ကြည်ကြည်လင်လင် နိဗ္ဗာန်မှန်းပြီး ကုသိုလ်ပြုတတ်အောင်
အလှူကြီးတွေပေးပြီး
ပျော်ကြရွှင်ကြ၊ ပွဲတွေလမ်းတွေနဲ့ ဒါ...ကုသိုလ်မဟုတ်ဘူး။ အလှူ့ဒကာကို
ဝိုင်းမြှောက်ကြ၊ တီးကြ၊ မှုတ်ကြနဲ့၊ ဒါ...လောဘတွေပဲ။ ဒါ...မှားတာပဲ။
လမ်းမှားတာပဲ။
ကုသိုလ်ပြုတဲ့နေရာမှာ တိတ်ဆိတ်ငြိမ်သက်နေမှ ကောင်းတယ်။
ဒါ့ကြောင့် ကုသိုလ်ပြုတဲ့နေရာမှာ စိတ်ကို ကြည်ကြည်လင်လင် နိဗ္ဗာန်မှန်းပြီး
ကုသိုလ်ပြုတတ်အောင် လုပ်ပါ။
( မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး )
Keine Kommentare:
Kommentar veröffentlichen