Mittwoch, 18. Juni 2014

ဆရာတော် အရှင်ရာဇိန္ဒ ရဝေနွယ်(အင်းမ) တရားပွဲ

ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့ခင်ဗျား

 ဂျာမနီ နိုင်ငံ ၊ဖရန့်ဖတ်မြို့ သို့ ဆရာတော် အရှင်ရာဇိန္ဒ ရဝေနွယ်(အင်းမ)ကြွရောက် ၍  နိဗ္ဗာန် ရောက်ကြောင်း တရားပောာကြားချီးမြှင့် မည် ဖြစ်ပါသဖြင့် ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့အား ရတောင့်ရခဲ အခွင့်အရေး လက်လွတ်မခံပဲ လာရောက် နာယူ ကုသိုလ်ပြု နိုင်ကြပါစေရန် တိုက်တွန်းနိုးဆော်လိုက် ပါသည်။

ဆရာတော်သည် ၂၀.၀၆.၂၀၁၄ တွင် ဂျာမနီ ဖရန့်ဖတ် သို့ရောက်ရှိမည်ဖြစ်ပြီး ဓမ္မဒူတမြန်မာဗုဒ္ဓဘာသာကျောင်းတွင် ၁၃.၀၇.၂၀၁၄ အထိ သီတင်းသုံးနေထိုင်မည်ဖြစ်ပါသဖြင့် ဆွမ်းလှူ ၊ဆွမ်းပင့်လိုသူများ အောက်ပါဖုန်းနံပါတ်သို့ဆက်သွယ်နိုင်ပါပြီ

ဆက်သွယ်ရန်။          ။ ဦးသုမန ....015218947848 ၊

                               ဓမ္မဒူတမြန်မာဗုဒ္ဓဘာသာကျောင်းဖုန်း.......06924404258

တရားပွဲအစီအစဉ်။        ။

နေ့ရက်........၂၉.၀၆.၂၀၁၄ (တနင်္ဂနွေနေ့)
နေရာ...........Saalbau Gutleut ခန်းမ, Rottweiler Straße 32, 60327 Frankfurt am Main
Hauptbahnhof မှ Straßebahn 12,16,21 စီးပါ.မှတ်တိုင် Baseler Platz

အချိန်...........
နံနက်၁၀နာရီခွဲ ..........ဆွမ်းပွဲများပြင်ရန် ခန်းမသို့အရောက်လာကြပါရန်
နံနက် ၁၁ နာရီ ခန့်........ဗုဒ္ဓမြတ်စွာဘုရားအား စုပေါင်းဆွမ်းတော်ကပ်လှူခြင်း
နံနက် ၁၁ နာရီ၁၅ မိနစ်............ သံဃာတော်အရှင်မြတ်များအား ဆွမ်းကပ်လှူခြင်း
နေ့လည် ၁၂ နာရီ..........ကြွရောက်လာသောတရားနာ အလှူ ရှင်ဓမ္မမိတ်ဆွေ အပေါင်းအားအစားအစာများဖြင့် ဧည့်ခံကျွေးမွေးခြင်း
နေ့လည် ၁ နာရီ............ဓမ္မဒူတမြန်မာဗုဒ္ဓဘာသာ အသင်းမှ မေတ္တာပို့  ရွတ်ဖတ်ပူဇော်ခြင်း
နေ့လည် ၁ နာရီခွဲ..........သံဃာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူခြင်း
နေ့လည် ၁ နာရီ ၄၅မိနစ်.........သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များအား နာယူခြင်း
*** ဆရာတော် အရှင်ရာဇိန္ဒ ရဝေနွယ်(အင်းမ) မှ နှိဗ္ဗာန်ရောက်ကြောင်းအထူးတရား ပောာကြားမည်။***
နေ့လည် ၃ နာရီ ခွဲ ..............စုပေါင်းအမျှဝေခြင်း နှင့် အခမ်းအနားပြီးဆုံးခြင်း

29.06.2014 တရားပွဲနေ့ ဆွမ်းပွဲအလှူ  ရှင်များ........ 
1.ကိုမင်းမင်း(မွန်)၊ဦးသုမန    .......................... ဒါန်ပေါက် (အန်တီနွယ်ချက်မည်)
2.မစပါယ်လွင်............................................. ရေ နှင့် အအေး
3.ကိုခင်မောင်ဆွေ ၊ မနွဲ့ ယဉ်ယဉ် သားကြီးထက် ၊ သားငယ်ကျော်..engry drink
4.ဦးတိုး+ဒေါ်အေးကြည်၊သားကိုခန့် ..........သစ်သီးစုံအချိုပွဲ
5.ကိုလွန်ကျော် +မနန်းသီလာ..... ဌက်ပျော်ဖူးအသုတ် ၊အချဉ်ပာင်း

6.ကိုဝင်းကိုမြတ်+မဖြိုးဖြိုး   ........အစိမ်းကြော်
7.ဦးလှစု+ဒေါ်စိုးစိုးသိန်း  .........ဖါလူဒါ
8.မမာမာအောင် မိသားစု ........................ပဲပြု တ် နှင့် မြှစ် 9.ကိုရောဖတ် ......................................၀က်သားပာင်း 10. ကိုကြည်ဝင်း+ မလင်းလင်းလက် မိသားစု....ငါးဖဲပာင်း 11.ကိုကျော်ကျော်+ မဥမ္မာညွန့်  မိသားစု...........မုန့် လက်ဆောင်း 
12.ကိုသန်းစိုး မစုလေးနွယ် မိသားစု................သရက်ချဉ်သုတ်
13.ကိုဂျူးနီ မမေမြတ်နိုး မိသားစု.....................ချဉ်ပေါင်ကြော်
14.မစပါယ်လွင်၊ မောင်လေးထက်ပြည့်..........ကြက်သဲမြစ်


ပန်းအလှ အလှူ ရှင်များ..........
၁။ကိုမင်းဦး+မပြုံး

နေ့ ဆွမ်းအလှူရှင်များ

1.မနွယ်၊ သား ကိုဇင် .................၂၀.၀၆.၂၀၁၄
2.ကိုကျော်ကျော် + မသန္ဒာစိုး မိသားစု ........၂၇.၀၆.၂၀၁၄
3.ကိုစိုးဝင်းသန်း + မတင်တင်ဝင်း မိသားစု...၂၈.၀၆.၂၀၁၄
4.ကိုခင်မောင်ဆွေ + မနွဲ့ ယဉ်ယဉ် ၊ သားကြီးထက် ၊ သားငယ်ကျော်..၁၄.၀၇.၂၀၁၄
5.ကိုအောင်+မစိမ့်လှိုင်၊သားသုတအောင်.....၂၉.၀၆.၂၀၁၄ အာရုံဆွမ်း
6.ကိုမျိုးဇော် +မရွေးရွေးမော် မိသားစု......... ၂၈.၀၆.၂၀၁၄ အာရုံဆွမ်း



ကိုယ်တိုင်ရေးရာဇ၀င်

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ အင်းမမြို့၊ အဖ ဦးသိန်းနီစိန်၊ အမိ ဒေါ်ကျင်နုတို့က ၁၉၆၉ ခုနှစ်၊ ဇွန်လ (၁၈)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်သည်။ ၁၉၇၉ ခုနှစ်တွင် ပထမအကြိမ် ရှင်သာမဏေပြုသည်။ ၁၉၈၀ ခုနှစ်တွင် ဒုတိယအကြိမ် ရှင်သာမဏေပြုသည်။ ဘွဲ့အမည်မှာ ရှင်ရာဇိန္ဒ ဖြစ်သည်။ ၁၉၈၉ ခုနှစ်တွင် ရဟန်းအဖြစ်သို့ ရောက်သည်။ ရန်ကုန်မြို့၊ မဟာဝိသုဒ္ဓါရုံ ပါဠိတက္ကသိုလ် ကျောင်းတိုက်တွင် ပညာ သင်ကြားခဲ့သည်။ ရန်ကုန်မြို့၊ ရှစ်မိုင်၊ သဒ္ဓမ္မရံသီ ဆရာတော် ဘုရားကြီး အထံတော်၌ (၆)နှစ် သီတင်းသုံးခဲ့သည်။ ၂၀၀၀ ခုနှစ်တွင် သာသနဓဇ ဓမ္မာစရိယဘွဲ့ကို ရရှိသည်။ ၁၉၈၅ ခုနှစ်တွင် ပန်မဂ္ဂဇင်းသို့ ၀တ္တုတိုစတင်ပို့သည်။ ၁၉၈၅၊ ၁၉၈၆၊ ၁၉၈၈၊ ၁၉၈၉ ခုနှစ် အတွင်း ပေးပို့ခဲ့သော စာမူအားလုံး အပယ်ခံ့ရသည်။ ၁၉၉၀ ခုနှစ် ဧပြီလထုတ် မြတ်မင်္ဂလာ စာစောင်တွင် ဓမ္မဆောင်းပါး ပထမဆုံး စတင် ဖော်ပြခံရသည်။ ၂၀၀၁ ခုနှစ် ဇန်န၀ါရီလတွင် ပညာရွှေတောင် စာအုပ်တိုက်မှ “ဘ၀တိုင်းဆုံတွေ့ချင်ပါသလား” ဘာသာရေးစာအုပ် စတင် ထုတ်ဝေခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် မင်္ဂလာအတွေးများ စာအုပ်ဖြင့် ဓမ္မဗိမာန် စာပေဆုနှင့် ဆန်းလွင်စာပေ ပထမဆုကို ရရှိခဲ့သည်။ ယခုအခါ ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃) လမ်းမကြီး၊ သင်္ကန်းကျွန်းကြီး ရပ်ကွက်၊ အောင်စည်းခုံ စေတီလမ်း၊ ဓမ္မရဝေကျောင်းတိုက်၌ ပဓာနနာယက အဖြစ် သီတင်းသုံးလျှက်ရှိသည်။