာလ (၁၇) ရက်နေ့၊တန်ဆောင်မုန်းလပြည့်နေ့ (တနင်္ဂနွေနေ့) တွင်ကျင်းပပြုလုပ်မည့်၊ တန်ဆောင်တိုင်ပွဲတော်နေ့၌
အလှူ့အမဒေါ်နွယ်၊သားကိုဇင်(ခ)ထက်အောင်လှိုင်တို့မှကြွရောက်လာကြသောဧည့်ပရိတ်သတ်အပေါင်းတို့
အားမတင်တင်ဝင်း၏လက်ရာ၊ဒံပေါက်ထမင်းနှင့်ဟင်းလျာများဖြင့်တည်ခင်းဧည့်ခံကျွေးမွေး၊ကုသိုလ်ယူမည်ဖြစ်
ပါကြောင်းနှင့်ကထိန်ပွဲပဒေသာပင်အတွက်မိမိတို့တဦး၊တဖွဲ့ချင်းလိုက်ဖြစ်စေ၊ယမန်နှစ်ကကဲ့သို့စုပေါင်း၍ဖြစ်စေ၊
မိမိတို့ဆန္ဒရှိကြသည့်အတိုင်းလွပ်လပ်စွာလှူဒါန်းနိုင်ကြပါကြောင်းနှင့်သက်ကြီးပူဇော်ပွဲလည်းအစဉ်အလာမပြတ်
ကျင်းပပြုလုပ်မည်ဖြစ်ရာ၊အသက်(၆၀)ကျော်အဖိုး၊အဖွားများအား၊မိမိတို့လက်လှမ်းမှီသလောက်၊ဓမ္မဒူတကျောင်း
သို့၊ဖုံးဖြင့်ဆက်သွယ်အကြောင်းကြားပေးကြပါရန်လည်း၊မေတ္တာရပ်ခံတိုက်တွန်းအပ်ပါသည်။
အခြားသောလှူဖွယ်ပစ္စည်းများနှင့်သံဃာတော်များ၏ခရီးစရိတ်များကိုလှူဒါန်းလိုပါကလည်း၊အကျိုးဆောင်အဖွဲ့
ထံဆက်သွယ်လှုဒါန်းနိုင်ကြပါကြောင်း၊နိဗ္ဗာန်အကျိုးမျှော်၍နှိုးဆော်တိုက်တွန်းလိုက်ရပါသည်၊ဓမ္မမိတ်ဆွေ
သူတော်ကောင်းအပေါင်းတို့။
အစီအစဉ်အသေးစိတ်ကိုထပ်မံကြေငြာပေးပါမည်။
နေ့ရက်။ ။ ၁၇.၁၁.၂၀၁၃ (တနင်္ဂနွေနေ့)
အချိန် ။ ။ နေ့လည် (၁၁း၀၀) နာရီ
နေရာ ။ ။ SAALBAU TSG-HALLE Fechenheim, Pfortenstraße 55
60386 Frankfurt am Main
Freitag, 25. Oktober 2013
Montag, 23. September 2013
သီတင်းကျွတ်လပြည့် တရားပွဲ
ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့ခင်ဗျား
သာသနာ သက္ကရာဇ် ၂၅၅၇ခုနှစ် ၊သီတင်းကျွတ်လဆုတ် (၁) ရက်နေ့ (October 20,2013 Sunday)တွင်
သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့အထိမ်းအမှတ်ပူဇော်သောအားဖြင့် နိဗ္ဗာန်ရောက်ကြောင်း တရားပွဲအောက်ပါအစီအစဉ်တိုင်း ကျင်းပမည်ဖြစ်ပါသည်။
အစီအစဉ်
နံနက် ၁၁း၀၀နာရီ...........မြတ်စွာဘုရားအားစုပေါင်းဆွမ်းတော်ကပ်ခြင်း
............သီလယူခြင်း
............ပရိတ်ရွတ်ခြင်း
.............သံဃာများအားစုပေါင်းဆွမ်းကပ်ခြင်း
နံနက်၁၁း၃၀ နာရီ...........တရားနာပရိတ်သတ်အား စားဖွယ်များဖြင့်ကျွေးမွေးဧည့်ခံခြင်း
နေ့လည်၁း၃၀နာရီထိ
နေ့လည်၁း၃၀နာရီ............သံဃာတော်များမှ တရားချီးမြှင့်ခြင်း
နေ့လည်၂း၀၀နာရီ............၈လုံးဘွဲ့သံပေါက်ကဗျာဖြင့် မြတ်စွာဘုရားအားပူဇော်ခြင်း၊မေတ္တာပို့သခြင်း
နေ့လည်၃း၀၀နာရီ ...........သင်္ကန်းကပ်လှူပူဇော်ခြင်း
နေ့လည်၃း၄၀နာရီ...........တရားနာပရိတ်သတ်များအား ထပ်မံ၍ အစားအစာများဖြင့်ဧည့်ခံခြင်း
နေ့လည်၎း၄၅နာရီ.........ရေစက်ချအမျဝေ၍အစီအစဉ်ပြီးဆုံးကြောင်းကြေငြာခြင်း။
နေရာ။ ။Saalbau Titus Forum Im Nordwestzentrum,Walter-Möller Platz 2,Frankfurt
Nordwestzentrum ဈေးသို့လာသည့်အတိုင်း U1 နှင့် U9ကိုစီးပါ။
``ြ ဆွမ်းဆက်ကပ်ရန်နှင့်အကျွေးအမွေးအလှူရှင်များကိုလှိုက်လှဲပျူဌာစွာကြိုဆိုဖိတ်ခေါ်အပ်ပါသည်။``
အကျွေးအမွေးအလှူရှင်များ၊
(၁) ကိုမင်းဦး+မပြုံး ကြက်သားနှင့်အာလူး
(၂) ကိုကျော်စိန်ဝင်း+မကြည်ကြည်ခင်၊သား အာကာမင်း ပုဇွန်ဟင်း
(၃) ဒေါ်ခင်မာလွင်၊သား မောင်စိုးဇာနည်ထွန်း အမဲနှပ်
(၄) ကိုခင်မောင်ဆွေ+မနွှဲ့ယဉ်၊သားကြီး ထက်၊ အစိမ်းကြော်၊
သားငယ် ကျော် မိသားစု ခရမ်းချဉ်သီးငပိချက်
(၅) ကိုခွန်လွန်းကျော်+မနန်းသီလာ ငါးသန်ငါးလေးကြော်၊ဌက်ပျောဖူးသုတ်
(၆) Umi sushi မိသားစု သီးစုံဟင်း၊အသားဟင်းတမျိုး
(၇) ဒေါ်ခင်သူဇာ ဝက်သားဟင်း
(၈) ဦးလှစု+ဒေါ်စိုးစိုးသိန်း မိသားစု ချဉ်ပေါင်ကြော်
(၉) ကိုမင်းထိုက်+မမာလာသင်း ၊သားကြီး ဒီဒီမင်း၊
သားငယ် အောင်ဇေမင်း မိသားစု ပုဇွန်ထုပ်ဆီပြန်ဟင်း
(၁၀) ကိုစိုးသီဟ+မအေမီ မိသားစု ကြက်သားအစပ်ကြော်
အချိုပွဲ
(၁) ကိုမင်းဦး+မပြုံး အုန်းနို့ကျောက်ကျော
(၂) ကိုမင်းမင်း (မွန်)မိသားစု သစ်သီးစုံ
(၃) ကိုမျိုးဇော်+မရွေးရွေးမော် မိသားစု သာကူပြင်
(၄) ဦးတင်ဖေ+ဒေါ်အုံးမမ မိသားစု ဌက်ပျောကောက်ညှင်းထုတ်
ပန်းအလှဆင်
(၁)မပြုံးပြုံးနိုင်
(၁) မစံပါယ်လွင် (အချိုရည်နှင့်ရေသန့်)

သီတင်းကျွတ်လပြည့်၊ အဘိဓမ္မာအခါတော်နေ့
မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး (၇)၀ါမြောက်တွင်၊ ၀ါဆိုဖို့ရန် အချိန်ရောက်လာသောအခါ၊ အဘိဓမ္မာတရားဟောကြားရန် တာဝတိံသာ နတ်ပြည်သို့ ကြွသွားပြီး၊ ပင်လယ်ကသစ်ပင်အရင်း၌ ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာထက်မှာ သီတင်းသုံးနေတော်မူပါသည်။ ထိုအခါ၊ တစ်သောင်းသော စကြ၀ဠာတိုက်မှ အဘိဓမ္မာတရား နာကြားဖို့ရာ ရောက်ရှိလာကြသော နတ် ဗြဟ္မာတို့အား၊
မယ်တော်ဖြစ်ခဲ့ဘူးသော သန္တုဿိတနတ်သားကို အမှူးထား၍ အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော်မူပါသည်။
အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော်မူသည့်အခါမှာ၊ အဘိဓမ္မာဒေသနာတော်သည်၊ အလွန်များပြားသည့်အတွက်ကြော င့်၊ တောင်ကျချောင်းမှရေများ၊ အလျင်အမြန်စီးကျနေသကဲ့သို့၊ ဘုရားရှင်၏ နှုတ်တော်မှ အလျင်အမြန်ထွက်ပေါ်ကာ၊ နေ့ရောညပါ အဆက်မပြတ် ဟောကြားတော်မူသည်။
ထိုသို့ ဟောကြားနေစဉ်၊ ဆွမ်းခံကြွရန်အချိန်ရောက်လာ သောအခါ၊
မြတ်စွာဘုရားနှင့် ပုံသဏ္ဍာန်အလုံးစုံတူသော နိမ္မိတရုပ်ပွား ဘုရားတစ်ဆူကို
ဖန်ဆင်းတော်မူပါသည်။ ဖန်ဆင်းပြီးသောအခါ၊ "နိမ္မိတရုပ်ပွားဘုရားသည်၊
ဤအဘိဓမ္မာဒေသနာတော်မှ၊ ဤအဘိဓမ္မာဒေသနာတော်တိုင်၊ ဟောကြားစေသည်း"ဟု
အဓိဋ္ဌာန်ပြုကာ၊ ဘုရားရှင်သည် လူ့ပြည်ရှိ အနောတတ်ရေအိုင်သို့ ကြွတော်မူပါသည်။
နိမ္မိတရုပ်ပွားဘုရားသည်၊ သဗ္ဗညုတမြတ်ဘုရားနှင့်၊ ရောင်ခြည်တော်(၆)သွယ်
နှင့်တကွ၊ အသွင်အပြင် အမူအရာတို့သည်၊ တစ်ထပ်တည်း တူတော်မူ၏။
နိမ္မိတရုပ်ပွားဘုရား၊ အဘိဓမ္မာတရား ဟောကြားနေသည်ကို၊ တန်ခိုးနည်းသည့်
နတ်ဗြဟ္မာများက မသိကြဘဲ၊ တန်ခိုးများသည့် နတ်ဗြဟ္မာများသာ
"ယခု ဟောကြားနေတာ၊ နိမ္မိတရုပ်ပွားဖြစ်သည်၊ ဗ္ဗညုမြတ်စွာဘုရားကတော့ ဆွမ်းကိစ္စအတွက် လူ့ပြည်သို့ ကြွသွားပြီ"ဟု သိကြပေသည်။
မြတ်စွာဘုရားသည်၊ အနောတတ်ရေအိုင်၌ ရေသပ္ပါယ်ပြီး၊ မြောက်ကျွန်းသို့ ဆွမ်းခံကြွတော်မူပါသည်။ ဆွမ်းခံရာမှ ပြန်ကြွလာသောအခါ၊ အနောတတ် ရေအိုင်မှာပင် ဆွမ်းဘုဉ်းပေးတော်မူပါသည်။ ဆွမ်းဘုဉ်းပေးပြီးသောအခါ စန္ဒကူးတောသို့ ကြွ၍၊ နေ့သန့်စင်တော်မူပါသည်။
ထိုအခါ၊ အရှင်သာရိပုတ္တရာသည် ဘုရားရှင်ထံ လာရောက်၍၊ ၀တ်ကြီးဝတ်ငယ် ပြုစုလုပ်ကျွေးပါသည်။ ဤသို့ အရှင်သာရိပုတ္တရာက လာရောက်၍ ပြုစုလုပ်ကျွေးသောအခါ၊ ဘုရားရှင်က
"ချစ်သား သာရိပုတ္တရာ - တာဝတိံသာနတ်ပြည်၌ ဟောကြားနေသော အဘိဓမ္မာဒေသနာတော်သည်၊ ဤဒေသနာတော်မှစ၍၊ ဤဒေသနာတော်တိုင်အောင် ဟောကြား၍ ပြီးဆုံးသွားလေပြီ"ဟု နည်းပေးသောအားဖြင့်၊ အရှင်သာရိပုတ္တရာအား၊ ဟောကြားတော်မူပါသည်။ အရှင်သာရိပုတ္တရာသည်၊ ပညာအရာတွင် အတော်ဆုံးဧတဒဂ်ရာထူးကို ရထားသောပုဂ္ဂိုလ် ဖြစ်သည့်အားလျော်စွာ၊ တာဝတိံသာနတ်ပြည်တွင် ဟောကြားတော်မူသည့် အဘိဓမ္မာဒေသနာတော်များကို၊ နည်းပေါင်းစုံလင်စွာ အားလုံးသိရှိတတ်မြောက်သွားပါသည်။
ဘုရားရှင်၊ စန္ဒကူးတောတွင် နေ့သန့်စင်သီတင်းသုံးနေတော် မူသော
အချိန်တွင်၊ နေ့စဉ်နေ့တိုင်း အရှင်သာရိပုတ္တရာ လာရောက်၍
ပြုစုလုပ်ကျွေးသောအခါ၊ တာဝတိံသာနတ်ပြည်တွင် ဟောကြားတော်မူသည့်
အဘိဓမ္မာတရားတော်များကို၊ ဘုရားရှင်က၊ အရှင်သာရိပုတ္တရာအား၊ အကျဉ်းချုပ်
ဟောတော်မူပါသည်။ အရှင်သာရိပုတ္တရာက၊ အကျယ်တတ်မြောက်သွားပါသည်။
တတ်မြောက်ပြီးသော အဘိဓမ္မာ ဒေသနာတော်များကို၊ လင်းနို့ငယ်ဖြစ်စဉ်ဘ၀က
အဘိဓမ္မာဓာတ်ခံ ပါလာကြသော၊ တပည့်ရဟန်းငါးရာကို တစ်ဆင့်သင်ကြားပို့ချပေးပါသ ည်။
တပည့်ရဟန်းငါးရာတို့သည် ကဿပမြတ်စွာဘုရား လက်ထက်တော် အခါက၊ အဘိဓမ္မာဓာတ်ခံ
ပါလာကြသောကြောင့်၊ လျှင်မြန်စွာ တတ်မြောက် သွားကြပေသည်။ ဘုရားရှင်၊
အဘိဓမ္မာဒေသနာတော်ကို ဟောကြား၍ပြီးဆုံးခြင်းနှင့် ၊ ထိုရဟန်းငါးရာတို့၏ အဘိဓမ္မာ(၇)ကျမ်းကို သင်ယူပြီးဆုံးခြင်းတို့သည်၊ မရှေးမနှောင်း တစ်ပြိုင်နက်လိုလိုပင် ဖြစ်ကြပေသည်။
ဤကဲ့သို့ ၀ါတွင်းသုံးလကာလပတ်လုံး ဟောကြား၍၊ သီတင်းကျွတ် လပြည့်နေ့မှာ ပြီးဆုံးသွားသောအခါ၊ ကုဋေ(၈)သောင်းမျှသော နတ်ဗြဟ္မာအပေါင်းတို့၊ ကျွတ်တမ်းဝင်သွားကြပေသည်။ မြတ်စွာဘုရား၏ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားသည်လည်း၊ သောတာပန် ဖြစ်သွားရပေသည်။
ဘုရားရှင်သည်၊ အဘိဓမ္မာဒေသနာတော်ကို ဟောကြား၍ ပြီးဆုံးသွား သောအခါ၊ လူ့ပြည်သို့ ပြန်ကြွတော်မူမည့်အကြောင်း၊
သိကြားမင်းကို မိန့်ကြားတော်မူရာ၊ သိကြားမင်းက မြတ်စွာဘုရား၊ လူ့ပြည်သို့
ကြွဆင်းရန်၊ မြင်းမိုရ်တောင်ထိပ်မှ သင်္ကဿနဂိုရ်မြို့တံခါးသို့
စောင်းတန်းသုံးသွယ် ဖန်ဆင်းပါသည်။ လက်ယာဘက်မှ ရွှေစောင်းတန်း၊ လက်ဝဲဘက်မှ
ငွေစောင်းတန်း၊ အလယ်မှ ပတ္တမြားစောင်းတန်းတို့ကို ဖန်ဆင်းပါသည်။
မြတ်စွာဘုရားသည်၊ ကိုယ်တော်မှ ရောင်ခြည်တော်(၆)သွယ်တို့ကို၊ ထွက်ပေါ်စေလျက်၊ မြင်းမိုရ်တောင်ထိပ် အလယ်ပတ္တမြားစောင်းတန်းမှ လူ့ပြည် သင်္ကဿနဂိုရ်မြို့တံခါးဝသို့၊
ကြွဆင်းတော်မူပါသည်။ လက်ယာဘက် ရွှေစောင်းတန်းမှ၊ နတ်ပရိသတ်များက
ဘုရားရှင်ကို ယပ်လေခတ်ပေးခြင်း၊ နတ်တို့၏ တူရိယာအမျိုးမျိုးတို့ကို
တီးမှုတ်ခြင်းတို့ဖြင့်၊ ပူဇော်ကာ၊ သက်ဆင်းလိုက်ပါလာကြပေသည်။ လက်ဝဲဘက်
ငွေစောင်းတန်းမှ၊ ဗြဟ္မာကြီးများက၊ ဘုရားရှင်ကို ထီးဖြူများဖြင့်
ဆောင်းမိုးကာ၊ သက်ဆင်းလိုက်ပါလာကြပေသည်။
မြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့်၊ အထက်သို့ အတနိဋ္ဌဗြဟ္မာပြည် တိုင်အောင်၊ အောက်သို့ အ၀ီစိငရဲတိုင်အောင်၊ အရှေ့, အနောက်, တောင်, မြောက်, အထောင့်အရပ်လေးခုဟူသော၊ အရပ်ရှစ်မျက်နှာ စကြ၀ဠာတိုက် ထောင်ပေါင်းများစွာတိုင်အော င်၊ အပိတ်အပင် အတားအဆီးမရှိဘဲ၊ ဟင်းလင်းပွင့်ကာ တွေ့မြင်ကြရပေသည်။
လူတို့သည်၊ နတ်ဗြဟ္မာတို့၏ ဘုံဗိမာန်များနှင့် နတ်ဗြဟ္မာတို့ကို တွေ့မြင်ကြရသလို၊ နတ်ဗြဟ္မာတို့ကလည်း၊ ဘုရားရှင်အား သောင်းသောင်းဖျဖျ ကြိုဆိုနေကြသည့် သိန်းသန်းကုဋေမက များပြားလှသော လူတို့ကို တွေ့မြင်ကြရပေသည်။ ဤသို့၊ မကြုံစဖူး ကြည်ညိုဖွယ်ရာများကို တွေ့မြင်ကြရသောကြောင့်၊ (၃၆)ယူဇနာအတွင်း၌ ရှိနေကြသော လူအပေါင်းတို့သည်၊ ဘုရားဆုကို မပန်သောသူဟူ၍ မရှိကြပေ။ ဘုရားရှင် ကြွဆင်းလာသည်ကို၊ လူတို့က မီးရှူးတန်ဆောင် အလင်းရောင်တို့ဖြင့် ထွန်းညှိပူဇော်ကြိုဆိုကြသည် ။ ထိုဖြစ်ရပ်ကို အစွဲပြု၍၊ နှောင်းခေတ်ဗုဒ္ဓဘာသာဝင်တို့ က သီတင်းကျွတ်ချိန်တွင်၊ မြင်းမိုရ်မီးပွဲ ထွန်းညှိပူဇော်ကြသည်။ ထို့ပြင်၊ သီတင်းကျွတ်လပြည့်နေ့ကိုလည်း၊ အဘိဓမ္မာအခါတော်နေ့ဟူ၍ သတ်မှတ်ကျင်းပလာခဲ့ကြပေသည်။
( သဒ္ဓမ္မရံသီဆရာတော်ဘုရားကြီး )
အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော်မူသည့်အခါမှာ၊ အဘိဓမ္မာဒေသနာတော်သည်၊ အလွန်များပြားသည့်အတွက်ကြော
ထိုသို့ ဟောကြားနေစဉ်၊ ဆွမ်းခံကြွရန်အချိန်ရောက်လာ
"ယခု ဟောကြားနေတာ၊ နိမ္မိတရုပ်ပွားဖြစ်သည်၊ ဗ္ဗညုမြတ်စွာဘုရားကတော့ ဆွမ်းကိစ္စအတွက် လူ့ပြည်သို့ ကြွသွားပြီ"ဟု သိကြပေသည်။
မြတ်စွာဘုရားသည်၊ အနောတတ်ရေအိုင်၌ ရေသပ္ပါယ်ပြီး၊ မြောက်ကျွန်းသို့ ဆွမ်းခံကြွတော်မူပါသည်။ ဆွမ်းခံရာမှ ပြန်ကြွလာသောအခါ၊ အနောတတ် ရေအိုင်မှာပင် ဆွမ်းဘုဉ်းပေးတော်မူပါသည်။ ဆွမ်းဘုဉ်းပေးပြီးသောအခါ စန္ဒကူးတောသို့ ကြွ၍၊ နေ့သန့်စင်တော်မူပါသည်။
ထိုအခါ၊ အရှင်သာရိပုတ္တရာသည် ဘုရားရှင်ထံ လာရောက်၍၊ ၀တ်ကြီးဝတ်ငယ် ပြုစုလုပ်ကျွေးပါသည်။ ဤသို့ အရှင်သာရိပုတ္တရာက လာရောက်၍ ပြုစုလုပ်ကျွေးသောအခါ၊ ဘုရားရှင်က
"ချစ်သား သာရိပုတ္တရာ - တာဝတိံသာနတ်ပြည်၌ ဟောကြားနေသော အဘိဓမ္မာဒေသနာတော်သည်၊ ဤဒေသနာတော်မှစ၍၊ ဤဒေသနာတော်တိုင်အောင် ဟောကြား၍ ပြီးဆုံးသွားလေပြီ"ဟု နည်းပေးသောအားဖြင့်၊ အရှင်သာရိပုတ္တရာအား၊ ဟောကြားတော်မူပါသည်။ အရှင်သာရိပုတ္တရာသည်၊ ပညာအရာတွင် အတော်ဆုံးဧတဒဂ်ရာထူးကို ရထားသောပုဂ္ဂိုလ် ဖြစ်သည့်အားလျော်စွာ၊ တာဝတိံသာနတ်ပြည်တွင် ဟောကြားတော်မူသည့် အဘိဓမ္မာဒေသနာတော်များကို၊ နည်းပေါင်းစုံလင်စွာ အားလုံးသိရှိတတ်မြောက်သွားပ
ဘုရားရှင်၊ စန္ဒကူးတောတွင် နေ့သန့်စင်သီတင်းသုံးနေတော်
ဤကဲ့သို့ ၀ါတွင်းသုံးလကာလပတ်လုံး ဟောကြား၍၊ သီတင်းကျွတ် လပြည့်နေ့မှာ ပြီးဆုံးသွားသောအခါ၊ ကုဋေ(၈)သောင်းမျှသော နတ်ဗြဟ္မာအပေါင်းတို့၊ ကျွတ်တမ်းဝင်သွားကြပေသည်။ မြတ်စွာဘုရား၏ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားသည်လည်း၊ သောတာပန် ဖြစ်သွားရပေသည်။
ဘုရားရှင်သည်၊ အဘိဓမ္မာဒေသနာတော်ကို ဟောကြား၍ ပြီးဆုံးသွား သောအခါ၊ လူ့ပြည်သို့ ပြန်ကြွတော်မူမည့်အကြောင်း၊
မြတ်စွာဘုရားသည်၊ ကိုယ်တော်မှ ရောင်ခြည်တော်(၆)သွယ်တို့ကိ
မြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့်၊ အထက်သို့ အတနိဋ္ဌဗြဟ္မာပြည် တိုင်အောင်၊ အောက်သို့ အ၀ီစိငရဲတိုင်အောင်၊ အရှေ့, အနောက်, တောင်, မြောက်, အထောင့်အရပ်လေးခုဟူသော၊ အရပ်ရှစ်မျက်နှာ စကြ၀ဠာတိုက် ထောင်ပေါင်းများစွာတိုင်အော
လူတို့သည်၊ နတ်ဗြဟ္မာတို့၏ ဘုံဗိမာန်များနှင့် နတ်ဗြဟ္မာတို့ကို တွေ့မြင်ကြရသလို၊ နတ်ဗြဟ္မာတို့ကလည်း၊ ဘုရားရှင်အား သောင်းသောင်းဖျဖျ ကြိုဆိုနေကြသည့် သိန်းသန်းကုဋေမက များပြားလှသော လူတို့ကို တွေ့မြင်ကြရပေသည်။ ဤသို့၊ မကြုံစဖူး ကြည်ညိုဖွယ်ရာများကို တွေ့မြင်ကြရသောကြောင့်၊ (၃၆)ယူဇနာအတွင်း၌ ရှိနေကြသော လူအပေါင်းတို့သည်၊ ဘုရားဆုကို မပန်သောသူဟူ၍ မရှိကြပေ။ ဘုရားရှင် ကြွဆင်းလာသည်ကို၊ လူတို့က မီးရှူးတန်ဆောင် အလင်းရောင်တို့ဖြင့် ထွန်းညှိပူဇော်ကြိုဆိုကြသည်
( သဒ္ဓမ္မရံသီဆရာတော်ဘုရားကြီး )
Dienstag, 3. September 2013
Freitag, 23. August 2013
ဆက်သွယ်ရန်
ဆက်သွယ်ရန် လိပ်စာ ...
Dhammaduta Myanmar Buddhist Temple
c/o
Htet Kyain Aung
Gutleutstr 127, 60327
Frankfurt, Germany
ဖုန်း ....
+49 692 4404 258
+49 173 1535 014
+49 172 2750 691
Dhammaduta Myanmar Buddhist Temple
c/o
Htet Kyain Aung
Gutleutstr 127, 60327
Frankfurt, Germany
ဖုန်း ....
+49 692 4404 258
+49 173 1535 014
+49 172 2750 691
Sonntag, 14. Juli 2013
ဝါဆိုလပြည့် တရားပွဲ အကျွေးအမွေးအလှူရှင်များ
ဝါဆိုလပြည့် ၂၁.၀၇.၂၀၁၃ Gutleut Saalbau တရားပွဲ သံဃာတော်များဆွမ်း နှင့် ကျွေးမွေး အလှူရှင်များ
၁.ကိုဖြိုး ဆတ်သားဆီပြန်ပာင်း
၂.ကိုမင်းဦး+မပြုံး အမဲသားမဆလာပာင်း
၃.ကိုစိုးဝင်းသန်း+မတင်တင်ဝင်း ၀က်သားမှိုအချိုချက်၊ ချဉ်ပေါင်ကြော်
၎.ဒေါ်ခင်မာလွင် အမဲပုဆိုးကြမ်း
၅.ကိုဇာနည် ပုဇွန်ပာင်း၊ငပိရည်
၆.ဦးတင့်ဖေ+ဒေါ်အုန်းမမ ယိုးဒယားကြက်သားပာင်း
၇.ကိုကျော်စိန်ဝင်း+မကြည်ကြည်ခင်၊
သားအာကာ ငါးဖယ်ဆီပြန် ၊ငါးဖယ်လက်သုတ်
၈.ကိုမင်းပာန်+မသိဂီ င်္မိသားစု ကြက်သားအာလူးဆီပြန်
၉.ကိုဝင်းကိုမြတ်+မဖြိုးဖြိုး ပဲပြားချဉ်စပ်သုတ်
၁၀.ကိုခွန်လွန်းကျော်+မနန်းသီလာ သီးစုံချဉ်ရည်ပာင်း
၁၁.အန်တီနွယ်မိသားစု ငါးနှင့်သရက်သီးစိမ်းမွန်ချက်၊ လက်ဖက်သုတ်
၁၂.ဒေါ်တင်ဇာလွင်၊သားဇာလီဝင်းသန့်
သမီး ထာနည်ဝင်းသန့် ဘဲကင်ဟင်း
အချိုပွဲ
၁.ကိုမင်းဦး+မပြုံး အုန်းနို့ကျောက်ကျော
၂.ကိုဇာနည် ဖရဲသီး
၃.အန်တီနွယ်မိသားစု ရွှေရင်အေး
၎..ဒေါ်တင်ဇာလွင်၊သားဇာလီဝင်းသန့်
သမီး ထာနည်ဝင်းသန့် ဆနွင်းမကင်း
ပန်းအလှအလှူရှင်
၁. ကိုဂျူးနီ+မမြတ်နိုးမိသားစု
၂.ကိုကျော်ဇောဟိန်း+မစုလှိုင်ထက် (နှင်းဆီပန်းအလှ)
ဆွမ်း၊အစားအစာများ၊အချိုပွဲ နှင့် ပန်း အလှလှူလိုသူများဆက်သွယ်ရန်
ကိုလှမြင့်စိုး ဖုန်း ၀၁၇၄၈၅၀၉၄၈၅ ၊ ကိုဖြိုး ၀၁၇၃၆၈၆၇၉၀၆ ၊ကို မင်းမင်း ၀၁၇၄၂၉၉၈၆၃၅

Abonnieren
Posts (Atom)