Montag, 7. Januar 2013

၅။ မဂ္ဂါမဂ္ဂဉာဏဒဿန ၀ိသုဒ္ဓိ။ (မဂ်ဟုတ်သည်, မဟုတ်သည်၌ ဉာဏ်အမြင် စင်ကြယ်မှု)။


မဂ်ဟုတ်သည်, မဟုတ်သည်ကို ပိုင်းခြားသိမြင်သောဉာဏ်သည်
မဂ္ဂါမဂ္ဂဉာဏဒဿန ၀ိသုဒ္ဓိ မည်၏။

ဤအဆင့်တွင် ယောဂီပုဂ္ဂိုလ်သည်၊ ရုပ်၊နာမ် တို့၏ ဖြစ်ပျက်မှုသဘောကို ရှင်းလင်းစွာမြင်သောကြောင့် စိတ်အလွန်ကြည်လင်ပေသည်။
ယောဂီပုဂ္ဂိုလ်၏ သန္တာန်၌ ကိုယ်ရောင်ကိုယ်ဝါများ ထွက်ပေါ်၍လာပေသည်။

ထိုအခါ “ငါသည် ရှေးက ကိုယ်ရောင်ကိုယ်ဝါ မဖြစ်ဖူးချေ။ ကိုယ်ရောင်ကိုယ်ဝါ ထွက်ဖြာစေနိုင်သောစိတ်သည် မဂ်စိတ်၊ ဖိုလ်စိတ်ပင် ဖြစ်ရာ၏။ ငါမဂ် ရပြီ၊ ဖိုလ် ရပြီ” ထင်၍၊ အားထုတ်ဆဲ ကမ္မဋ္ဌာန်း ကိုစွန့်၍
ကိုယ်ရောင်ကိုယ်ဝါ ပေါ်၌ နှစ်သက်ကာ လမ်းမှားသို့ ရောက်တတ်ပေသည်။

ယင်းကဲ့သို့ ကိုယ်ရောင်ကိုယ်ဝါ ဖြစ်သော်၊ ယောဂီပုဂ္ဂိုလ်သည် ၀ိပသနာတရားကို မပြတ် ရှုမှတ် အားထုတ်မှသာလျှင် မဂ်, ဖိုလ် ရကြောင်း လမ်းမှန် (မဂ္ဂ)ဖြစ်ပေသည်။

အရောင်အ၀ါ ၌ နှစ်သက်လျှင် လမ်းမှား (အမဂ္ဂ) ဖြစ်ပေသည်။
ဤသို့ လမ်းမှန်၊ လမ်းမှားကိုသိမြင်သော ဉာဏ်သည်၊ မဂ္ဂါမဂ္ဂဉာဏဒဿန ၀ိသုဒ္ဓိ မည်၏။

(မှတ်ချက်။ ဤအဆင့်သည်အလွန်အရေးကြီး၏။ မိမိ ခန္ဓာကိုယ်ထဲမှ အလင်းဓာတ်ကြီး ထွက်လာသောအခါ အလွန်ဆန်းကြယ်စွာ၊ ခံစားရသည်။ သို့သော် ခန္ဓာ နိရောဓော (တနည်း) ဖြစ်၊ပျက် ဆုံးသည်ကို မတွေ့သေးလျှင် ဆက်၍ ရှုမှတ်အားထုတ်ရပေမည်။)

( သင်္ဂဟ၊ ၁၅၆ )

Keine Kommentare:

Kommentar veröffentlichen