Freitag, 25. Juli 2014

ရွှေညဝါဆရာတော် ကြွရောက်လာပါပြီ ....




ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့ ....


၂ဝ၁၄ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့ နံနက် ၆းဝဝ အချိန်တွင် ဂျာမနီနိုင်ငံ၊ ဖရန့်ဖွတ်မြို့သို့ ရွှေညဝါဆရာတော် ကြွရောက်လာပြီ။ ဗမာစတိုးနှင့်ပုဂံဆူရှိ ညီအစ်ကိုများက ယာဉ်အလှူနှင့် အရုဏ်ဆွမ်းလှူဒါန်းခဲ့ကြသည်။

နေ့ဆွမ်းအလှူအဖြစ် ဦးလှစု + ဒေါ်စိုးစိုးသိမ်း မိသားစု၊ မခင်တိုးလွင် မိသားစုနှင့် အခြားမြန်မာမိသားစုများက ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ 


 
 
ဆရာတော်သည် ဓမ္မဒူတမြန်မာကျောင်းတွင် သီတင်းသုံးမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဆရာတော်နှင့်သံဃာတော်များအား အာရုံဆွမ်းနှင့်နေ့ဆွမ်း ဆက်ကပ်လှူဒါန်းနိုင်ကြပါသည်။  

ဆက်ကပ်လှူဒါန်းလိုသော ဆွမ်းအလှူရှင်များအနေဖြင့် ၀၆၉၂၄၄၀၄၂၅၈ သို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်းလိုက်ရပါသည်။ 

                                                                                                
                                                                                                  
                                                                                                         အကျိုးဆောင်များ

Sonntag, 20. Juli 2014

အဘိဓမ္မာသင်တန်း စတင်ပြီ


ဂျာမနီနိုင်ငံ၊ ဖရန့်ဖွတ်မြို့၊ ဓမ္မဒူတမြန်မာကျောင်း၊
အဘိဓမ္မာသင်တန်းကို သင်တန်းသား ၁ဝ ဦးဖြင့်
စတင်ဖွင့်လှစ်ခဲ့သည်။ မသိမကြားလိုက်မိသူများလည်း
အကြောင်းကြားပြီး တက်ရောက်နိုင်ပါကြောင်း ပညာပါရမီအကျိုးငှါ နှိုးဆော်လိုက်ပါသည်။

မြန်မာများအတွက် အဘိဓမ္မာသင်တန်းအပြင်၊ သုတ္တန်သင်တန်း စသည်တို့ကိုလည်း စီစဉ်ထားပါသည်။ ထို့အပြင် ဒေသခံ ဂျာမန်လူမျိုးများအတွက် သင်တန်းကျင်းပပေးနိုင်အောင်လည်း စီစဉ်လျက်ရှိပါသည်။ 

ချမ်းမြေ့ကြပါစေ ...
အရှင်ကုသလသာမိ (အတည်မဲ့)
၂ဝ၊ ဝ၇၊ ၂ဝ၁၄

ဓမ္မစေတီဆရာတော် အထူးတရားပွဲ


တရားချစ်ခင်ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့ ခင်ဗျား

 အရှင်ဘဒ္ဒ န္တကောသလ္လ (ဓမ္မစေတီဆရာတော်) သည် ၊ ဂျာမနီ နိုင်ငံ၊ ဖရန်ဖတ်မြို့ သို့  ကြွရောက်၍ ၊ မြတ်ဗုဒ္ဓ၏တရားဓမ္မများကို၊ ပောာကြားချီးမြင့်မည်ဖြစ်ပါသဖြင့်၊ အောက်ပါအစီအစဉ်တိုင်း စုပေါင်းတရား နာ၍၊  ကုသိုလ်ပွားများကြပါရန်၊  နိဗ္ဗာန်အကျိုးမျှော်၍၊ နှိုးဆော်တိုက်တွန်းအပ်ပါသည်။
.
မှတ်ချက်..
ဆရာတော်၊ သံဃာတော်များအား ၊ စုပေါင်းဆွမ်းဆက်ကပ်လှူ ဒါန်းမည်ဖြစ်ပါသောကြောင့်၊ ဆွမ်းအလှူရှင် များလာရောက်၍၊ ဆွမ်းကပ်လှူ ဒါန်းနိုင်ပါကြောင်း၊ အသိပေးအပ်ပါသည်။ ဆွမ်းလှူကြမည့် အလှူရှင်များမှ၊ ဆွမ်းကပ်ရန်အချိန်မှီ၊ တရားခန်းမသို့ လာရောက်ကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။
.
ဆွမ်းအလှူရှင်များ
ကိုစိုးလွင်+ မမင်းမင်းမိသားစု............................ကြက်သားအာလူး
မနွယ်နှင့် သားကိုဇင်.......................................ဆိတ်ကလီဇာပာင်း
မစပယ်လွင်................................................ပဲကုလားပာင်း
ကိုမင်းပာန်+ မသိဂီ င်္......................................မြှစ်ကြော်နှင့်ပဲပြုတ်
ကိုကြည်လင်+ မသော်တာမိသားစု....................ငါးဖဲပာင်း
ကိုသက်အောင်+ မလွင်လွင်လှိုင်မိသားစု............၀က်သားနီချက်
ကိုလှမြင့်စိုး.................................................မြင်ခွားရွက်သုတ်
ကိုအောင်+ မစိမ့်စိမ့်လှိုင်မိသားစု.......................ကြက်သားသုတ်
မဥမ္မာ မိသားစု..............................................မုန့် ကျွဲသဲ
ဦးလှ+ ဒေါ်ခင်ထွေးမိသားစု..............................ခေါပြင်
ကိုစံမင်း+ မ၀တ်မှု.ံ........................................ ကျောက်ချော + ရွှေကြည်ဆနွင်းမကင်း
.
ရေနှင့်အအေးအလှူရှင်
မစပယ်လွင် နှင့် မောင်လေး ထက်ပြည့်ကျော်
.
ဘုရားပန်းအလှ အလှူရှင်
ကိုမင်းဦး မပြုံး
.
ဆက်သွယ်ရန်
ကိုစိုးလွင် 017670996660
ကိုသိန်းယု 015202325633
ကိုကြည်ဝင်း 015211959903
ကိုအောင်နိုင်ထွေး015732467626
ကိုစိုးခင် 01786362872, 06923810840

တရားပွဲကျင်းပမည့် အစီအစဉ်များ
.
တရားပွဲကျင်းပမည့်နေ့ ရက်
27.07.2014 , Sunday
.
ဆရာတော်၊ သံဃာတော်များဆွမ်းကပ်မည့်အချိန်
နံနက် 11:00နာရီအချိန်တိတိ
.
ဆရာတော်တရားချီးမြှင့်မည့်အချိန်
နေ့ လည် 1:00နာရီ 
.
ကျင်းပမည့်နေရာ။  
Saalbau Titus Forum
Walter-Möller-platz 2, 60439, Frankfurt am Main.
.
စီးရမည့်ရထား။
U1 နှင့် U9 စီးပြီး၊ Nordwestzentrum မှတ်တိုင်းတွင်ဆင်းပါ..

Dienstag, 15. Juli 2014

အဘိဓမ္မာသင်တန်းများ စတင်ပို့ချတော့မည် ...


ဂျာမနီနိုင်ငံ၊ ဖရန့်ဖွတ်မြို့ရှိ မြန်မာမိသားစုများအတွက် ဓမ္မအမြင်ဖွင့်သင်တန်းများ စီစဉ်ဖွင့်လှစ်သွားပါမည်။ ကလေးငယ်များအတွက် ယဉ်ကျေးလိမ္မာသင်တန်းများ၊ မြန်မာစာသင်တန်းများ၊ လူကြီးများအတွက် အဘိဓမ္မာသင်တန်း၊ ဓမ္မပဒသင်တန်းနှင့် သုတ္တန်သင်တန်းများကိုလည်း စီစဉ်ဖွင့်လှစ်သွားပါမည်။

စိတ်ပါဝင်စားသူများအနေဖြင့် အောက်ပါ အီးမေးလ်နှင့်ဖုန်းနံပါတ်များသို့ ဆက်သွယ်စာရင်းပေးနိုင်ပါသည်။ မိမိတို့၏ ရင်သွေးငယ်များ ဘာသာရေးအမွေလက်ဆင့်ကမ်း ပေးနိုင်စေရန်အတွက် ယဉ်ကျေးလိမ္မာသင်တန်းများကို မပျက်မကွက် တက်ရောက်ကြပါရန် တိုက်တွန်းအပ်ပါသည်။

လူကြီးမိဘများအနေဖြင့်လည်း မြတ်စွာဗုဒ္ဓ၏ လေးနက်သော အဘိဓမ္မာတရားတော်များ၊ ဓမ္မပဒ၊ သုတ္တန်တရားတော်များကို ကိုယ်တိုင်ကိုယ်ကျ သိရှိနားလည်စေရန်အတွက် သင်တန်းများကို တက်ရောက်ကြပါရန် နှိုးဆော်အပ်ပါသည်။ တက်ရောက်မည့်သင်တန်းသားများ၏ ဆက်သွယ်လာမှုအပေါ်မူတည်၍ အသေးစိတ်အချိန်ဇယားကို ထုတ်ပြန်အကြောင်းကြားပေးသွားပါမည်။  

လက်ရှိအချိန်တွင် လာမည့် ဇူလိုင်လ ၂ဝ ရက်၊ တနင်္ဂနွေနေ့၊ နေ့လယ် နာရီမှ နာရီထိ အခြေခံအဘိဓမ္မာသင်တန်းတစ်ခုကို စတင်ပို့ချသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။  

ဖရန့်ဖွတ်မြို့ရှိ မြန်မာအမျိုးကောင်းသား၊ အမျိုးကောင်းသမီးများအနေဖြင့် ကြုံတောင့်ကြုံခဲ မြတ်ဗုဒ္ဓတရားတော်များကို ကိုယ်တိုင်ကိုယ်ကျ သိရှိနားလည်ခွင့်ရမည့် အခွင့်အရေးကို လက်လွှတ်မခံဘဲ ပညာပါရမီကုသိုလ် ဖြည့်ဆည်းနိုင်ကြပါရန် အသိပေးနှိုးဆော်တိုက်တွန်းအပ်ပါသည်။ 

Email: mbcgermany@gmail.com 
Ph: +49 152144 89565

Montag, 14. Juli 2014

ဗုဒ္ဓဘာသာမြန်မာမိသားစုဝင်များအတွက် သတင်းကောင်း

ထင်ရှားစွာ မြင်နိုင်ရန် ပုံပေါ်ကို ကလစ်ထောက်၍ ကြည့်ပါရန် ......


Sonntag, 13. Juli 2014

စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲ အောင်မြင်စွာ ကျင်းပပြီးစီး

ဓမ္မဒူတမြန်မာအသင်း ဝါဆိုလပြည့်၊ ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်ပွဲတော်ကို ဂျာမနီနိုင်ငံ၊ ဖရန့်ဖွတ်မြို့၊ ဆာလ်ဘောထ်ခန်းမကြီးထဲတွင် ဂျာမနီရောက် မြန်မာမိသားစုများ စုပေါင်းအားဖြင့် ပျော်ပျော်ရွှင်ရွင် စည်စည်ကားကား ကျင်းပပြုလုပ်နိုင်ခဲ့ကြပါသည်။ 
အခမ်းအနားတွင် မိမိတို့နှစ်သက်ရာ အစားအသောက်မျိုးစုံဖြင့် သံဃာတော်များနှင့်ဧည့်ပရိသတ်များအား ကျွေးမွေးလှူဒါန်းခြင်း၊ ဓမ္မစကြာတရားတော်များကို စုပေါင်းရွတ်ဖတ်ပူဇော်ခြင်း၊ အရှင်ဣဿ     ရိယ (မင်းသုည)ထံမှ ငါးပါးသီလနှင့်တရားတော်များ နာယူခြင်း၊ သံဃာတော်များအား ဝါဆိုသင်္ကန်းများ အသီးအသီး ဆက်ကပ်လှူဒါန်းခြင်းနှင့် စုပေါင်းအမျှဝေခြင်း .... စသော ကုသိုလ်ကောင်းမှုများကို ပြုလုပ်ခဲ့ကြပါသည်။

မအားမလပ်သည့်ကြားမှ တရားဓမ္မများ ချီးမြှင့်ပေးကြသော သံဃာတော်များ၊ ခက်ခက်ခဲခဲဖြင့် ကုသိုလ်အရေးကို အားခဲကာ ကြွရောက်လာကြသော ဂျာမနီနေရာအသီးသီးမှ မြန်မာမိသားစုများ၊ ကိုယ်တိုင်ကိုယ်ကျ မလာရောက်နိုင်သော်လည်း စေတနာအားဖြင့် ပူးပေါင်းကူညီပံ့ပိုးပေးကြသူများ ... အားလုံးတို့ကို ကျေးဇူးအထူးဥပကာရ တင်ရှိပါသည်။ 

အလုပ်တာဝန်များ မအားမလပ်ကြသဖြင့် မတတ်ရောက်နိုင်ကြသော မိသားစုများ၊ မိတ်ဆွေများနှင့် ရပ်ဝေးရပ်နီး ဤစာကို ဖတ်မိသူများအားလုံးတို့အား ဤယနေ့ ပြုလုပ်ခဲ့ရသော ကုသိုလ်ကောင်းမှုအဖို့ဘာဂကို အမျှပေးဝေပါ၏။ အမျှရကြ၍ ကိုယ်ကျန်းမာစိတ်ချမ်းသာစွာဖြင့် ဝမ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ကြပါစေ .....







Montag, 7. Juli 2014

ဝါဆိုလပြည့်(ဓမ္မင်္ကြာအခါတော်နေ့) အခါသမယအထိမ်းအမှတ်ပွဲ

ဓမ္မမိတ်ဆွေ အပေါင်းတို့ခင်ဗျား............


“သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်၊ သောင်းခွင်စကြာဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊
ရတုနဂိုရ်၊ ရွှန်းရွှန်းစိုသည်၊ ၀ါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်၊
နတ်လူငြိမ်းဘို့၊ ကိန်းပါကို”

“ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ဝယ်၊ ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ ဆယ့်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊၊ သံဝေပိုက၊ ၀ါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရိပ်လှုံသည်၊ စုံမြိုင်ပင်ရိပ်ခန်းမှာကို”

“ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြ်ာရွှေဖွါး၊ ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတစ်သောင်း၊ တိုက်အပေါင်းမှ၊
ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ၀ါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်၊ တရားနတ်စည်၊ ရွှန်းတယ်ကို”

ဟူသော လယ်တီဆရာတော်ဘုရားကြီး၏ ခုနှစ်နေ့ဘုရားရှိခိုးကဗျာများတွင် ပါရှိသည့်အတိုင်း လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်း ပါရမီတော်(၁၀)ပါး ဖြည့်ကျင့်တော်မူခဲ့သော ဗုဒ္ဓဘုရားရှင်ကိုယ်တော်မြတ်ကြီး ပဋိသန္ဓေယူတော်မူသောနေ့၊ သံဝေဂရ တောထွက်တော်မူသောနေ့၊
ဓမ္မစကြ်ာတရားတော် ပောာကြားတော်မူသောနေ့ပာူသော ထူးမြတ်သောအဖြစ်အပျက် (၃)ခုနှင့်တိုက်ဆိုင်သော နေ့ထူးနေ့မြတ် ဖြစ်ပါသည်။

ဓမ္မမိတ်ဆွေ အပေါင်းတို့ခင်ဗျား ....
ထိုကဲ့သို့ ထူးမြတ်သော ဝါဆိုလပြည့်(ဓမ္မကြ်ာအခါတော်နေ့) အခါသမယအထိမ်းအမှတ် အခမ်းအနားကို
ဓမ္မဒူတဗုဒ္ဓဘာသာမြန်မာအသင်းမှ စုပေါင်းညီညာစွာဖြင့် နှစ်စဉ်ကျင်းပပူဇော်မြဲဖြစ်ပါသည်။

ယခုနှစ်တွင်လည်း ယခင်နှစ်များအတိုင်း စုစုစည်းစည်း ညီညီညာညာ ပျော်ရွှင်စွာဖြင့် အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသောကြောင့် ကြွရောက်ကုသိုလ်ယူနိုင်ကြပါရန် နိဗ္ဗာန်အကျိုးမျှော် နှိုးဆော်တိုက်တွန်းလိုက်ပါသည် ....... ဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျား .......


အစီအစဉ် ...........

နေ့ရက်
၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်၊ တနင်္ဂနွေနေ့

အချိန် 
နံနက် ၁၁းဝဝ     - ဗုဒ္ဓမြတ်စွာဘုရားအား စုပေါင်းဆွမ်းတော်ကပ်လှူခြင်း
နံနက် ၁၁း၁၅     - သံဃာတော်အရှင်မြတ်များအား ဆွမ်းကပ်လှူခြင်း
နေ့လည် ၁၂းဝဝ - တရားနာကြွရောက်လာသော အလှူ ရှင်ဓမ္မမိတ်ဆွေအပေါင်းအား  
                       အစားအသောက်များဖြင် ဧည့်ခံကျွေးမွေးခြင်း
နေ့လည် ၁းဝဝ   - ဓမ္မဒူတမြန်မာဗုဒ္ဓဘာသာအသင်းမှ ဓမ္မကြ်ာ ရွတ်ဖတ်ပူဇော်ခြင်း
နေ့လည် ၁း၃ဝ   - ၀ါဆိုသင်္ကန်း ကပ်လှူ ပူဇော်ခြင်း၊ သံဃာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူခြင်း
နေ့လည် ၁း၄၅   - သံဃာတော်အရှင်သူမြတ်များမှ နှိဗ္ဗာန်ရောက်ကြောင်း တရားတော်များ နာယူခြင်း
နေ့လည် ၃း၃ဝ   - စုပေါင်းအမျှဝေခြင်းနှင့် အခမ်းအနားပြီးဆုံးခြင်း                  


နေရာ........ 
Saalbau Gutleut ခန်းမ, 
Rottweiler Straße 32, 
60327 Frankfurt am Main 

Hauptbahnhof မှ Straßebahn 12,16,21 စီးပြီး Baseler Platz
မှတ်တိုင် ဆင်းပါ။

မှတ်ချက်။      ။ဓမ္မကြ်ာ ရွတ်ဖတ် နိုင်ရန် စာအုပ်များ ယူဆောင်လာကြပါရန်

  
ဝါဆိုလပြည့်အခါသမယ အထိမ်းအမှတ်ပွဲ အလှူ ရှင်များ

၁။ မစံပယ်လွင် မိသားစု        -  သောက်ရေ နှင့် အအေးအလှူ
၂။ ဓမ္မဒူတအသင်း              - ကြက်ဆီထမင်းအလှူ
၃။ ဒေါ်ခင်မာလွင် မိသားစု     - အမဲနှပ်ဟင်းအလှူ
၎။ ကိုကျော် + မစု မိသားစု    - ဘုရားပန်း၊ ပန်းအလှူ
၅။ ကိုမင်းဦး + မပြုံးပြုံးနိုင် မိသားစု          - ကျောက်ကျောနှင့် ဝက်ခေါင်းသုပ်အလှူ
၆။ ကိုအောင်အောင် + မစိမ့်စိမ့်လှိုင် သား မောင်သုတ မိသားစု - ရွှေရင်အေးအလှူ
၇။ ဦးလှစု + ဒေါ်စိုးစိုးသိမ်း မိသားစု        - ကြက်ဥပူတင်းအလှူ
၈။ မခင်သူဇာ မိသားစု                        - ပဲပင်ပေါက်၊ ပဲပြားကြော်အလှူ
၉။ ကိုခင်မောင်ဆွေ + ဒေါ်နွဲ့ယဉ်ယဉ် သားကြီးထက်၊ သားငယ်ကျော်    - အားဖြည့်အချိုရည်အလှူ
၁ဝ။ ကိုတိုးအောင်ထွန်း + မအေးအေးကြည် သား ကိုခန့် မိသားစု          - သစ်သီးစုံအချိုပွဲအလှူ
၁၁။ ကိုကျော်စိန်ဝင်း + မကြည်ကြည်ခင် သား အာကာမင်း                  - ပုဇွန်ဆီပြန်ဟင်းအလှူ
၁၂။ ဦးတင်ဖေ + ဒေါ်အုန်းမမ မိသားစု                                           - ဘဲပေါင်းဟင်းအလှူ
များကို အသီးသီး လှူဒါန်းကြမည်ဖြစ်ကြောင်း စာရင်းပေးထားကြပါပြီ။

သဒ္ဓါကြည်လင် ပါရမီရှင်များအနေဖြင့် ဆရာတော်သံဃာတော်များနှင့် ကြွရောက်လာကြသော ဧည့်ပရိသတ်အပေါင်းတို့အား မိမိတို့ တက်စွမ်းသမျှ ကုသိုလ်ပါဝင်လှူဒါန်းကြပါရန်လည်း တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

အကျိုးဆောင်များ