Montag, 7. Januar 2013

၆။ ပဋိပဒါဥာဏဒဿန ၀ိသုဒ္ဓိ = မဂ်သို့ရောက်ကြောင်း၊ အကျင့်ကောင်း၌ဥာဏ်အမြင် စင်ကြယ်မှု။

ပဋိပဒါဟူသည် မဂ်သို့ရကြောင်း အကျင့်ဖြစ်ပေသည်။ 

ဥာဏ ဟူသည် တေဘူမကသင်္ခါရ တို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟုသိတတ်သောဥာဏ်ဖြစ်သည်။ 
သိမြင်တတ်သောကြောင့်ဒဿန မည်၏။ ကိလေသာတို့မှဝေးကွာ၍ စင်ကြယ်သောကြောင့် ၀ိသုဒ္ဓိ မည်၏။ 

ထို့ကြောင့် ပဋိပဒါဥာဏဒဿန ၀ိသုဒ္ဓိ ဟူသည် မဂ်မဟုတ် ဟုဆုံးဖြတ်ပြီးနောက် ဥဒယဗ္ဗယဥာဏ် အဆုံး
ပိုင်းမှအစပြု၍ အနုလောမဥာဏ် သို့တိုင်အောင် သုံးသပ်စင်ကြယ်သော ဥာဏ်စင်ကြယ်မှုမျိုး
ကို ဆိုပေသည်။

Keine Kommentare:

Kommentar veröffentlichen