Sonntag, 30. November 2014

အပတ်စဉ် ယဉ်ကျေးလိမ္မာသင်တန်းနှင့် အဘိဓမ္မာသင်တန်း (၃ဝ၊ ၁၁၊ ၂ဝ၁၄)









ဂျာမနီရာသီဥတုက အတော်လေး အေးလာခဲ့ပါပြီ။
အနွေးထည်တွေ အထပ်ထပ် ဝတ်နေကြရပြီ။
ရာသီဥတုက အေးပေမဲ့ ဖရန့်ဖွတ်မြို့က ချစ်စရာ သားသားမီးမီးတို့ကတော့ ထုံးစံအတိုင်း အနွေးထည်တွေ၊ ခေါင်းစွပ်တွေ၊ ခြေအိတ်တွေ အများကြီးဝတ်ပြီး အပတ်စဉ် ယဉ်ကျေးလိမ္မာသင်တန်းကို လာရောက်ကြပါတယ်။

ကိုစိုးလွင် + မမင်းမင်းလှိုင် မိသားစုတို့ကလည်း မိမိတို့၏ သားငယ်များကို အနေဝေးသဖြင့် သင်တန်းမပို့နိုင်သော်လည်း ယဉ်ကျေးလိမ္မာသင်တန်းတက်ရောက်ကြသော သားသားမီးမီးတို့အတွက် အချိုရည်များနဲ့မုန့်များကို လာရောက်လှူဒါန်းသွားကြပါတယ်။

ကိုကြည်ဝင်း + မလင်းလင်းလက်၊ သမီး ရွှေရည်လင်းလက်၊ ကြယ်စင်လင်းလက် မိသားစုတို့ကလည်း သားသားမီးမီးများ၊ မိဘများ၊ မိတ်ဆွေများနဲ့ အဘိဓမ္မာသင်တန်းသားတို့ကို ကြာဆံချက်၊ အချိုရည်၊ မုန့်များနဲ့ အာဟာရဒါနပြုလုပ်ကြပါတယ်။

သားသားမီးမီးတို့နဲ့အတူ ကလေးလူကြီးအားလုံးက မုန့်တွေ၊ အချိုရည်တွေနဲ့ ကြာဆံချက်တွေကို အားရပါးရ စားကြသောက်ကြတော့ အလှူရှင်များလည်း ဝမ်းမြောက်ဝမ်းသာကြပါတယ်။

ကုသိုလ်စိတ်တွေနဲ့ ပြုံးပျော်ကြတဲ့နေ့လေးတစ်နေ့ ဖြစ်ခဲ့ပါတယ်။
ဘာသာအမွေ သာသနာအမွေကို လက်ဆင့်ကမ်းလိုကြတဲ့ မိဘတွေကို လေးစားရသလို ဘာသာအမွေ သာသနာအမွေကို ကမ်းယူကြတဲ့ သားသားမီးမီးများကိုလည်း ချစ်ခင်ရပါတယ်။ အဘက်ဘက်က ဝိုင်းဝန်းလှူဒါန်းကြတဲ့ စေတနာရှင်တွေနဲ့ မြန်မာစာကူညီသင်ပေးတဲ့ သမီး နှင်းမိုးလွင်နဲ့ ရွှေရည်လင်းလက်တို့ကိုလည်း ကျေးဇူးတင်ရပါတယ်။

ကိုဇော်ဝင်းလှိုင် + မတင်ယု၊ သမီး ယုလှိုင်အောင်နဲ့ အိသိင်္ဂီမိုး မိသားစုက
အရုဏ်ဆွမ်းနဲ့ဆေးပစ္စည်းများ တစ်ပတ်အတွင်း ၂ ကြိမ်တိုင်တိုင် လာရောက်လှူဒါန်းသွားကြတယ်။

ကိုမြင့်ဇော်မိသားစုတို့ကလည်း သားလေးတစ်နှစ်ပြည့်အနေနဲ့ နေ့ဆွမ်းလာရောက်ကပ်လှူသွားကြတယ်။

မမာလာမင်းမိသားစုတို့ကလည်း သားလေး ဒီဒီမင်း မွေးနေ့အထိမ်းအမှတ် နေ့ဆွမ်းဆက်ကပ်ပြီး ဖရန့်ဖွတ်နေ မြန်မာမိသားစုများကို ကျွေးမွေးဧည့်ခံကြတယ်။

ဂျာမနီနိုင်ငံ၊ ဖရန့်ဖွတ်မြို့က မြန်မာများအတွက် ကုသိုလ်တွေ စည်ကားတဲ့ ရက်သတ္တပတ်လို့ ဆိုရပါလိမ့်မယ်။

ချမ်းမြေ့ကြပါစေ

Keine Kommentare:

Kommentar veröffentlichen