Mittwoch, 21. November 2012

" သာသနာပြုတို့ ထားရှိရမည့် စိတ်နေသဘောထား "




ဝေနေယျလောကသားတို့မှာကား-
သံသရာတစ်ခွင် ခရီးပြင်ကျယ်ကြီးထဲ၌ မျက်စိလည်လမ်းမှား၊
အကဏ်း(အကန်း)သွား ဘ၀ဖြင့်သာလမ်းများလျက်ဝဲလည်နေကြ
ရရှာပါကုန်၏။

အကဏ်းသမားများပီပီ မမှန်လမ်းသို့ကား ထန်ထန်နှင့် သန်သန်ကြီးပင် လျှောက်နေကြရရှာကုန်၏။

လမ်းကားမှောင်မှောင်၊ လူကောင်ကလည်း ကန်းကန်းဖြစ်သဖြင့် ထင်ရာမြင်ရာနှင့် ခြေဦးတည့်ရသို့သာစမ်းတမ်းလျက် သွားနေကြ
ရရှာပါကုန်၏။

အမှောင်အတွင်း၌ ပက်ပင်းတွေ့ရသော အရာဝတ္ထုမှန်သမျှ -
- တစ်ဘက်ကအကောင်းပြော ပြောလျှင် ပြုံး၍ပြတတ် လက်ခံရတတ်ချေ၏။
- တစ်ဘက်က အဆိုးပြောပြောလျှင်လည်း မဲ့၍ပြတတ် ပယ်လှန်ရတတ်ချေ၏။
- ကိုယ်တိုင်မမြင်တွေ့ရချေသဖြင့် အပြောနှင့်သာ ခေါင်းညိတ်
ခေါင်းခါနေရရှာ၏။

မွေးကတည်းက ကဏ်းခဲ့သဖြင့် သူကဏ်းတစ်ယောက်သည်ကား-
- သံပရာသီးကို ထန်းလျက်ပြောလည်း၊ ယုံကြည်တတ်၏။
- ထန်းလျက်ကို သံပုရာသီးဟုပြောလည်း ယုံကြည်ရတတ်၏။
ထို့အတူ မွေးကတည်းက ဓမ္မစက္ခု ခေါ်တရားမျက်စိမပါရှာသူ
ဝေနေယျများသည်လည်း မိမိ၏လူမျိုးအလိုက် ပြောသောစကား၏
ပညတ်၌သာ သိရပြီး ထိုပညတ်သို့လိုက်၍သာ ပြုံးခြင်း၊ မဲ့ခြင်း၊
လက်မှောက်ခြင်း၊ လက်လှန်ခြင်းမျိုးကို လုပ်နေကြရရှာကုန်၏။

ထို့ကြောင့် ရယူလိုသည်က တကယ့်လမ်းအကောင်း။
ထလုပ်လိုက် ပြန်တော့ တကယ့်မကောင်းချည်းသာ ဖြစ်ကြ
ရရှာကုန်၏။ အကောင်းထင်လျက်လုပ်မိလေသမျှ မကောင်းသို့သာ
လမ်းဆုံးရချေ၏။ မှန်သောလမ်းသို့ကား ဆန့်တငင်ငင်သာရှိကြ
ပါကုန်၏။

ထိုမှန်သော လမ်းကား တစ်ယောက်ထည်းသွား၍ တစ်ယောက်ထည်း
ကောင်းသောသဘော၊ ထိုတစ်ယောက်ထည်းကောင်း၍ကြွေးကင်းသော၊
ကြွေးကင်း၍ ပိုလျှံလာသဖြင့်အများသို့ကောင်း ပစ္စည်းဝေပေးနိုင်သော
မှန်လမ်းကို ငါစွဲအတ္တ၊ သာယာစွဲတဏှာ အဖော်ပါမှပျော်တတ်သော
(ကိလေသာတို့၏ဖုံးကွယ်ထားမှုကြောင့်) အကဏ်းသမားတို့သည်
အကောင်းဟူ၍ လည်းမထင်၊ ပေါင်းကောင်းသောအမျိုးဟူ၍ပင်
မမှတ်ချင်တတ်ကြချေ။

ထိုမျက်စိလည်လမ်းမှား အကဏ်းသမားတို့ကို
မျက်စိလည်း ကြည်လင် လမ်းလည်းမမှား၊ တစ်လမ်းသွားများ
ဖြစ်ကြရလေအောင် မိမိရောက်ဖူးထားသည့် ကိန်းသေကောင်း
လမ်းကြီးသို့ ကရုဏာရှေ့ထားစာနာသောကိုယ်ချင်းစာတရားများ
ရှေ့တန်းတင်လျက် ရှေ့ဆောင် လမ်းပြဆောင်ရွက်ပေးကြခြင်းဖြင့်
သာသနာပြု သူတော်ကောင်းတို့ တကယ်ရှိရမည့် ဖြူစင်မြင့်မြတ်
စိတ်ကို မွေးမြူကြကုန်ရာ၏။

- ( ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး )

Keine Kommentare:

Kommentar veröffentlichen