ဂျာမနီနိုင်ငံအတွင်း မှီတင်းနေထိုင်ကြကုန်သော
တရားဓမ္မအားထုတ်ရန် စေတနာသဒ္ဓါထက်သန်ကြကုန်သော ပါရမီရှင်အပေါင်းတို့အား နှိုးဆော်အပ်ပါသည်။
လာမည့် ဇွန်လ ၄ - ရက်နေ့တွင်
မြန်မာနိုင်ငံ၊ သန်လျင်မြို့၊ သဘာဝတရားရိပ်သာဆရာတော် ဘဒ္ဒန္တဥတ္တမသာရ အရှင်မြတ်သည် နောက်ပါ
သံဃာတစ်ပါး၊ ဆရာလေး ၃ ပါးတို့နှင့်အတူ ဂျာမနီနိုင်ငံ၊ ဖရန့်ဖွတ်မြို့၊ ဓမ္မဒူတမြန်မာကျောင်းသို့
ကြွရောက်တော်မူလာမည် ဖြစ်ပါသည်။
ဆရာတော်ဘုရား ကြွရောက်လာသည့်အခိုက်
တရားဓမ္မအားထုတ်လိုသူပါရမီရှင်တို့အတွက် ဘာဝနာကုသိုလ်များ တိုးပွားပြီး သံသရာရိက္ခာထုပ်များ
ထုပ်ပိုးနိုင်စေရန် ရည်ရွယ်၍ 
ဓမ္မဒူတမြန်မာကျောင်း ဆရာ/ဒကာ
ညီညာစွာ စုပေါင်း၍ 
၂ - ရက်တာ တရာစခန်း စီစဉ်ကျင်းပသွားမည်
ဖြစ်ပါသည်။ 
ခရီးစဉ်အကျဉ်း
…………………..
၎ ရက်နေ့ ဂျာမနီနိုင်ငံ ဖရန့်ဖွတ်မြို့သို့
ရောက်ပြီး ဓမ္မဒူတမြန်မာကျောင်းတွင် သီတင်းသုံးပြီး ၈ - ရက်နေ့တွင် အမေရိကန်နိုင်ငံသို့
ဆက်လက်ကြွရောက်မည်။
တရားစခန်းအစီအစဉ်အကျဉ်း
……………………..
၂ ရက်တာ တရားစခန်းအစီအစဉ်ကို
ဇွန်လ ၅ - ရက်နေ့နှင့် ၆
- ရက်နေ့များ၏ … 
နေ့လယ် ၁ နာရီအချိန်မှ စတင်ပြီး
သဘာဝရိပ်သာဆရာတော်ဘုရား၏ အစီအစဉ်အတိုင်း တရားဓမ္မနာယူခြင်း၊ စုပေါင်းတရားအားထုတ်ခြင်းများ
ပြုလုပ်သွားကြမည်။ 
လှူဒါန်းနိုင်သည့်အရာများ
……………………………..
သံဃာတော် ၄ ပါးနှင့် ဆရာလေး
၃ ပါးတို့အား 
-      
အရုဏ်ဆွမ်းအလှူ
(၅ ရက်၊ ၆ ရက်၊ ၇ ရက်၊ ၈ ရက်နေ့များ)
-      
နေ့ဆွမ်းအလှူ
(၅ ရက်၊ ၆ ရက်၊ ၇ ရက်၊ ၈ ရက်နေ့များ)
-      
၅ ရက်နေ့နှင့်
၆ ရက်နေ့ တရားစခန်း ယောဂီများအတွက် အအေးအဖျော်အလှူ
-      
တရားစခန်း ခန်းမအလှူ
-      
ဆရာတော်များနှင့်ဆရာလေးများ
အသွားအပြန် ယာဉ်အလှူ
-      
စသော မိမိတို့သဒ္ဓါပေါက်ရာ
အလှူဒါနများကို ပါဝင်ကုသိုလ်ပြုလှူဒါန်းနိုင်ကြပါသည်။
- ၅ ရက်နေ့နှင့် ၆ ရက်နေ့ ၂ ရက်တာ တရားစခန်းကို 
အောက်ပါ ခန်းမတွင် ကျင်းပသွားပါမည်။ 
Saalbau Clubraum 1,Arnsburger Str 24, 60385,
Frankfurt am Main
U4 စီးပြီး Höhenstr မှတ်တိုင်တွင်ဆင်းပါ
- သံဃာတော် ၄ ပါးနှင့် ဆရာလေး ၃ ပါးတို့အတွက် ဆွမ်းကပ်လှူဒါန်းခြင်းကိုကား
ဓမ္မဒူတမြန်မာကျောင်းတွင် ပြုလုပ်သွားပါမည်။
 

 
Keine Kommentare:
Kommentar veröffentlichen