Montag, 22. September 2014

သီတင်းကျွတ်လပြည့်၊ အဘိဓမ္မာအခါတော်နေ့ အထိမ်းအမှတ်ပွဲနှင့် သက်ကြီးပူဇော်ပွဲ

ဂျာမနီနိုင်ငံ၊ ဖရန့်ဖွတ်မြို့၊ ဓမ္မဒူတမြန်မာကျောင်း သီတင်းကျွတ်လပြည့်၊ အဘိဓမ္မာအခါတော်နေ့ အထိမ်းအမှတ်ပွဲနှင့် သက်ကြီးပူဇော်ပွဲကို စည်စည်ကားကား ပျော်ပျော်ပါးပါးဖြင့် ကျင်းပပြုလုပ်ခဲ့ကြသည်။

သီတင်းမကျွတ်သေးသော်လည်း အကြိုအနေဖြင့် ပြုလုပ်ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံနှင့်ဝေး၊ ဘုရားစေတီကျောင်းကန်များနှင့် ဝေးကွာသောအရပ်တွင် နေထိုင်ရသော်လည်း မိမိတို့၏ အမျိုးဘာသာ သာသနာ၊ မြန်မာ့ယဉ်ကျေးမှုကို မမေ့မလျော့ဘဲ ပြုလုပ်နေကြသော လူငယ်လေးများကို ကြည့်ရသည်မှာ အားတက်ဖွယ်၊ ကြည်နူးဖွယ် ကောင်းလှပါသည်။

ဆရာနှင့်ဒကာ၊ လူငယ်နှင့်လူကြီး၊ ညီညီညာညာ ကြည်ကြည်နူးနူးဖြင့် ပြုလုပ်နေကြသည်မှာ ချီးကျူးဖွယ်ကောင်းလှသည်။ သက်ကြီးပူဇော်ပွဲတွင် ဗုဒ္ဓဘာသာဝင် အဘိုးအဘွားများသာမက မွတ်စလင်နှင့်ခရစ်ယာန်ဘာသာဝင် အဘိုးအဘွားများလည်း ပါဝင်သည်ဟု သိရသဖြင့် ပို၍ပင် ဝမ်းမြောက်မိသည်။

 ဗုဒ္ဓဘာသာမြန်မာ့ယဉ်ကျေးမှုဖြစ်သော ဂါရဝ နိဝါတတရားကို ထင်ဟပ်ပြနိုင်ခဲ့သည်ဟုလည်း ဆိုနိုင်ပါသည်။ မိမိကလည်း မိခင်ဖခင်တို့၏ ဂုဏ်ပုဒ်များကို ချီးကျူးထားသော မြတ်ဗုဒ္ဓ၏ တရားဓမ္မများနှင့် ကျေးဇူးတရားကို သိခြင်း၊ ထုတ်ဖော်ခြင်း၊ အများအကျိုး ဆောင်ရွက်ခြင်းများကို သူတော်ကောင်းများဟု မြတ်ဗုဒ္ဓက ချီးကျူးထုတ်ဖော်ဟောကြားထားကြောင်း စသဖြင့် အနုမောဒနာတရား ဟောကြားပေးဖြစ်ခဲ့သည်။

ဖရန့်ဖွတ်က မြန်မာလူငယ်များအနေဖြင့် ဆက်လက်၍ ပိုမိုအောင်မြင်အောင် မြန်မာ့ယဉ်ကျေးမှုနှင့်ဗုဒ္ဓအဆုံးအမများကို ဆထက်ထမ်းပိုး တိုး၍ ဆောင်ရွက်နိုင်ကြပါစေ ...

Keine Kommentare:

Kommentar veröffentlichen