Mittwoch, 13. Mai 2015
လစဉ်အလှူရှင်များ (၂ဝ၁၄)
Mittwoch, 6. Mai 2015
ကျောင်းလစဉ်အလှူ (၁)
ကျောင်းလစဉ်အလှူအနေဖြင့် ......
၁။ ကိုကြည်ဝင်း + မလင်းလင်းလက်၊ သမီး ရွှေရည်လင်းလက်၊ ကြည်စင်လင်းလက် မိသားစု လစဉ်တစ်လ ၁ဝ ယူရို (ဇန်နဝါရီလမှဧပြီလအထိ ၄ဝ ယူရို)
၂။ ကိုထင်အောင်မြင့် + မအိအိကျော်သိန်း မိသားစု (၁ဝ) ယူရို
၃။ ကိုဇင်မောင်မောင် + မတင်တင်ဦး မိသားစု (၃ဝ) ယူရို
၎။ မပန်းမြတ်မွန် (၃ဝ) ယူရို
၅။ ကိုသက်အောင် + မလွင်လွင်လှိုင်၊ သား ကောင်းကောင်း မိသားစု (၂ဝ) ယူရို
၆။ ကိုလှမောင်သန်း + မစောစန္ဒာ မိသားစု (၁ဝ) ယူရို
တို့ကို လက်ခံရရှိပါကြောင်း အများပြည်သူ သာဓုခေါ်ဆိုနိုင်ရန် တင်ပြအပ်ပါသည်။
မှတ်ချက်။ ။ ယခင်က ပုံမှန်လှူထားသူများ ရှိသော်လည်း ကြေညာသည့်အစီအစဉ်ကို ယခုအချိန်မှ စတင်ခြင်းဖြစ်သည့်အတွက် ယခင်အလှူရှင်များ မပါဝင်ခြင်း ဖြစ်ပါသည်။ အများသာဓုခေါ်ဆိုနိုင်ရန် တင်ပြခြင်းဖြစ်ပြီး တာဝန်ရှိသူများထံတွင် အသေးစိတ်စာရင်းများ ရှိပါသည်။ မိမိတို့ကိုယ်တိုင် ဘဏ်မှ လွဲပြီးပါက အင်တာနက်စာမျက်နှာများတွင် ကြေညာပေးရန်အတွက် +491621040452 (ကိုကျော်ဆွေညွန့်)၊ +4915214489565 (ဦးကုသလသာမိ) ဖုန်းများသို့ အသိပေးစေလိုပါသည်။
ကျောင်းဖြစ်မြောက်ရေးအတွက် ကိုလုံးမြို့မှ ကိုတိုက်ပုက
ယူရို ၅ဝ ကိုလည်း လှူဒါန်းသွားပါသည်။
ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ကြပါသည်။

Sonntag, 3. Mai 2015
ဓမ္မဒူတမြန်မာကျောင်းဖြစ်မြောက်ရေး အစည်းအဝေး (၂ဝ၁၅ မေလ ၃) မှတ်တမ်း
ဂျာမနီနိုင်ငံ၊ ဖရန့်ဖွတ်မြို့၊ ဓမ္မဒူတမြန်မာကျောင်း ကဆုန်လပြည် ဗုဒ္ဓနေ့ပွဲတော်ကို မြန်မာမိသားစုများ စုပေါင်းလျက် ပျော်ရွှင်ကြည်နူးစွာ ကျင်းပပြုလုပ်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပြင်သစ်ဆရာတော် ဦးကုမာရက ငါးပါးသီလပေးပြီး ဆရာတော်ဦးကောဝိဒက ကြွရောက်လာသော နိုင်ငံခြားဧည့်သည်များကို ဗုဒ္ဓနေ့အကြောင်း ဟောကြားသည်။ ထို့နောက် ဆရာတော်ဦးကုသလသာမိက ကဆုန်လပြည့် ဗုဒ္ဓနေ့တရားတော်ကို ဟောကြားသည်။ ဆရာတော်ဦးပညာဝံသက ရေစက်သွန်ချအမျှပေးဝေခဲ့သည်။
အခမ်းအနားအပြီးတွင် ဓမ္မဒူတမြန်မာကျောင်းဖြစ်မြောက်ရေးအတွက် အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ကြသည်။ အစည်းအဝေးတွင် ဦးကုမာရက စကားအနည်းငယ်ပြောပြီး ဦးကုသလသာမိက အစည်းအဝေးကျင်းပရခြင်းအကြောင်းများကို ရှင်းလင်းတင်ပြသည်။ မြန်မာကျောင်းဖြစ်မြောက်ဖို့အတွက် ဝိုင်းဝန်းဆောင်ရွက်ဖို့၊ အသင်းတွင် ပါဝင်ဆောင်ရွက်ပေးကြဖို စသည်များကို တိုက်တွန်းခဲ့သည်။ အသင်းငွေစာရင်းရှင်းတမ်းကို ကိုမင်းဦးက ရှင်းလင်းတင်ပြသည်။
ကျောင်းဝယ်သည့်အခါ အသင်းအနေဖြင့် ဝယ်မှာလား၊ ပုဂ္ဂလိကအနေဖြင့် ဝယ်မှာလားဟု ဦးကုမာရ မေးမြန်းရာ ကိုဖြိုးက အသင်းအနေဖြင့် ဝယ်ဖို့ စီစဉ်ထားကြောင်း၊ အများသဘောဆန္ဒအရသာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အသင်းအနေဖြင့် ဝယ်လိုလျှင် အခြားအသင်းသို့ လွှဲပြောင်းပေးနိုင်ကြောင်း၊ ပုဂ္ဂလိကအနေဖြင့် ဝယ်လျှင် အခက်အခဲများစွာရှိကြောင်း၊ အဆိုပါပုဂ္ဂိုလ်ပျံလွန်တော်မူခြင်း/သေဆုံးခြင်းများ ဖြစ်ပါက ဆုံးရှုံးသွားနိုင်ကြောင်း စသည်ဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် ဦးတင်ဖေက အမှုဆောင်အစည်းအဝေး ပုံမှန်ရှိသင့်ကြောင်း တင်ပြအကြံပြုသွားသည်။ ယခုမှ စတင်ပြီး အမှုဆောင်အစည်းအဝေး ပုံမှန်ကျင်းပဖို့ စိတ်ကူးထားကြောင်း ကိုလှမြင့်စိုးက ဖြေကြားသည်။ ဦးကုသလသာမိက ထပ်မံဖြည့်စွက်ပြီး ထောက်ခံအတည်ပြုခဲ့သည်။ အမှုဆောင်အစည်းအဝေးကို ဝါဆိုပွဲအခမ်းအနားမတိုင်မီ ကျင်းပရန် သဘောတူညီခဲ့ကြသည်။
ထို့နောက် ဒေါ်စိုးစိုးသိမ်း၊ ကိုထက်ပြည့် စသော အစည်းအဝေးတက်ရောက်လာသူများမှ တာဝန်များ ခွဲဝေပေးလျှင် ပါဝင်ဆောင်ရွက်ပေးကြမည်ဖြစ်ကြောင်း တင်ပြအကြံပြုကြသည်။ ဦးကုသလသာမိက ထောက်ခံပြောကြားပြီး တာဝန်များ ခွဲပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အမှုဆောင်စည်းကမ်းများကို သတ်မှတ်ရာတွင် အလွန်မတင်းကြပ်ဖို့နှင့် တင်းကြပ်လွန်းလျှင် ထွက်ကုန်ကြမည် စသဖြင့် ကိုလှမြင့်စိုးက တင်ပြသည်။ သို့ရာတွင် အမှုဆောင်အစည်းအဝေးကို လူကိုယ်တိုင် မလာနိုင်လျှင်လည်း ဆန္ဒပေး သဘောတူညီမှုရှိလျှင်ပင် ပူးပေါင်းဆောင်ရွက်သည်ဟု ခေါ်ရမည်ဖြစ်ကြောင်း ဦးကုသလသာမိက ပြန်လည်တင်ပြသည်။
ထို့နောက် မမာမာအောင်က အသင်းအဖွဲ့ ပျက်စီးသွားလျှင် ဘယ်လို လုပ်မလဲဟု မေးရာတွင် ကိုဖြိုးက အားလုံးအပေါ်တွင် မူတည်ကြောင်း၊ လုပ်မည့်သူမရှိတော့မှသာလျှင် ပျက်စီးမည်ဖြစ်ကြောင်း ပြောကြားသည်။ ဦးကုသလသာမိက ဆရာတော်ဦးဆေကိန္ဒနှင့်လက်ရှိအမှုဆောင်များကို ယုံကြည်သောကြောင့် ပျက်မည်ဟု မထင်ကြောင်း၊ မြန်မာကျောင်းအနှေးနှင့်အမြန် ဖြစ်မြောက်လာမည်ဖြစ်ကြောင်း စသည်တို့ကို မြန်မာနိုင်ငံ ရွှေကျင်အစည်းအဝေးသွားခဲ့စဉ်က အခြေအနေများနှင့် ယှဉ်ပြီး ဖြေကြားသွားသည်။
ထို့နောက် ကိုဖေးမက်အောင်က အသင်းတွင် ပါဝင်ဆောင်ရွက်လိုသည့်သူများနှင့် တက်ရောက်သူများ ရေးသားရန်အကြံပြုသည်။ ထို့နောက် ဦးကုသလသာမိက လစဉ်အလှူငွေများ ထည့်ဝင်လှူဒါန်းပြီး စုပေါင်းအင်အားကို ပြကြဖို့ တိုက်တွန်းပြီး အစည်းအဝေးတက်ရောက်လာသူအားလုံးက အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုပြီး အောင်မြင်စွာ ပြီးဆုံးခဲ့ကြသည်။
မှတ်တမ်းပြုစုသူ - အရှင်ကုသလသာမိ(အတည်မဲ့)

ကဆုန်လပြည့် ဗုဒ္ဓနေ့ (၂ဝ၁၅ မေလ ၃) မှတ်တမ်းဓာတ်ပုံများ
Abonnieren
Posts (Atom)