Sonntag, 30. September 2012

သမ္မာဒိဋ္ဌိ ( အမြင်မှန် ) ၁၀ ချက်

၁။ အလှူဒါနပြုလျှင်၊ ကောင်းကျိုးကို ခံစားရ၏ဟု ယုံကြည်ခြင်း၊

၂။ ပူဇော်မှု၏ အကျိုးရှိကြောင်း ယုံကြည်ခြင်း၊


၃။ လက်ဆောင်ပေးကမ်း ပူဇော်မှု ( ပဟေဏကသက္ကာရ ) ၏ အကျိုးရှိကြောင်း ယုံကြည်ခြင်း၊

၎။ ကုသိုလ်ကံ အကုသိုလ်ကံတို့၏၊ ကောင်းကျိုး, ဆိုးကျိုး, အကြောင်းရင်း, အကျိုးဆက်ရှိကြောင်း      ယုံကြည်ခြင်း၊

၅။ မိခင်အပေါ် ပြုစုလုပ်ကျွေးခြင်း၏ ကောင်းကျိုးနှင့်၊ ပြစ်မှားခြင်း၏ ဆိုးကျိုး ရှိကြောင်း ယုံကြည်ခြင်း၊

၆။ ဖခင်အပေါ် ပြုစုလုပ်ကျွေးခြင်း၏ ကောင်းကျိုးနှင့်၊ ပြစ်မှားခြင်း၏ ဆိုးကျိုး ရှိကြောင်း ယုံကြည်ခြင်း၊

၇။ လူတို့မမြင်နိုင်သည့်၊ ငရဲ, ပြိတ္တာ, နတ်, သိကြား, ဗြဟ္မာဟူသော
( သြပပါတိက ) သတ္တ၀ါတို့ ရှိကြောင်း ယုံကြည်ခြင်း၊

၈။ ဤမျက်မှောက်လောက ရှိကြောင်း ယုံကြည်ခြင်း၊

၉။ သေပြီး နောက်ဘ၀ တမလွန်လောက ရှိကြောင်း ယုံကြည်ခြင်း၊

၁၀။ ဤလောက၌ ငြိမ်သက်ကောင်းမွန်စွာ ကျင့်ကြသော၊ သမဏ, ဗြာဟ္မဏ တို့ရှိကြကြောင်း၊ ယင်းတို့က ဤလောက, တမလွန်လောကကို ကိုယ်တိုင်သိမြင်၍ လူအများကို ပြန်လည်ဟောပြကြကြောင်း ယုံကြည်ခြင်း၊

Keine Kommentare:

Kommentar veröffentlichen