Dienstag, 14. Oktober 2014

တိုက်တွန်းနှိုးဆော်ခြင်း

ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့ ....

ဓမ္မဒူတဆရာတော်ဘုရားကြီး ဘဒ္ဒန္တဆေကိန္ဒ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဂျာမနီနိုင်ငံ၊ ဖရန့်ဖွတ်မြို့တွင် ပထမဦးဆုံးသော ဗုဒ္ဓဘာသာမြန်မာကျောင်းတော်ကြီး ပေါ်ပေါက်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ဓမ္မဒူတဆရာတော်ဘုရားကြီးက ကျောင်းတော်ကြီး ဖြစ်မြောက်ရေးအတွက် ပထမဦးစွာ ယူရိုငွေ ၅ဝဝဝဝ (ငါးသောင်း)ကို မ တည်လှူဒါန်းထားပါသည်။ ဖရန့်ဖွတ်မြို့ရှိ မြန်မာဗုဒ္ဓဘာသာဝင်များကလည်း တတ်အားသမျှ ပါဝင်လှူဒါန်းလျက်ရှိပါသည်။

ကမ္ဘာအရပ်ရပ်ရှိ သဒ္ဓါကြည်လင် ပါရမီရှင်အပေါင်းတို့အနေဖြင့်လည်း ဓမ္မဒူတဆရာတော်ဘုရားကြီး၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို ဦးထပ်ပန်ဆင်လျှက် ဓမ္မဒူတမြန်မာကျောင်းတော်ကြီး ဂျာမနီနိုင်ငံတွင် ပေါ်ပေါက်လာရေးကို ရည်မြော်တွေးကာ နည်းများမဆို သဒ္ဓါတတ်အားသရွေ့ ပါဝင်လှူဒါန်းကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

လှူဒါန်းရန် ဘဏ်အကောင့် ....

IBAN : DE82 4401 0046 0198 0154 66
BIC : PBNKDEFF
POST BANK

Verwendungszweck (လှူဒါန်းသည့်ရည်ရွယ်ချက်) ဖြည့်သွင်းရာတွင် . . .

၁။ ဓမ္မဒူတမြန်မာကျောင်းတော်ကြီး ဖြစ်မြောက်ရေးအတွက် လှူဒါန်းလိုလျှင်
    DHMD1

၂။ ကျောင်းလစဉ်အလှူငွေအတွက် လှူဒါန်းလိုလျှင်
    DHMD2

၃။ သံဃာတော်များ၏ ကျန်းမာရေးအလှူငွေ အတွက် လှူဒါန်းလိုလျှင်
    DHMD3

၃။ ဓမ္မဒူတမြန်မာကျောင်း အထွေထွေအတွက် လှူဒါန်းလိုလျှင်
    DHMD4


ဟု ထည့်သွင်းရေးသားလှူဒါန်းပေးပါရန်လည်း မေတ္တာရပ်ခံအပ်ပါသည်။

ဆက်သွယ်ရန် လိပ်စာ ...
Dhammaduta Myanmar Buddhist Temple
c/o
Htet Kyain Aung
Gutleutstr 127, 60327
Frankfurt, Germany

ဖုန်း ....
+49 692 4404 258
+49 173 1535 014
+49 172 2750 691


1 Kommentar:

  1. Paypal နဲ့ လှူလို့ရနိုင်မယ့် email add လေးရှိရင် share ပေးပါ့ခင်ဗျား

    AntwortenLöschen