Dienstag, 12. August 2014

ယဉ်ကျေးလိမ္မာသင်တန်း စတင်ဖွင့်လှစ်ခြင်း


ဂျာမနီနိုင်ငံ၊ ဖရန့်ဖွတ်မြို့၊ ဓမ္မဒူတမြန်မာကျောင်းတွင်
ပထမဆုံးအကြိမ်အဖြစ် ဖရန့်ဖွတ်မြို့နေ မြန်မာမိသားစုဝင်များ၏
ရင်နှစ်သည်းခြာ သားရတနာ၊ သမီးရတနာများအား
ဗုဒ္ဓဘာသာယဉ်ကျေးမှုအမွေအနှစ်များ လက်ဆင့်ကမ်းနိုင်ရန်အတွက်
ယဉ်ကျေးလိမ္မာသင်တန်းကို စတင်ဖွင့်လှစ်လိုက်ပါပြီ။

Second Generation အလွန်အရေးအကြီးပါသည်။
သူတို့ကသာ ဂျာမနီမှာရှိသော ဗုဒ္ဓဘာသာကို
အခြေမြှင့်နိုင်မှာဖြစ်ပါသည်။ သူတို့ကို ဗုဒ္ဓဓမ္မအမွေပေးလိုက်နိုင်ဖို့
အရေးကြီးပါသည်။ သူတို့လေးများကို ဗုဒ္ဓဓမ္မအမွေ ပေးလိုက်ခြင်းသည်
ဂျာမနီနိုင်ငံမှာ ဗုဒ္ဓသာသနာထွန်းတောက်ဖို့အတွက်
သာသနာပြုများ မွေးထုတ်ပေးလိုက်ခြင်းနှင့် ထပ်တူဖြစ်ပါသည်။
သူတို့လေးများကို ဗုဒ္ဓဘာသာအမွေ မပေးလိုက်နိုင်လျှင်
သာသနာပြုပုဂ္ဂိုလ်များကို ဆုံးရှုံးလိုက်ရခြင်းဟု ဆိုနိုင်ပါသည်။

သို့ဖြစ်၍ ဤယဉ်ကျေးလိမ္မာသင်တန်း ဖြစ်မြောက်အောင်
အနီးကရော အဝေးကရော စိတ်ရော ကိုယ်ရော
ကူညီပေးသည့် ဒကာမကြီး ဒေါ်ခင်သန်းနွယ် (ဒေါ်နွယ်)ကို
အထူးကျေးဇူးတင်ပါသည်။
ထို့အပြင် မိဘဝတ္တရားကျေပွန်အောင် မိမိတို့၏ သားရတနာ သမီးရတနာလေးများကို
ယဉ်ကျေးလိမ္မာသင်တန်းသို့ ပို့ဆောင်ပေးကြသည့်
မိဘများ ... အားလုံးကို ကျေးဇူးတင်ပါသည်။

အားလုံးချမ်းမြေ့ကြပါစေ ...

မေတ္တာဖြင့်

အရှင်ကုသလသာမိ (အတည်မဲ့)
ဝ၈၊ ဝ၉၊ ၂၀၁၄

Keine Kommentare:

Kommentar veröffentlichen