Montag, 7. Januar 2013

၇။ ဥာဏဒဿန ၀ိသုဒ္ဓိ = နိဗ္ဗာန် ကိုသိမြင်နိုင်သော ဥာဏ်၏ စင်ကြယ်မှု။

ဥာဏဒဿန ၀ိသုဒ္ဓိ ဆိုရာ၌ သစ္စာလေးပါးကို သိတတ်သောကြောင့် ဥာဏ မည်၏။
 

မျက်စိဖြင့်မြင်ရသကဲ့သို တိုက်ရိုက်မြင်ရသောကြောင့် ဒဿန မည်၏။ (အိပ်ပျော်သလို၊
မေ့ကနဲ၊ ဘာမှမသိတော့တာမဟုတ်၊ ထင်ထင်ရှားရှား သိစိတ်ဖြင့် သိရှိခံစားရသည်)
ကိလေသာ ညစ်အကြေးတို့မှ စင်ကြယ်သော ကြောင့် ၀ိသုဒ္ဓိ မည်၏။ 


သီလ ၀ိသုဒ္ဓိ စသောရှေး ၀ိသုဒ္ဓိ (၆)ပါး ဉ်ဖြင့် ဆင့်ဆင့်တက်၍ ရသောမဂ်ကို ဥာဏဒဿန ၀ိသုဒ္ဓိ
ဟုခေါ်ဆိုပေသည်။ ဤဆင့်သို့ရောက်သောသူသည် ပုထုစဉ်ဘ၀မှလွတ်မြောက်၍ရိယာ ဘ၀ သို့ဆိုက်ရောက်ခြင်းဖြစ်ပေသည်။


ဒီ ၀ိသုဒ္ဓိ(၇)ပါး ကို ၀ိပသနာ ရှုမှတ်ပွါးများသော ယောဂီပုဂ္ဂိုလ် တိုင်း တွေ့ကြုံရပေမည်။ (၇)ပါး
လုံး ပြီးပြည့်စုံရန်ကား “၀ိရိယ၊ သဒ္ဒါ၊ ပညာ နှင့် ပါရမီ” ပေါ်မူတည်၍ တဦးနှင့်တဦး
ချိန်ကာလ တော့ကွာခြားပေမည်။ မလျှော့သော ဇွဲ ဖြင့်ကြိုးစားဖို့သာလိုပါသည်။

Keine Kommentare:

Kommentar veröffentlichen