Montag, 7. Januar 2013

၎။ ကင်္ခါဝိတရဏ ၀ိသုဒ္ဓိ (ယုံမှားခြင်းမှ စင်ကြယ်မှု)။



ဤ၌၊ ကင်္ခါသဒ္ဒါ သည် "ယုံမှားခြင်း" ဟူသောအနက်ကို ပြောပေသည်။
ယုံမှားခြင်းဟူသည် . .
“ငါသည် ရှေးကဖြစ်ဖူးခဲ့သလော” စသည်ဖြင့်၊ ကာလအပိုင်းအခြားတို့ကို ယုံမှားလေ၏။
“အလုံးစုံကို သိမြင်နိုင်သော ဘုရားရှင်ဟူသည် ရှိမှရှိနိုင်ပါမည်လော” ဟု ဘုရားရှင်အပေါ်၌ ယုံမှားလေ၏။

ဤကဲ့သို့ ယုံမှားမှုအမျိုးမျိုးတို့မှ လွန်မြောက်ကြောင်းဉာဏ်သည် ကင်္ခါဝိတရဏ မည်၏။
ထိုဉာဏ်သည်ပင်၊ အဟေတုကဒိဋ္ဌိ၊ ၀ိသမဟေတုကဒိဋ္ဌိ တည်းဟူသော အညစ်အကြေးတို့မှ စင်ကြယ်သောကြောင့် ၀ိသုဒ္ဓိမည်၏။

ကင်္ခါဝိတရဏ ၀ိသုဒ္ဓိ ဖြစ်ရန်အတွက်၊ ဒိဋ္ဌိ ၀ိသုဒ္ဓိ ဖြင့်သိမြင်ပြီးဖြစ်သော
ရုပ်၊ နာမ်တရားတို့၏ အကြောင်းရင်းဖြစ်သော
ကံ၊ စိတ်၊ ဥတု၊ အာဟာရ တို့ကိုလည်း၊ ပိုင်းခြား၍ သိမြင်ရပေမည်။

( သင်္ဂဟ၊ ၁၅၆ )

Keine Kommentare:

Kommentar veröffentlichen