Sonntag, 7. Dezember 2014

အပတ်စဉ် ယဉ်ကျေးလိမ္မာသင်တန်းနှင့် အဘိဓမ္မာသင်တန်း (ဝ၇၊ ၁၂၊ ၂ဝ၁၄)







အပတ်စဉ် ယဉ်ကျေးလိမ္မာသင်တန်းနှင့် အဘိဓမ္မာသင်တန်းကို ပုံမှန်အတိုင်း ကျင်းပခဲ့ကြသည်။ ဥရောပရာသီဥတုကလည်း တဖြည်းဖြည်း ပိုပိုအေးလာသည်။ ၃ ဒီဂရီမှ ၁ ဒီဂရီအထိ ဖြစ်လာသည်။ အအေးဓာတ်နှင့် အကျွမ်းတဝင် မဖြစ်ခဲ့သော အာရှသားများ တဟွတ်ဟွတ်ဖြစ်သူတွေ များလာသည်။ သို့သော်လည်း အအေးဓာတ်ကို အန်တု၍ ကလေးများနှင့်မိဘများ တက်ကြွစွာ လာရောက်ကြသည်။

ကလေးများနှင့်လူကြီးများအတွက် ကိုမင်းထိုက် + မမာလာမင်း၊ သား ဒီဒီမင်း၊ အောင်ဇေမင်း မိသားစုတို့က
အုန်းနို့ခေါက်ဆွဲနှင့် မုန့်များ၊ အချိုရည်များ အဝကျွေးမွေးကုသိုလ်ယူကြသည်။

စေတီတစ်ဆူတည်ရာမှာ အုတ်တစ်ချပ်ချင်း၊ တစ်ဆင့်ချင်း စနစ်တကျ တဖြည်းဖြည်းချင်း တည်ဆောက်ရသလို ကလေးများ၏နှလုံးသားမှာ ဘုရားတည်ဖို့ စိတ်ရှည်လက်ရှည်ဖြင့် တဖြည်းဖြည်းချင်း တည်ပေးရပေလိမ့်မည်။

မိသားစုနွေးထွေးမှု၊ မိဘဘိုးဘွားများအပေါ် ကြင်နာသနားခြင်း၊ ပြုစုလုပ်ကျွေးခြင်းစသည်တို့
ပါးလျစွာ တည်ရှိနေသော ဥရောပယဉ်ကျေးမှုအလယ်မှာ လူးလားမြောက်နေရသော ရင်သွေးငယ်များအတွက် ဗုဒ္ဓဘာသာမိသားစုတန်ဖိုးများ ကိန်းဝပ်စေရေးမှသည်
ရတနာသုံးပါးအပေါ် အလေးထားမှုစံနှုန်းများ ဖြစ်ထွန်းလာစေဖို့ ယခုထက်တိုး၍တိုး၍ ကြိုးစားရပေလိမ့်မည်။

Keine Kommentare:

Kommentar veröffentlichen