••••••••••••••••••••••
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော
ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ နတ်သား တစ်ယောက်သည်
အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ညဥ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ)
အချိန်၌ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက်၊ မြတ်စွာဘုရားအထံသို့
ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင်၊ တစ်ခုသော အရပ်၌
ရပ်တည်ပြီးသော်၊ မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤသို့မေးလျှောက်၏-
အရှင်ဘုရား -
* အဘယ်တရားသည် အိုသည်တိုင်အောင် ကောင်းပါသနည်း၊
* အဘယ်တရား သည် တည်ရှိသော် ကောင်းပါသနည်း၊
* အဘယ်တရားသည် လူတို့၏ ရတနာမည် ပါသနည်း၊
* အဘယ်တရားကို ခိုးသူတို့သည် ခိုးယူနိုင်ခဲပါသနည်း၊
ထိုအခါ၊ ဘုရားရှင်က . .
* အကျင့်သီလသည် အိုသည်တိုင်အောင် ကောင်း၏၊
* ယုံကြည်မှု 'သဒ္ဓါ'တရား တည် သည်ရှိသော် ကောင်း၏၊
* ပညာသည် လူတို့၏ ရတနာမည်၏၊
* ကောင်းမှုကို ခိုးသူတို့သည် ခိုးယူနိုင်ခဲ၏- ဟု ဟောကြားတော်မူသတည်း။
( ဇရာဝဂ် - ဇရာသုတ် )

Keine Kommentare:
Kommentar veröffentlichen