ဓမ္မဒူတမြန်မာအသင်း ဝါဆိုလပြည့်၊ ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်ပွဲတော်ကို
ဂျာမနီနိုင်ငံ၊ ဖရန့်ဖွတ်မြို့၊ ဆာလ်ဘောထ်ခန်းမကြီးထဲတွင် ဂျာမနီရောက်
မြန်မာမိသားစုများ စုပေါင်းအားဖြင့် ပျော်ပျော်ရွှင်ရွင် စည်စည်ကားကား ကျင်းပပြုလုပ်နိုင်ခဲ့ကြပါသည်။
အခမ်းအနားတွင် မိမိတို့နှစ်သက်ရာ အစားအသောက်မျိုးစုံဖြင့် သံဃာတော်များနှင့်ဧည့်ပရိသတ်များအား ကျွေးမွေးလှူဒါန်းခြင်း၊ ဓမ္မစကြာတရားတော်များကို စုပေါင်းရွတ်ဖတ်ပူဇော်ခြင်း၊ အရှင်ဣဿ ရိယ (မင်းသုည)ထံမှ ငါးပါးသီလနှင့်တရားတော်များ နာယူခြင်း၊ သံဃာတော်များအား ဝါဆိုသင်္ကန်းများ အသီးအသီး ဆက်ကပ်လှူဒါန်းခြင်းနှင့် စုပေါင်းအမျှဝေခြင်း .... စသော ကုသိုလ်ကောင်းမှုများကို ပြုလုပ်ခဲ့ကြပါသည်။
မအားမလပ်သည့်ကြားမှ တရားဓမ္မများ ချီးမြှင့်ပေးကြသော သံဃာတော်များ၊ ခက်ခက်ခဲခဲဖြင့် ကုသိုလ်အရေးကို အားခဲကာ ကြွရောက်လာကြသော ဂျာမနီနေရာအသီးသီးမှ မြန်မာမိသားစုများ၊ ကိုယ်တိုင်ကိုယ်ကျ မလာရောက်နိုင်သော်လည်း စေတနာအားဖြင့် ပူးပေါင်းကူညီပံ့ပိုးပေးကြသူများ ... အားလုံးတို့ကို ကျေးဇူးအထူးဥပကာရ တင်ရှိပါသည်။
အလုပ်တာဝန်များ မအားမလပ်ကြသဖြင့် မတတ်ရောက်နိုင်ကြသော မိသားစုများ၊ မိတ်ဆွေများနှင့် ရပ်ဝေးရပ်နီး ဤစာကို ဖတ်မိသူများအားလုံးတို့အား ဤယနေ့ ပြုလုပ်ခဲ့ရသော ကုသိုလ်ကောင်းမှုအဖို့ဘာဂကို အမျှပေးဝေပါ၏။ အမျှရကြ၍ ကိုယ်ကျန်းမာစိတ်ချမ်းသာစွာဖြင့် ဝမ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ကြပါစေ .....

Keine Kommentare:
Kommentar veröffentlichen