ဇေတ၀န်ကျောင်းတော်၌ ဘုရားရှင် သီတင်းသုံးနေတော်မူစဉ် တရားနာရင်း တစ်ယောက်တစ်မျိုးစီပြုလုပ်နေကြေ သာ ဒါယကာငါးယောက်တို့ကို အကြောင်းပြု၍ ဤဒေသနာကို ဟောကြားတော်မူလေသည်။
ဇေတ၀န်ကျောင်းတော်သို့လာ၍ ဘုရားရှင်ထံမှ တရားနာနေကြသော ဒါယကာငါးယောက်တို့တွင် -
• တစ်ယောက်သည် ထိုင်လျက်အိပ်ပျော်နေ၏။
• တစ်ယောက်သည် လက်ချောင်းဖြင့် မြေကြီးကို ရေးခြစ်နေ၏။
• တစ်ယောက်သည် သစ်ပင်ကို လှုပ်နေ၏။
• တစ်ယောက်သည် ကောင်းကင်ကို မော့ကြည့်နေ၏။
• ကျန်တစ်ယောက်သည်သာ ရိုသေစွာ တရားနာနေ၏။
ဤတွင် ဘုရားရှင်သည် ယပ်လေခတ်၍နေသော အရှင်အာနန္ဒာအား
• "အာနန္ဒာ - ထိုသူတို့တွင် ထိုင်လျက်အိပ်ပျော်နေသောသူကား
ဘ၀ငါးရာတို့ပတ်လုံး မြွေမျိုး၌ဖြစ်၍ မိမိအခွေများပေါ်တွင် ခေါင်းတင်၍
အိပ်ခဲ့၏။"
• "မြေကြီးကို ရေးခြစ်နေသူကား ဘ၀ငါးရာတို့ပတ်လုံး တီမျိုး၌ ဖြစ်ခဲ့၏"
• "သစ်ပင်ကို လှုပ်ကိုင်နေသူကား ဘ၀ငါးရာတို့ပတ်လုံး မျောက်မျိုး၌
ဖြစ်ခဲ့၏"
• "ကောင်းကင်ကို မော့ကြည့်နေသူကား ဘ၀ငါးရာတို့ပတ်လုံး
ဗေဒင်သုံးပုံဆောင်သော ပုဏ္ဏား ဖြစ်ခဲ့၏" ဟု မိန့်ကြားတော်မူလေသည်။
ထို့နောက် အရှင်အာနန္ဒာက . .
"အရှင်ဘုရား - အဘယ်တရားကို အမှီပြု၍ သတ္တ၀ါတို့သည် တရားကို ကောင်းစွာမနာကြားနိုင်ကြပါသနည်း "ဟု မေးလျှောက်ရာ -
ဘုရားရှင်က . .
"အာနန္ဒာ - ရာဂ, ဒေါသ, မောဟ နှင့် တဏှာတို့ကို အမှီပြု၍ တရားတော်ကို
ကောင်းစွာနာကြားရန် မတတ်နိုင်ကြပေ"ဟု မိန့်တော်မူပြီးလျှင်
အောက်ပါဒေသနာတော်ကို ဟောကြားတော်မူလေသတည်း။
• ရာဂနှင့်တူသော မီးသည် မရှိ။
• ဒေါသနှင့်တူသော ဖမ်းစားတတ်သော အရာဝတ္ထုသည် မရှိ။
• မောဟနှင့်တူသော ပိုက်ကွန်သည် မရှိ။
• တဏှာနှင့်တူသော မြစ်သည် မရှိ။
( ဓမ္မပဒ။ မလ၀ဂ် )
ဇေတ၀န်ကျောင်းတော်၌ ဘုရားရှင် သီတင်းသုံးနေတော်မူစဉ် တရားနာရင်း တစ်ယောက်တစ်မျိုးစီပြုလုပ်နေကြေ သာ ဒါယကာငါးယောက်တို့ကို အကြောင်းပြု၍ ဤဒေသနာကို ဟောကြားတော်မူလေသည်။
ဇေတ၀န်ကျောင်းတော်သို့လာ၍ ဘုရားရှင်ထံမှ တရားနာနေကြသော ဒါယကာငါးယောက်တို့တွင် -
• တစ်ယောက်သည် ထိုင်လျက်အိပ်ပျော်နေ၏။
• တစ်ယောက်သည် လက်ချောင်းဖြင့် မြေကြီးကို ရေးခြစ်နေ၏။
• တစ်ယောက်သည် သစ်ပင်ကို လှုပ်နေ၏။
• တစ်ယောက်သည် ကောင်းကင်ကို မော့ကြည့်နေ၏။
• ကျန်တစ်ယောက်သည်သာ ရိုသေစွာ တရားနာနေ၏။
ဤတွင် ဘုရားရှင်သည် ယပ်လေခတ်၍နေသော အရှင်အာနန္ဒာအား
• "အာနန္ဒာ - ထိုသူတို့တွင် ထိုင်လျက်အိပ်ပျော်နေသောသူကား
ဘ၀ငါးရာတို့ပတ်လုံး မြွေမျိုး၌ဖြစ်၍ မိမိအခွေများပေါ်တွင် ခေါင်းတင်၍
အိပ်ခဲ့၏။"
• "မြေကြီးကို ရေးခြစ်နေသူကား ဘ၀ငါးရာတို့ပတ်လုံး တီမျိုး၌ ဖြစ်ခဲ့၏"
• "သစ်ပင်ကို လှုပ်ကိုင်နေသူကား ဘ၀ငါးရာတို့ပတ်လုံး မျောက်မျိုး၌
ဖြစ်ခဲ့၏"
• "ကောင်းကင်ကို မော့ကြည့်နေသူကား ဘ၀ငါးရာတို့ပတ်လုံး
ဗေဒင်သုံးပုံဆောင်သော ပုဏ္ဏား ဖြစ်ခဲ့၏" ဟု မိန့်ကြားတော်မူလေသည်။
ထို့နောက် အရှင်အာနန္ဒာက . .
"အရှင်ဘုရား - အဘယ်တရားကို အမှီပြု၍ သတ္တ၀ါတို့သည် တရားကို ကောင်းစွာမနာကြားနိုင်ကြပါသနည်း "ဟု မေးလျှောက်ရာ -
ဘုရားရှင်က . .
"အာနန္ဒာ - ရာဂ, ဒေါသ, မောဟ နှင့် တဏှာတို့ကို အမှီပြု၍ တရားတော်ကို ကောင်းစွာနာကြားရန် မတတ်နိုင်ကြပေ"ဟု မိန့်တော်မူပြီးလျှင် အောက်ပါဒေသနာတော်ကို ဟောကြားတော်မူလေသတည်း။
• ရာဂနှင့်တူသော မီးသည် မရှိ။
• ဒေါသနှင့်တူသော ဖမ်းစားတတ်သော အရာဝတ္ထုသည် မရှိ။
• မောဟနှင့်တူသော ပိုက်ကွန်သည် မရှိ။
• တဏှာနှင့်တူသော မြစ်သည် မရှိ။
( ဓမ္မပဒ။ မလ၀ဂ် )
ဇေတ၀န်ကျောင်းတော်သို့လာ၍ ဘုရားရှင်ထံမှ တရားနာနေကြသော ဒါယကာငါးယောက်တို့တွင် -
• တစ်ယောက်သည် ထိုင်လျက်အိပ်ပျော်နေ၏။
• တစ်ယောက်သည် လက်ချောင်းဖြင့် မြေကြီးကို ရေးခြစ်နေ၏။
• တစ်ယောက်သည် သစ်ပင်ကို လှုပ်နေ၏။
• တစ်ယောက်သည် ကောင်းကင်ကို မော့ကြည့်နေ၏။
• ကျန်တစ်ယောက်သည်သာ ရိုသေစွာ တရားနာနေ၏။
ဤတွင် ဘုရားရှင်သည် ယပ်လေခတ်၍နေသော အရှင်အာနန္ဒာအား
• "အာနန္ဒာ - ထိုသူတို့တွင် ထိုင်လျက်အိပ်ပျော်နေသောသူကား
ဘ၀ငါးရာတို့ပတ်လုံး မြွေမျိုး၌ဖြစ်၍ မိမိအခွေများပေါ်တွင် ခေါင်းတင်၍
အိပ်ခဲ့၏။"
• "မြေကြီးကို ရေးခြစ်နေသူကား ဘ၀ငါးရာတို့ပတ်လုံး တီမျိုး၌ ဖြစ်ခဲ့၏"
• "သစ်ပင်ကို လှုပ်ကိုင်နေသူကား ဘ၀ငါးရာတို့ပတ်လုံး မျောက်မျိုး၌
ဖြစ်ခဲ့၏"
• "ကောင်းကင်ကို မော့ကြည့်နေသူကား ဘ၀ငါးရာတို့ပတ်လုံး
ဗေဒင်သုံးပုံဆောင်သော ပုဏ္ဏား ဖြစ်ခဲ့၏" ဟု မိန့်ကြားတော်မူလေသည်။
ထို့နောက် အရှင်အာနန္ဒာက . .
"အရှင်ဘုရား - အဘယ်တရားကို အမှီပြု၍ သတ္တ၀ါတို့သည် တရားကို ကောင်းစွာမနာကြားနိုင်ကြပါသနည်း
ဘုရားရှင်က . .
"အာနန္ဒာ - ရာဂ, ဒေါသ, မောဟ နှင့် တဏှာတို့ကို အမှီပြု၍ တရားတော်ကို ကောင်းစွာနာကြားရန် မတတ်နိုင်ကြပေ"ဟု မိန့်တော်မူပြီးလျှင် အောက်ပါဒေသနာတော်ကို ဟောကြားတော်မူလေသတည်း။
• ရာဂနှင့်တူသော မီးသည် မရှိ။
• ဒေါသနှင့်တူသော ဖမ်းစားတတ်သော အရာဝတ္ထုသည် မရှိ။
• မောဟနှင့်တူသော ပိုက်ကွန်သည် မရှိ။
• တဏှာနှင့်တူသော မြစ်သည် မရှိ။
( ဓမ္မပဒ။ မလ၀ဂ် )
Keine Kommentare:
Kommentar veröffentlichen