Donnerstag, 22. Oktober 2015

သီတင်းကျွတ်ပွဲနှင့် သက်ကြီးပူဇော်ပွဲ ဖိတ်ကြားလွှာ

သီတင်းကျွတ်ပွဲနှင့် သက်ကြီးပူဇော်ပွဲ ဖိတ်ကြားလွှာ
.......................................................................
ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့ခင်ဗျား .......
သာသနာတော်နှစ် ၂၅၅၉ ခုနှစ်၊
သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ အထိမ်းအမှတ်
ပူဇော်သောအားဖြင့် သီတင်းကျွတ်ပွဲ အခမ်းအနားကို
အောက်ပါအစီအစဉ်များအတိုင်း
ကျင်းပမည်ဖြစ်ပါသည်။ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာကို
ထိန်းသိမ်းသောအားဖြင့် အဘိုးအဘွားများအား
စုပေါင်းကန်တော့ခြင်းအစီအစဉ်ကိုလည်း
ထည့်သွင်းကျင်းပသွားမည် ဖြစ်ပါသည်။

မြတ်စွာဘုရားရှင်အမှူးးပြုသော
သံဃာတော်များအား လှူဒါန်းကြမည့်
ဆွမ်းအလှူရှင်များနှင့် ကြွရောက်လာသော
အဘိုးအဘွားများ အမှူးးပြုသော
ပရိသတ်များအတွက် အကျွေးအမွေးအလှူရှင်များအား
လှိုက်လှဲစွာ ကြိုဆိုဖိတ်ခေါ်အပ်ပါသည်။

ဓမ္မဒူတမြန်မာကျောင်းတော်ကြီး တိုးတက်စည်ပင်ရေးအတွက်
လှူဒါန်းကြမည့်အလှူရှင်များ၊
အခမ်းအနားအောင်မြင်စည်ကားရေးအတွက်
ပါဝင်လှူဒါန်းကြမည့်အလှူရှင်များနှင့် အဘိုးအဘွားများအတွက်
သီးသန့်လှူဒါန်းလိုသော အလှူရှင်များကိုလည်း
နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။

သဒ္ဓါတတ်အားနည်းများမဆို
ပါဝင်လှူဒါန်းနိုင်ကြပါကြောင်း
နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်းအပ်ပါသည်။
အကျိုးတော်ဆောင်များ

အစီအစဉ်
..................
နံနက် ၁၁း၀၀ နာရီ ........... မြတ်စွာဘုရားအား စုပေါင်းဆွမ်းတော်ကပ်ခြင်း
............. သံဃာများအား စုပေါင်းဆွမ်းကပ်ခြင်း
နံနက် ၁၁း၃၀ နာရီ ........... တရားနာပရိတ်သတ်များအား စားဖွယ်များဖြင့် ကျွေးမွေးဧည့်ခံခြင်း
နေ့လယ် ၁း၀၀ နာရီ ............ သံဃာတော်များမှ သီလယူ၊ ပရိတ်တရားတော်နှင့်
သီတင်းကျွတ်တရားတော်နာယူခြင်း၊
သင်္ကန်းစသော လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊
ရေစက်ချတရား နာကြားခြင်း
နေ့လယ် ၂း၃၀ နာရီ ......... အဘိဓမ္မာပဋ္ဌာန်းဒေသနာဖြင့် မြတ်စွာဘုရားအားပူဇော်ခြင်း၊ မေတ္တာပို့သခြင်း
နေ့လယ် ၃း၀၀ နာရီ ........... အဘိုးအဘွားများအား စုပေါင်းကန်တော့ခြင်း
နေ့လယ် ၃း၃ဝ နာရီ ......... အခမ်းအနားပြီးဆုံးကြောင်းကြေငြာခြင်း။

နေရာ ။ ။ Clubraum 1 +2 Saalbau, Rottweiler Straße 32,
60327 Frankfurt am Main
Hauptbahnhof မှ Straßebahn 12,16,21 စီးပြီး
Baseler Platz မှတ်တိုင် ဆင်းပါ။
နေ့ရက်။ ။ အောက်တိုဘာလ ၂၅ ရက်၊ တနင်္ဂနွေနေ့

သီတင်းကျွတ်ပွဲနှင့် သက်ကြီးပူဇော်ပွဲ
အလှူရှင်များ
.................................
၁။ ကိုလှမြင့်‌စိုး ၁၀၀
၂။ ကိုထက်‌ပြည့်‌‌ကျော်‌ မလဲ့ယဉ်‌သိန်း ၂၀၀
၃။ ကိုမင်းဦး မပြုံး ၅၀
၎။ ကို‌ကျော်‌စိန်‌၀င်း မကြည်‌ကြည်‌ခင်‌ သား အာကာမင်း ၁၀၀
၅။ ကို‌ဖေးမတ်‌စ်‌‌အောင်‌ မ‌အေးမွန်‌လှိုင်‌ သမီး လမင်း‌အောင်‌ ၃၀
၆‌။ ဒေါ်ခင်‌မာလွင်‌ သား ကိုဇာနည်‌ ၃၀
၇။ ကိုဖြိုး ဗမာစတိုး ၅၀
၈။ ကိုရောဘတ်ဦး ၂၅
၉ ။ ကိုချင်း..၁၀
၁ဝ။ ကိုဝင်းကိုမြတ် + မဖြိုးဖြိုး ယူရို ၅ဝ
၁၁။ ကိုသန်းစိုး + မစုလေးနွယ် မိသားစု ယူရို ၂၅


ဟင်းပွဲအလှုရှင်‌များ
..............................
၁။ ဒေါ်မာမာအောင် မိသားစု ဝက်သားအာလူးဟင်း
၂။ ကိုဝင်းကိုလတ် + မအိအိကျော် ငါးဖယ်ဟင်း
၃။ မခင်‌သူဇာ ... ငါးခရမ်းချဉ်‌သီးချက်‌
၎။ မမာမာ‌အောင်‌ ... ၀က်‌သား အာလူး
၅။ ကိုဝင်းကိုကြီး မအိအိ‌ကျော်‌ ... ငါးဖယ်‌ဟင်း
၆။ ကိုဖြူခိုင်‌ ... ဆန်‌တအိတ်‌
၇။ ကိုထက်‌ပြည့်‌‌ကျော်‌ မလဲ့ယဉ်‌သိန်း ... ကြက်‌ကုန်း‌ဘောင်‌
၈။ ဗမာစတိုး ... ပဲဟင်းနှင့်‌ အသီးအရွက်‌‌ကြော်‌
၉ ။ ကိုလှမြင့်‌စိုး ... ကြက်‌ဘူးသီး
၁‌ဝ။ ဒေါ်ခင်‌မာလွင်‌ ... ၀က်‌သားချဉ်‌သုပ်‌
၁၁။ ခွန်လွန်းကျော် မိသားစု ..... ပဲပုတ်အစပ်ချက် နှင့် တို့ဖူးသုတ်
၁၂။ ကိုသန်းစိုး + မစုလေးနွယ် မိသားစု ......... ပြောင်းဖူးပြုတ်၊ ငါးဖယ်ဟင်း


အချိုပွဲအလှုရှင်‌များစာရင်း
....................................
၁။ ဦးလှစု ‌ဒေါ်စိုးစိုးသိန်း ... ကြက်‌ဥပူတင်း
၂။ ကိုမင်းမင်း ,,(မွန်‌‌လေး) ... အသီးအနှံ
၃‌။ ဒေါ်ခင်‌မာလွင်‌ ... လက်‌ဘက်‌ရည်‌


အအေးနှင့်သောက်ရေအလှူ
...........................................
၁။ မစပယ်လွင်


ပန်းအလှဆင်
......................
၁။ ကိုဂျူးနီ + မမေမြတ်နိုး၊ သား မစ်ကီ၊ သမီး မယ်လိုဒီ မိသားစု


အထွေထွေအလှူရှင်
..............................
၁။ ကိုဖြူခိုင် ဆန်တစ်အိတ်

လက်ရှိစာရင်းပြုစုထားသော အဘိုးအဘွားများစာရင်း
၁။ ဦးတင်ဖေ
၂။ ဦးလှစု
၃။ ဦးလှ
၎။ ဒေါ်ခင်ထွေး
၅။ ဒေါ်နီနီထူး
၆။ ဦးမြင့်ဆွေ
၇။ ဦးအေးမြင့်
၈။ ဦးစံရွှေမောင်
၉။ ဦးမျိုးမြင့်
၁ဝ။ ဒေါ်ငြိမ်း
၁၁။ ဒေါ်တင်မေဦး
၁၂။ ဦးလှစိုး
၁၃။ ဒေါ်သိန်းမြင့်
၁၄။ ဒေါ်ချိုမာတင်
၁၅။ ဦးချိုဝင်း
၁၆။ ဒေါ်နီနီသွင်
၁၇။ ဒေါ်ညွန့်ရည်မင်း
၁၈။ ဦးစီလတ်
၁၉။ Herr Herbert Ruche
၂ဝ။ ဒေါ်စိုးစိုးသိမ်း

မှတ်ချက်။ ။ အထက်ပါ စာရင်းကို ပြုစုရာတွင် အသက် ၆ဝ ကျော်အဘိုးအဘွားများကို မှတ်မိသိရှိသမျှ ပြုစုထားခြင်း ဖြစ်ပါသည်။ အထက်ပါစာရင်းတွင် မပါဝင်သော အဘိုးအဘွားများကို သိရှိပါက အောက်ပါဖုန်းနံပါတ်သို့ အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဖုန်း - ၀၆၉ ၂၄၄၀၄ ၂၅၈
အကျိုးတော်ဆောင်များ

Keine Kommentare:

Kommentar veröffentlichen