Donnerstag, 8. November 2012

စိတ် ဆင်းရဲလို့ သမာဓိ မရတာ

သမာဓိ ဆိုသည်မှာ ...
မိမိရဲ့ စိတ်လေး တည်ငြိမ်ပြီး ကြည်လင်မှုရှိတာကို ခေါ်တယ်။
စိတ် မချမ်းသာရင် သမာဓိ မဖြစ်ဘူး။ သမာဓိ ရချင်တယ်ဆိုရင်
စိတ် ချမ်းသာမှု ရှိရပါမယ်။ စိတ်ချမ်းသာတယ်ဆိုတာ တခြားမထင်နဲ့။
ကုသိုလ်စိတ် ဖြစ်နေတာပါ။ ကိုသိုလ် ဖြစ်မှ စိတ်ချမ်းသာမယ်။
စိတ် ချမ်းသာ မှ သမာဓိဖြစ်မယ်။ ကိုသိုလ် မဖြစ်ရင် စိတ် ဆင်းရဲမယ်။
စိတ် ဆင်းရဲရင် သမာဓိ မရနိုင်ဘူး။
စိတ် ဆင်းရဲတယ်ဆိုတာဟာလည်း ကိုယ် ရတာနဲ့ ကိုယ် မကျေနပ်လို့။
ကိုယ့် ရပိုင်ခွင့်နဲ့ ကိုယ် မကျေနပ်ရင် စိတ် ဆင်းရဲတယ်။
မိမိ ရထားတဲ့ အခွင့်အရေး ၊ လာဘ်လာဘ ၊ စည်းစိမ်ဥစ္စာ ကို အထင်သေးနေရင် စိတ် ဆင်းရဲတယ်။
စိတ် ဆင်းရဲလို့ သမာဓိ မရတာ။


ဓမ္မဒူတ ဆရာတော် အရှင်ဆေကိန္ဒ

Keine Kommentare:

Kommentar veröffentlichen