ဇေတ၀န်ကျောင်းတော်၌ ဘုရားရှင် သီတင်းသုံးနေတော်မူစဉ် တရားနာရင်း တစ်ယောက်တစ်မျိုးစီပြုလုပ်နေကြေ
ဇေတ၀န်ကျောင်းတော်သို့လာ၍ ဘုရားရှင်ထံမှ တရားနာနေကြသော ဒါယကာငါးယောက်တို့တွင် -
 • တစ်ယောက်သည် ထိုင်လျက်အိပ်ပျော်နေ၏။
 • တစ်ယောက်သည် လက်ချောင်းဖြင့် မြေကြီးကို ရေးခြစ်နေ၏။ 
 • တစ်ယောက်သည် သစ်ပင်ကို လှုပ်နေ၏။ 
 • တစ်ယောက်သည် ကောင်းကင်ကို မော့ကြည့်နေ၏။ 
 • ကျန်တစ်ယောက်သည်သာ ရိုသေစွာ တရားနာနေ၏။ 
 
 ဤတွင် ဘုရားရှင်သည် ယပ်လေခတ်၍နေသော အရှင်အာနန္ဒာအား 
 
 • "အာနန္ဒာ - ထိုသူတို့တွင် ထိုင်လျက်အိပ်ပျော်နေသောသူကား  
   ဘ၀ငါးရာတို့ပတ်လုံး မြွေမျိုး၌ဖြစ်၍ မိမိအခွေများပေါ်တွင် ခေါင်းတင်၍  
   အိပ်ခဲ့၏။"
 
 • "မြေကြီးကို ရေးခြစ်နေသူကား ဘ၀ငါးရာတို့ပတ်လုံး တီမျိုး၌ ဖြစ်ခဲ့၏"
 
 • "သစ်ပင်ကို လှုပ်ကိုင်နေသူကား ဘ၀ငါးရာတို့ပတ်လုံး မျောက်မျိုး၌ 
    ဖြစ်ခဲ့၏"
 
 • "ကောင်းကင်ကို မော့ကြည့်နေသူကား ဘ၀ငါးရာတို့ပတ်လုံး  
    ဗေဒင်သုံးပုံဆောင်သော ပုဏ္ဏား ဖြစ်ခဲ့၏" ဟု မိန့်ကြားတော်မူလေသည်။
 
 ထို့နောက် အရှင်အာနန္ဒာက . .
 "အရှင်ဘုရား - အဘယ်တရားကို အမှီပြု၍ သတ္တ၀ါတို့သည် တရားကို ကောင်းစွာမနာကြားနိုင်ကြပါသနည်း
 
 ဘုရားရှင်က . .
 "အာနန္ဒာ - ရာဂ, ဒေါသ, မောဟ နှင့် တဏှာတို့ကို အမှီပြု၍ တရားတော်ကို 
ကောင်းစွာနာကြားရန် မတတ်နိုင်ကြပေ"ဟု မိန့်တော်မူပြီးလျှင် 
အောက်ပါဒေသနာတော်ကို ဟောကြားတော်မူလေသတည်း။
 
 • ရာဂနှင့်တူသော မီးသည် မရှိ။ 
 • ဒေါသနှင့်တူသော ဖမ်းစားတတ်သော အရာဝတ္ထုသည် မရှိ။ 
 • မောဟနှင့်တူသော ပိုက်ကွန်သည် မရှိ။ 
 • တဏှာနှင့်တူသော မြစ်သည် မရှိ။
 
 ( ဓမ္မပဒ။ မလ၀ဂ် )
ဇေတ၀န်ကျောင်းတော်၌ ဘုရားရှင် သီတင်းသုံးနေတော်မူစဉ် တရားနာရင်း တစ်ယောက်တစ်မျိုးစီပြုလုပ်နေကြေ
ဇေတ၀န်ကျောင်းတော်သို့လာ၍ ဘုရားရှင်ထံမှ တရားနာနေကြသော ဒါယကာငါးယောက်တို့တွင် -
• တစ်ယောက်သည် ထိုင်လျက်အိပ်ပျော်နေ၏။
• တစ်ယောက်သည် လက်ချောင်းဖြင့် မြေကြီးကို ရေးခြစ်နေ၏။
• တစ်ယောက်သည် သစ်ပင်ကို လှုပ်နေ၏။
• တစ်ယောက်သည် ကောင်းကင်ကို မော့ကြည့်နေ၏။
• ကျန်တစ်ယောက်သည်သာ ရိုသေစွာ တရားနာနေ၏။
 
ဤတွင် ဘုရားရှင်သည် ယပ်လေခတ်၍နေသော အရှင်အာနန္ဒာအား
 
• "အာနန္ဒာ - ထိုသူတို့တွင် ထိုင်လျက်အိပ်ပျော်နေသောသူကား
ဘ၀ငါးရာတို့ပတ်လုံး မြွေမျိုး၌ဖြစ်၍ မိမိအခွေများပေါ်တွင် ခေါင်းတင်၍
အိပ်ခဲ့၏။"
 
• "မြေကြီးကို ရေးခြစ်နေသူကား ဘ၀ငါးရာတို့ပတ်လုံး တီမျိုး၌ ဖြစ်ခဲ့၏"
 
• "သစ်ပင်ကို လှုပ်ကိုင်နေသူကား ဘ၀ငါးရာတို့ပတ်လုံး မျောက်မျိုး၌
ဖြစ်ခဲ့၏"
 
• "ကောင်းကင်ကို မော့ကြည့်နေသူကား ဘ၀ငါးရာတို့ပတ်လုံး
ဗေဒင်သုံးပုံဆောင်သော ပုဏ္ဏား ဖြစ်ခဲ့၏" ဟု မိန့်ကြားတော်မူလေသည်။
 
ထို့နောက် အရှင်အာနန္ဒာက . .
"အရှင်ဘုရား - အဘယ်တရားကို အမှီပြု၍ သတ္တ၀ါတို့သည် တရားကို ကောင်းစွာမနာကြားနိုင်ကြပါသနည်း
 
ဘုရားရှင်က . .
"အာနန္ဒာ - ရာဂ, ဒေါသ, မောဟ နှင့် တဏှာတို့ကို အမှီပြု၍ တရားတော်ကို ကောင်းစွာနာကြားရန် မတတ်နိုင်ကြပေ"ဟု မိန့်တော်မူပြီးလျှင် အောက်ပါဒေသနာတော်ကို ဟောကြားတော်မူလေသတည်း။