တစ်နေ့သ၌၊ အိုမင်းကြီးရင့်၍ အသက် ၁၂၀-အရွယ်ရှိသော
ပုဏ္ဏားအို နှစ်ယောက်သည်၊ မြတ်စွာဘုရားထံ ချဉ်းကပ်ပြီးလျှင်၊
"အရှင်ဂေါတမ - အကျွန်ုပ်တို့သည် အိုမင်းကြီးရင့်၍ အသက်၁၂၀-အရွယ်သို့ ရောက်ကြပါပြီ၊
ပုဏ္ဏားအို နှစ်ယောက်သည်၊ မြတ်စွာဘုရားထံ ချဉ်းကပ်ပြီးလျှင်၊
"အရှင်ဂေါတမ - အကျွန်ုပ်တို့သည် အိုမင်းကြီးရင့်၍ အသက်၁၂၀-အရွယ်သို့ ရောက်ကြပါပြီ၊
ငရဲ တိရစ္ဆာန် ပြိတ္တာ အသုရကာယ် တည်းဟူသော အပါယ်လေးဘုံမှ ကင်းဝေးမည့်
ကောင်းမှုကုသိုလ်ကိုမူ မပြုလုပ်ကြရသေးပါ၊ အကျွန်ုပ်တို့အား
ရှည်ကြာလေးမြင့်စွာ အစီးအပွားဖြစ်ခြင်း၊ ချမ်းသာခြင်း ဖြစ်နိုင်သော
အဆုံးအမကို ပေးတော်မူပါ"ဟူ၍ လျှောက်ထားကြ၏။
ထိုအခါ မြတ်စွာဘုရားက
"ပုဏ္ဏားတို့ - ဤသတ္တလောကကို အိုခြင်းမီး၊ နာခြင်းမီး၊ သေခြင်းမီးတို့သည် လောင်မြိုက်လျက် ရှိသည်၊ ထို့ကြောင့် မျက်မှောက်ဘ၀၌ ကိုယ်ဖြင့်စောင့်စည်းခြင်း၊ နှုတ်ဖြင့်စောင့်စည်းခြင်း၊ စိတ်ဖြင့်စောင့်စည်းခြင်းတို့ ပြုရမည်။"
"ယင်းသို့ စောင့်စည်းမှုသည် တမလွန်ဘ၀သို့ ပြောင်းသွားသူ၏ ခိုကိုးရာလည်း ဖြစ်၏၊ ပုန်းအောင်းရာလည်း ဖြစ်၏၊ မှီခိုရာလည်း ဖြစ်၏၊ ကိုးကွယ်ရာလည်း ဖြစ်၏၊ လှဲလျောင်းရာလည်း ဖြစ်၏"
"ပုဏ္ဏားတို့ - အိမ်ကို မီးစွဲလောင်သည်ရှိသော်၊ အကြင်အိုးခွက်စသော ပစ္စည်းကို ထုတ်ယူထားအပ်၏၊ ထိုထုတ်ယူထားအပ်သည့် အိုးခွက်စသည့် ပစ္စည်းသည်၎င်း၊ ထိုအိမ်၌ အကြင်အကြင်ပစ္စည်းကို မီးမလောင်။ ထိုမီးမလောင်သော ပစ္စည်းတို့သည်၎င်း၊ အိမ်ရှင်၏အကျိုးငှါ ဖြစ်၏။"
"ဤအတူပင်၊ သတ္တလောကကို အိုခြင်းမီး၊ နာခြင်းမီး၊ သေခြင်းမီးတို့ စွဲလောင်နေရာ ချမ်းသာကိုပေးစွမ်းနိုင်သော ကုသိုလ်ကောင်းမှုကို ပြုခြင်းဖြင့် ထုတ်ယူအပ်၏၊ ပေးလှူအပ်ပြီးသော အလှူဒါနသည် ကောင်းစွာထုတ်ယူထားအပ်ပြီး မည်၏"
"ဤမျက်မှောက်ဘ၀၌ . .
* ကိုယ် နှုတ် စိတ်ဖြင့် စောင့်စည်းခြင်းသည်၎င်း၊
* အသက်ဝိညာဉ် ရှင်နေစဉ် ကောင်းမှုပြုခြင်းသည်၎င်း၊
တမလွန်ဘ၀သို့ ပြောင်းသွားသူအား ချမ်းသာမှုကို ဖြစ်စေ၏"ဟူ၍ ဆိုဆုံးမတော် မူလေသတည်း။
( ဒုတိယ ဒွေဗြာဟ္မဏသုတ်၊ အင်္ဂုတ္တိုရ် )
ထိုအခါ မြတ်စွာဘုရားက
"ပုဏ္ဏားတို့ - ဤသတ္တလောကကို အိုခြင်းမီး၊ နာခြင်းမီး၊ သေခြင်းမီးတို့သည် လောင်မြိုက်လျက် ရှိသည်၊ ထို့ကြောင့် မျက်မှောက်ဘ၀၌ ကိုယ်ဖြင့်စောင့်စည်းခြင်း၊
"ယင်းသို့ စောင့်စည်းမှုသည် တမလွန်ဘ၀သို့ ပြောင်းသွားသူ၏ ခိုကိုးရာလည်း ဖြစ်၏၊ ပုန်းအောင်းရာလည်း ဖြစ်၏၊ မှီခိုရာလည်း ဖြစ်၏၊ ကိုးကွယ်ရာလည်း ဖြစ်၏၊ လှဲလျောင်းရာလည်း ဖြစ်၏"
"ပုဏ္ဏားတို့ - အိမ်ကို မီးစွဲလောင်သည်ရှိသော်၊ အကြင်အိုးခွက်စသော ပစ္စည်းကို ထုတ်ယူထားအပ်၏၊ ထိုထုတ်ယူထားအပ်သည့် အိုးခွက်စသည့် ပစ္စည်းသည်၎င်း၊ ထိုအိမ်၌ အကြင်အကြင်ပစ္စည်းကို မီးမလောင်။ ထိုမီးမလောင်သော ပစ္စည်းတို့သည်၎င်း၊ အိမ်ရှင်၏အကျိုးငှါ ဖြစ်၏။"
"ဤအတူပင်၊ သတ္တလောကကို အိုခြင်းမီး၊ နာခြင်းမီး၊ သေခြင်းမီးတို့ စွဲလောင်နေရာ ချမ်းသာကိုပေးစွမ်းနိုင်သော
"ဤမျက်မှောက်ဘ၀၌ . .
* ကိုယ် နှုတ် စိတ်ဖြင့် စောင့်စည်းခြင်းသည်၎င်း၊
* အသက်ဝိညာဉ် ရှင်နေစဉ် ကောင်းမှုပြုခြင်းသည်၎င်း၊
တမလွန်ဘ၀သို့ ပြောင်းသွားသူအား ချမ်းသာမှုကို ဖြစ်စေ၏"ဟူ၍ ဆိုဆုံးမတော် မူလေသတည်း။
( ဒုတိယ ဒွေဗြာဟ္မဏသုတ်၊ အင်္ဂုတ္တိုရ် )
Keine Kommentare:
Kommentar veröffentlichen