၁။ ဗုဒ္ဓ ဓမ္မ
သံဃာ့စုံညီ ။
ရတနာ့သုံး
ညွှတ်ရုံးအဉ္စလီ။
ရန်ဘယာရှင်း
လွှတ်ကင်းဖို့ရည်။
ပဏာမ ဦးချ
စိတ်ကြည်ကြည် ။
၂။ ရတနာသုံးပါး ညွှတ်တွားပြီးသော်
အဘိဓမ္မာ့ ဗုဒ္ဓ အခါတော်
ကြောင်းရာဇာတ်လမ်း မှတ်တမ်းထုတ်ဖော်
နေ့ထူးမြတ် ရွတ်ဖတ်တို့ပူဇော် ။
၃။ ရှင်တော်ဗုဒ္ဓ
ဘဝဖြစ် စဉ်
ဝါတော် ခွန်နစ်
ချိန်သစ်ခါတွင်
မယ်တော် မိနတ်
စံရပ်နတ်ခွင်
ကြွချီလှမ်း
စံမြန်းစိန္တေရှင် ။
၎။ ဝတိံ နတ်နန်း ကြွလှမ်း ဗုဒ္ဓေ
ကသစ်ပင်ရင်း မှီတင်းစံနေ
မယ်တော်ဖြစ်ဘူး ကျေးဇူးဂုဏ်ရည်
တရားစက်
မိန့်မြွက် ဘိဓမ္မေ ။
၅။ အဘိဓမ္မာ့
ဗုဒ္ဓထုတ်ဖော်
နတ်ဗြဟ္မာပေါင်း
ညွှတ်ပြောင်း နုမော်
တရားမြတ်ထူး
ဆွတ်ခူးပျော်ပျော်
နိဗ္ဗာန် နန်း တက်လှမ်းအေခါတော် ။
၆။ တရား အားလုံး
ပြီးဆုံးချိန်တွင်
သီတင်းဝါလ ကျွတ်ထ သဘင်
နတ်ပြည်ရပ်မှ ပြန်ကြွ အရှင်
နတ်လူများ ဝပ်တွား ကြိုဖို့ပြင်။
၇။ မြတ်စွာ ခရီး
စုစည်း ရောင်ခြည်
ဝန်းကျင်
ထိန်ညီး ဆီးမီးကိုယ်စီ
လူနတ်အများ စိတ်ထားတူညီ
မြတ်ဘုရား
ဝပ်တွားမနသီ ။
၈။ ဗုဒ္ဓ သမိုင်း
စိတ်လှိုင်း ကြည်ဖြူ
ကျေးဇူးဆပ်ပွဲ ခြိမ့်သဲ နမူ
နှစ်စဉ်
နှစ်တိုင်း စံနှိုင်းတုယူ
မပျက်ကွက် ဆောင်ရွက်တို့ပြည်သူ ။
၉။ ကျေးဇူးအကျိုး တန်ဖိုး အရှိန်
ဗုဒ္ဓဘုရား ဟောကြားကြိမ်ကြိမ်
လိုက်နာကျင့်သုံး မဆုံးဂုဏ်သိန်
တပည့်များ
မှတ်သားနှလုံးအိမ် ။
၁၀။ ဤစဉ်လာအား ဒို့များယူကာ
ဝါလလွတ်ကင်း သီတင်းကျွတ်ခါ
မြန်မာ အများ စုပေါင်းညီညာ
ဗုဒ္ဓမြတ် ရည်မှတ် မီးပူဇာ ။
Keine Kommentare:
Kommentar veröffentlichen