ဂျာမနီနိုင်ငံ၊ ဖရန့်ဖွတ်မြို့ရှိ မြန်မာမိသားစုများအတွက် ဓမ္မအမြင်ဖွင့်သင်တန်းများ စီစဉ်ဖွင့်လှစ်သွားပါမည်။
ကလေးငယ်များအတွက် ယဉ်ကျေးလိမ္မာသင်တန်းများ၊ မြန်မာစာသင်တန်းများ၊ လူကြီးများအတွက် အဘိဓမ္မာသင်တန်း၊ ဓမ္မပဒသင်တန်းနှင့် သုတ္တန်သင်တန်းများကိုလည်း စီစဉ်ဖွင့်လှစ်သွားပါမည်။ စိတ်ပါဝင်စားသူများအနေဖြင့် အောက်ပါ အီးမေးလ်နှင့်ဖုန်းနံပါတ်များသို့ ဆက်သွယ်စာရင်းပေးနိုင်ပါသည်။
မိမိတို့၏ ရင်သွေးငယ်များ ဘာသာရေးအမွေလက်ဆင့်ကမ်း ပေးနိုင်စေရန်အတွက် ယဉ်ကျေးလိမ္မာသင်တန်းများကို မပျက်မကွက် တက်ရောက်ကြပါရန် တိုက်တွန်းအပ်ပါသည်။ လူကြီးမိဘများအနေဖြင့်လည်း မြတ်စွာဗုဒ္ဓ၏ လေးနက်သော အဘိဓမ္မာတရားတော်များ၊ ဓမ္မပဒ၊ သုတ္တန်တရားတော်များကို ကိုယ်တိုင်ကိုယ်ကျ သိရှိနားလည်စေရန်အတွက် သင်တန်းများကို တက်ရောက်ကြပါရန် နှိုးဆော်အပ်ပါသည်။
တက်ရောက်မည့်သင်တန်းသားများ၏ ဆက်သွယ်လာမှုအပေါ်မူတည်၍ အချိန်ဇယားကို ထုတ်ပြန်အကြောင်းကြားပေးသွားပါမည်။  
Email: mbcgermany@gmail.com
Ph: +49 152144 89565
 
 
Keine Kommentare:
Kommentar veröffentlichen