Samstag, 7. Mai 2016

ဗုဒ္ဓဘုရားရှင်၏ မွေးနေ့ပွဲ ကျင်းပမည်


ဂျာမနီနိုင်ငံအတွင်း မှီတင်းနေထိုင်ကြကုန်သော ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့ …. ကမ္ဘာအရပ်ရပ်ရှိ ဗုဒ္ဓဘာသာဝင်များသည် မြတ်စွာဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ဘဝက ဒီပင်္ကရာမြတ်စွာဘုရား ခြေတော်ရင်းတွင် ဗျာဒိတ်ခံယူတော်မူခြင်းကို အာရုံပြု၍လည်းကောင်း၊ မြတ်ဗုဒ္ဓ ဖွားမြင်တော်မူခြင်းကို အာရုံပြု၍လည်းကောင်း၊ အလုံးစုံကို အကုန်အစင် သိမြင်တော်မူသော သဗ္ဗညု ဘုရားအဖြစ်သို့ ရောက်တော်မူခြင်းကို အာရုံပြု၍လည်းကောင်း၊ ဘုရားအဆူဆူတို့၏ ဖြစ်တော်စဉ်များ ပါရှိသည့် မဟာဗုဒ္ဓဝင် ဟောတော်မူခြင်းကို အာရုံပြု၍လည်းကောင်း၊ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ဝင်စံ တော်မူခြင်းကို အာရုံပြု၍လည်းကောင်း ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော်ကို ကမ္ဘာ့နေရာအနှံ့အပြားတွင် ဆင်ယင်ကျင်းပလျက်ရှိပါသည်။
ထို့အတူ ဂျာမနီနိုင်ငံအတွင်း မှီတင်းနေထိုင်ကြကုန်သော ဗုဒ္ဓဘာသာဝင်များသည်လည်း ဖရန့်ဖွတ် မြို့တွင် ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ဆင်ယင်ကျင်းပခဲ့ကြပါသည်။ ဤနှစ်တွင်လည်း ဖွား,ပွင့်,ဟော,စံ,ဗျာဒိတ်ခံဟူသော ဖြစ်တော်စဉ်ကြီးများကို စိတ်မှာ အာရုံပြုလျက် ဗုဒ္ဓနေ့ပွဲတော်ကို စီစဉ် ကျင်းပသွားမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အားလုံးသော ဗုဒ္ဓဘာသာဝင်သူတော်ကောင်းများသည် မြတ်ဗုဒ္ဓ ၏ဖြစ်တော်စဉ်ကြီးများကို စိတ်မှာ ထုံလျက် ဗုဒ္ဓနေ့ပွဲတော်ကို ကုသိုလ်သဒ္ဓါဖြစ်ရေး စိတ်မှာတွေးကာ ပါဝင် ဆင်နွှဲကုသိုလ်ယူနိုင်ကြပါကြောင်း အသိပေးနှိုးဆော်တိုက်တွန်းအပ်ပါသည်။
နေ့ရက် ။ ။ ၂ဝ၁၆ ခုနှစ်၊ မေလ ၂၂ ရက်၊ တနင်္ဂနွေနေ့
အစီအစဉ်
မနက် ၁ဝး ဝဝ .............................. အခမ်းအနားပြင်ဆင်ခြင်း
မနက် ၁ဝး ၃ဝ .............................. သံဃာတော်များအား စုပေါင်းဆွမ်းဆက်ကပ်လှူဒါန်းခြင်း
မနက် ၁၁း ၃ဝ .............................. ဧည့်ပရိသတ်များအားလုံး နေ့လည်စာ စားသောက်ခြင်း
နေ့လယ် ၁း ဝဝ ............................. အခမ်းအနား စတင်ခြင်း (သီလပေး၊ ရေစက်ချ၊ တရားနာခြင်း)
ညနေ ၃း ဝဝ …………………………. အခမ်းအနားပြီးဆုံးခြင်း
လှူဒါန်းနိုင်သည့်အရာများ ...............
အခမ်းအနားတွင်
- သံဃာတော်များအတွက် ဆွမ်းအလှူ၊ ဆွမ်းဟင်းအလှူ၊
- ကြွရောက်လာမည့် မြန်မာမိသားစုဝင်များအတွက် အစားအသောက်အလှူ၊
- သံဃာတော်များအတွက် ဘေသဇ္ဇဒါန (ကျန်းမာရေးအာမခံ)အလှူ၊
- ကျောင်းဖြစ်မြောက်ရေးအလှူ ....
စသည်ဖြင့် မိမိတို့ အားသန်ရာ၊ သဒ္ဓါပေါက်ရာအလှူဒါနများကို ပြုလုပ်နိုင်ကြပါသည်။
ဆွမ်းဟင်း၊ ဘောဇဉ်၊ အချိုရည် အလှူရှင်များအနေဖြင့် ကြိုတင်စာရင်းပေးလှူဒါန်းနိုင်ပါကြောင်းကိုလည်း အသိပေးအပ်ပါသည်။

ကျင်းပမည့်နေရာ ......................
Saalbau Gutleut ခန်းမ,
Rottweiler Straße 32,
60327 Frankfurt am Main
Hauptbahnhof မှ Straßebahn 12,16,21 စီးပါ။
မှတ်တိုင် Baseler Platz
မှတ်တိုင်တွင်ဆင်းပြီး ညာဘက်ခြမ်းသို့ ကူးလျှင် Gutleutstr. ကိုတွေ့ပါမည်။

Dienstag, 3. Mai 2016

သတင်းကောင်းပါးခြင်း (သဘာဝရိပ်သာဆရာတော်၏ တရားစခန်း)



ဂျာမနီနိုင်ငံအတွင်း မှီတင်းနေထိုင်ကြကုန်သော တရားဓမ္မအားထုတ်ရန် စေတနာသဒ္ဓါထက်သန်ကြကုန်သော ပါရမီရှင်အပေါင်းတို့အား နှိုးဆော်အပ်ပါသည်။

လာမည့် ဇွန်လ ၄ - ရက်နေ့တွင် မြန်မာနိုင်ငံ၊ သန်လျင်မြို့၊ သဘာဝတရားရိပ်သာဆရာတော် ဘဒ္ဒန္တဥတ္တမသာရ အရှင်မြတ်သည် နောက်ပါ သံဃာတစ်ပါး၊ ဆရာလေး ၃ ပါးတို့နှင့်အတူ ဂျာမနီနိုင်ငံ၊ ဖရန့်ဖွတ်မြို့၊ ဓမ္မဒူတမြန်မာကျောင်းသို့ ကြွရောက်တော်မူလာမည် ဖြစ်ပါသည်။

ဆရာတော်ဘုရား ကြွရောက်လာသည့်အခိုက် တရားဓမ္မအားထုတ်လိုသူပါရမီရှင်တို့အတွက် ဘာဝနာကုသိုလ်များ တိုးပွားပြီး သံသရာရိက္ခာထုပ်များ ထုပ်ပိုးနိုင်စေရန် ရည်ရွယ်၍
ဓမ္မဒူတမြန်မာကျောင်း ဆရာ/ဒကာ ညီညာစွာ စုပေါင်း၍
၂ - ရက်တာ တရာစခန်း စီစဉ်ကျင်းပသွားမည် ဖြစ်ပါသည်။

ခရီးစဉ်အကျဉ်း
…………………..
၎ ရက်နေ့ ဂျာမနီနိုင်ငံ ဖရန့်ဖွတ်မြို့သို့ ရောက်ပြီး ဓမ္မဒူတမြန်မာကျောင်းတွင် သီတင်းသုံးပြီး ၈ - ရက်နေ့တွင် အမေရိကန်နိုင်ငံသို့ ဆက်လက်ကြွရောက်မည်။

တရားစခန်းအစီအစဉ်အကျဉ်း
……………………..
၂ ရက်တာ တရားစခန်းအစီအစဉ်ကို
ဇွန်လ ၅ - ရက်နေ့နှင့် ၆ - ရက်နေ့များ၏ …
နေ့လယ် ၁ နာရီအချိန်မှ စတင်ပြီး သဘာဝရိပ်သာဆရာတော်ဘုရား၏ အစီအစဉ်အတိုင်း တရားဓမ္မနာယူခြင်း၊ စုပေါင်းတရားအားထုတ်ခြင်းများ ပြုလုပ်သွားကြမည်။

လှူဒါန်းနိုင်သည့်အရာများ
……………………………..
သံဃာတော် ၄ ပါးနှင့် ဆရာလေး ၃ ပါးတို့အား
-       အရုဏ်ဆွမ်းအလှူ (၅ ရက်၊ ၆ ရက်၊ ၇ ရက်၊ ၈ ရက်နေ့များ)
-       နေ့ဆွမ်းအလှူ (၅ ရက်၊ ၆ ရက်၊ ၇ ရက်၊ ၈ ရက်နေ့များ)
-       ၅ ရက်နေ့နှင့် ၆ ရက်နေ့ တရားစခန်း ယောဂီများအတွက် အအေးအဖျော်အလှူ
-       တရားစခန်း ခန်းမအလှူ
-       ဆရာတော်များနှင့်ဆရာလေးများ အသွားအပြန် ယာဉ်အလှူ
-       စသော မိမိတို့သဒ္ဓါပေါက်ရာ အလှူဒါနများကို ပါဝင်ကုသိုလ်ပြုလှူဒါန်းနိုင်ကြပါသည်။

- ၅ ရက်နေ့နှင့် ၆ ရက်နေ့ ၂ ရက်တာ တရားစခန်းကို
အောက်ပါ ခန်းမတွင် ကျင်းပသွားပါမည်။

Saalbau Clubraum 1,Arnsburger Str 24, 60385, Frankfurt am Main
U4 စီးပြီး Höhenstr မှတ်တိုင်တွင်ဆင်းပါ

- သံဃာတော် ၄ ပါးနှင့် ဆရာလေး ၃ ပါးတို့အတွက် ဆွမ်းကပ်လှူဒါန်းခြင်းကိုကား
ဓမ္မဒူတမြန်မာကျောင်းတွင် ပြုလုပ်သွားပါမည်။


Donnerstag, 24. März 2016

မြန်မာ့ရိုးရာ နှစ်သစ်ကူးပွဲတော် ကျင်းပမည်



ဂျာမနီနိုင်ငံ၊ ဖရန့်ဖွတ်မြို့နေ ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့ .....

၁၃၇၇ တန်ခူးလဆန်း ၁ဝ ရက် (ခရစ်နှစ် ၂၀၁၆၊ ဧပြီလ ၁၇ ရက်၊ တနင်္ဂနွေနေ့)သည် မြန်မာပြက္ခဒိန်အရ နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ ကူးပြောင်းသည့်အချိန်အခါသမယ (နှစ်ဆန်း ၁ ရက်နေ့) ဖြစ်ပါသည်။ ယင်းနေ့တွင် မြန်မာ့ရိုးရာအစဉ်အလာမပျက် ကုသိုလ်ကောင်းမှုများ ဆည်းပူးအားထုတ်နိုင်ရန် “သင်္ကြန်နှစ်သစ်ကူးပွဲတော်နှင့် သင်္ကြန်အထူးတရားပွဲ”ကို ဆင်ယင်ကျင်းပသွားမည် ဖြစ်ပါသည်။

သင်္ကြန်အထူးတရားပွဲတွင် မြန်မာနိုင်ငံ၊ စစ်ကိုင်းတောင်ရိုး၊ International Buddhist Education Center (IBEC) ဆရာတော် ဘဒ္ဒန္တသောဘိတ မထေရ်မြတ်မှ ဟောကြားတော်မူမည် ဖြစ်ပါသည်။ အခမ်းအနားတွင်
ဘဒ္ဒန္တသောဘိတ (IBEC ဆရာတော်နှင့်အတူ) နောက်ပါ သံဃာတော် ၂ ပါး၊ ဓမ္မဒူတမြန်မာကျောင်းသံဃာတော်များ (၂/၃ ပါး)တို့ ကြွရောက်ချီးမြောက်တော်မူကြမည် ဖြစ်ပါသည်။

သို့ဖြစ်၍ ရပ်ဝေးရပ်နီးမှ ဓမ္မမိတ်ဆွေ သူတော်ကောင်းအပေါင်းတို့အနေဖြင့် မြန်မာ့ရိုးရာ တစ်နှစ်တာကို ကုသိုလ်တရားတို့ဖြင့် ကုန်ဆုံးလွန်မြောက်ပါစေခြင်းအကျိုးငှါလည်းကောင်း၊ နှစ်သစ်ကို ကုသိုလ်တရားတို့ဖြင့် အစပျိုးနိုင်စေရန်အတွက်လည်းကောင်း စိတ်ရည်သန်၍ အခမ်းအနားသို့ တက်ရောက်ပါဝင်ကုသိုလ်ယူနိုင်ကြပါကြောင်း နှိုးဆော်တိုက်တွန်းအပ်ပါသည်။

ကြွရောက်မည့်သံဃာတော်များ
............................................
၁။ ဘဒ္ဒန္တသောဘိတ (IBEC ဆရာတော်)
၂။ အရှင်ဝိသုဒ္ဓ (IBEC)
၃။ အရှင်တိလောကသာရ (IBEC)
၎။ အရှင်ကောဝိဒ (ဓမ္မဒူတမြန်မာကျောင်း)
၅။ အရှင်သောပါက (ဓမ္မဒူတမြန်မာကျောင်း)
၆။ အရှင်ကုသလသာမိ (ဓမ္မဒူတမြန်မာကျောင်း)


လှူဒါန်းနိုင်သည့်အရာများ
.......................................
အခမ်းအနားတွင် ဆွမ်းအလှူ၊ ဆွမ်းဟင်းလျာအလှူ၊ အချိုပွဲအလှူ၊ အချိုရေ၊ သောက်ရေသန့်အလှူ၊
 ကျောင်းမတည်အလှူ၊ ကျောင်းလစဉ်အလှူ၊ နဝကမ္မအလှူ စသော မိမိတို့ သဒ္ဓါပေါက်ရာ အလှူဒါနများကို ပါဝင်လှူဒါန်းနိုင်ကြပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။


အစီအစဉ်
......................

၁ဝ နာရီ  .................................. အခမ်းအနားပြင်ဆင်ခြင်း
၁၁ နာရီ ................................... သံဃာတော်များအား ဆွမ်းကပ်ခြင်းနှင့် ဧည့်ပရိသတ်အပေါင်း နေ့လယ်စာ  
                                                  သုံးဆောင်ခြင်း
၁ နာရီ   ................................... “သင်္ကြန်နှစ်သစ်ကူးပွဲတော်နှင့် သင်္ကြန်အထူးတရားပွဲ” အခမ်းအနား
                                                 စတင်ခြင်း
၃ နာရီ  ..................................... စုပေါင်းဓာတ်ပုံရိုက်ခြင်းနှင့် အခမ်းအနားပြီးဆုံးခြင်း



နေ့ရက်
............

၁၃၇၇ တန်ခူးလဆန်း ၁ဝ ရက်
၂၀၁၆၊ ဧပြီလ ၁၇ ရက်၊
တနင်္ဂနွေနေ့

နေရာ
........
Saalbau Gutleut ခန်းမ,
Rottweiler Straße 32,60327 Frankfurt am Main Hauptbahnhof မှ Straßebahn 12,16,21 စီးပါ။
မှတ်တိုင် Baseler Platz မှတ်တိုင်တွင်ဆင်းပြီး ညာဘက်ခြမ်းသို့ ကူးလျှင် Gutleutstr. ကိုတွေ့ပါမည်။


၂၀၁၅ နှစ်ချုပ်အလှူရှင်များစာရင်းနှင့် လစဉ်အလှူရှင်များ လှူဒါန်းမှုစာရင်း







Montag, 22. Februar 2016

ထမနှဲပွဲနှင့် နိဗ္ဗာန်ဈေးရောင်းပွဲ အောင်မြင်စွာ ပြီးစီးခြင်း


ဂျာမနီနိုင်ငံ၊ ဖရန့်ဖွတ်မြို့၊ ဓမ္မဒူတမြန်မာကျောင်း နှစ်စဉ်ကျင်းပမြဲဖြစ်သော ထမနှဲပွဲနှင့် နိဗ္ဗာန်ဈေးရောင်းပွဲတော်ကို အများစုပေါင်းအားဖြင့် စည်ကားသိုက်မြိုက်စွာ စီစဉ်ကျင်းပနိုင်ခဲ့ကြပါသည်။
နိဗ္ဗာန်ဈေးရောင်း အလှူရှင်များဖြစ်သော .....
၁။ မဥမ္မာညွန့်နှင့် Jazzy (သူငယ်ချင်း) ........................ ၇ဝ ယူရို
၂။ မလေးလေး နှင့် မမာမာအောင် ......................... ၃ဝဝ ယူရို
၃။ ဗမာစတိုး ........................ ၂၆ဝ ယူရို
၎။ ဦးလှစု + ဒေါ်စိုးစိုးသိန်း ..................... ၃ဝ ယူရို
၅။ ဒေါ်ခင်သန်းနွယ် + မတင်တင်မြင့် ................... ၈၇ ယူရို
၆။ ကိုနိုင်ဦး (ခေါ်) ကိုလှဖုန်းအောင်နှင့် သူငယ်ချင်းများ ............... ၅၅ ယူရို
၇။ ကိုလှမြင့်စိုး နှင့် ကိုသိန်းဇော် ...................... ၁၇၂ ယူရို
၈။ စုပေါင်းအလှူရှင်များ .................. ၂၃၆ ယူရို
တို့က လှူဒါန်းကြပါသည်။
စုစုပေါင်း ၁၂၁ဝ ယူရို ဖြစ်ပါသည်။
အားလုံး ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ကြပါသည် .....
























ဘဏ္ဍာငွေစာရင်းရှင်းတမ်း


Mittwoch, 6. Januar 2016

ထမနဲပွဲတော်နှင့်ဈေးရောင်ပွဲတော် ကျင်းပမည်






ထမနှဲပွဲတော်နှင့်နိဗ္ဗာန်ဈေးရောင်းပွဲတော် ကျင်းပမည် ...
............................................................................


ဂျာမနီနိုင်ငံ၊ ဖရန့်ဖွတ်မြို့၊ မြန်မာနိုင်ငံဖွား မိသားစုများအားလုံးကို ခင်မင်ရင်းနှီးစွာ ဖိတ်ခေါ်ပါသည်။ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် မြန်မာ့ရိုးရာအထိမ်းအမှတ်ပွဲတော်တစ်ခုဖြစ်သည့် ထမနှဲပွဲတော်နှင့် နိဗ္ဗာန်ဈေးရောင်းပွဲတော်ကို ဆင်ယင်ကျင်းပသွားပါမည်။


ပွဲတော် ၂ ခုဖြစ်သည့်အတိုင်း အစီအစဉ်နှစ်ပိုင်းခွဲ၍ ကျင်းပသွားပါမည်။ ပထမပိုင်း ထမနှဲပွဲတော် အစီအစဉ်ကို မနက် ၁ဝ နာရီမှ နေ့လယ် ၁ နာရီအထိ သံဃာတော်များအား ဆွမ်းကပ်ခြင်း၊ သီလယူခြင်းစသည်တို့ကို ကုသိုလ်ယူဆောင်ရွက်ကြပါမည်။


ဒုတိယပိုင်း နိဗ္ဗာန် ဈေးရောင်းပွဲတော်အစီအစဉ်ကို နေ့လယ် ၁ နာရီမှ ညနေ ၆ နာရီအထိ ဈေးရောင်းခြင်း၊ ကာရာအိုကေသီချင်းများ သီဆိုကြခြင်း၊ မြန်မာမိသားစုများအချင်းချင်း တွေ့ဆုံစကားပြောဆိုခြင်း စသည်တို့ကို ပျော်ပျော်ပါးပါး စီစဉ်ဆောင်ရွက်သွားကြမည် ဖြစ်ပါသည်။


သို့ဖြစ်ပါ၍ ဂျာမနီနိုင်ငံတွင် မှီတင်းနေထိုင်ကြကုန်သော မြန်မာမိသားစုများအားလုံးတို့အား ထမနှဲပွဲတော်နှင့်
နိဗ္ဗာန်ဈေးရောင်းပွဲတော်ကို ပါဝင်ဆင်နွှဲနိုင်ကြပါကြောင်း၊ မိမိတို့နှစ်သက်ရာစားဖွယ်သောက်ဖွယ်များကိုလည်း ကိုယ်တိုင်ပါဝင်ရောင်းချနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။


အစီအစဉ် (၁)မနက် ၁ဝ နာရီမှ နေ့လယ် ၁ နာရီ ..................... သံဃာတော်များအား ဆွမ်းကပ်ခြင်း၊ သီလယူခြင်း
အစီအစဉ် (၂)နေ့လယ် ၁ နာရီမှ ညနေ ၆ နာရီ ........................ ဈေးရောင်ပွဲတော်ကျင်းပခြင်း၊ ကာရာအိုကေသီဆိုခြင်း


လက်ရှိအချိန်အထိ ဈေးရောင်းရန် စာရင်းပေးထားသူများ


၁။ မမာမာအောင်၊ မစုလေးနွယ် .................. ဒံပေါက်
၂။ မစံပါယ် ............. ရခိုင်မုန့်တီ
၃။ မခင်သူဇာ .......... မန္တလေးကြာဇံချက်
၎။ ကိုလှမြင့်စိုး ......... ထမနှဲ
၅။ ဒေါ်စိုးစိုးသိန်း ............. ခေါက်ဆွဲကြော်၊ ကြာဇံကြော်၊ ကြက်ရိုးသုပ်
၆။ မရွှေအိမ်စည်၊ မနှင်းမိုးလွင် ............ ကော်ဖီအအေး (ထမနှဲအရောင်း)၇။မောင် နိုင်ဦး ....................... လဘက်ရည်


နေ့ရက် ............ ၁၃၇၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက်၊
2016 Feb 21၊ တနင်္ဂနွေနေ့


နေရာ ...............
Saalbau Gutleut ခန်းမ,
Rottweiler Straße 32,60327 Frankfurt am Main Hauptbahnhof မှ Straßebahn 12,16,21 စီးပါ။မှတ်တိုင် Baseler Platz မှတ်တိုင်တွင်ဆင်းပြီး ညာဘက်ခြမ်းသို့ ကူးလျှင် Gutleutstr. ကိုတွေ့ပါမည်။