♣♣ သမ္မာဒိဋ္ဌိ ♣♣
ဘယ်ကိစ္စ၌မဆို ပြုသမျှကောင်းမှု မကောင်းမှု ကံတွေသည် ငါ၏ သန္တာန်၌ 
အဖတ်တင်ရစ်သည်၊ နောင် အခါ အခွင့်သင့်သလို ကောင်းကျိုး မကောင်းကျိုးကို 
တွေ့ကြုံရမည်ဟု ကံနှင့် ကံ၏ အကျိုးကို နားလည်သောဉာဏ် ဖြစ်ပါစေ၊ တစ်ခါ 
တစ်ရံ၌ကား ရုပ် နာမ်နှစ်ရပ် ပေါင်းစပ်၍ လူဟု ခေါ်ဆိုအပ်သော ခန္ဓာကိုယ်၏ 
ဒုက္ခများစွာနှင့် မကင်းပုံကို ဆင်ခြင်၍ ခန္ဓာကိုယ်၌ အပြစ်မြင် အောင် 
ဝိပဿနာဉာဏ် ဖြစ်ပါစေ။
♣♣ သမ္မာသင်္ကပ္ပ ♣♣
 မိမိအတွက်ဖြစ်စေ-သူများအတွက်ဖြစ
♣♣ သမ္မာဝါစာ ♣♣
မိမိမှာဖြစ်စေ, သူ့မှာဖြစ်စေ အကျိုးများမည့် စကားကိုသာပြောပါ၊ မုသားစကား, 
ကြမ်းတမ်းသောစကား, အပျက် အချော် အပြောင်အလှောင် စကားနှင့် 
ရန်တိုက်စကားတို့ကို မပြောမိပါစေနှင့်၊ အိပ်ရာဝင် အိပ်ရာထအခါတို့၌ 
မိမိကျက်မှတ်ထားသော ဘုရားနှုတ်တော်ထွက် တရားစာများကို ရွတ်နိုင်လျှင် သာ၍ 
ကောင်းပါသည်။
♣♣ သမ္မာကမ္မန္တ♣♣
မိမိမှာဖြစ်စေ, 
သူများမှာဖြစ်စေ အကျိုးရှိသော အလုပ်များကိုသာ ဤခန္ဓာကိုယ်ဖြင့် 
ပြုလုပ်မိပါစေ၊ သတ်မှု, ခိုးမှု စသော ကိုယ်နှင့်စပ်ဆိုင်ရာ မကောင်းမှုများကို 
မပြုမိပါစေနှင့်၊ အိပ်ရာဝင် အိပ်ရာထ၌ ဘုရားကိစ္စ (ရေလဲ, ပန်းကပ်) စသည်ကို 
နေ့စဉ် ပြုမိပါစေ။
♣♣ သမ္မာအာဇီဝ ♣♣
မိမိ၏ 
အသက်မွေးဝမ်းကျောင်းအတွက် ပစ္စည်းရှာဖွေရာ၌ အပြစ်ကင်းပါစေ, သူတစ်ပါး 
မျက်ရည်ကျမှ မိမိဝမ်းဝမည့် အလုပ်ကို တစ်သက်လုံး ရှောင်ကြဉ်ပါ၊ 
စွမ်းနိုင်လျှင် ရောင်းရေး, ဝယ်ရေး၌ ဆင်းရဲသူများကို ညှာနိုင်သမျှ ညှာပါ။
♣♣ သမ္မာဝါယာမ ♣♣
စီးပွားရှာရာ ဖြစ်စေ, ကုသိုလ်ကိစ္စ၌ ဖြစ်စေ, ဝီရိယ အမြဲရှိပါစေ၊ 
လောကီစီးပွားရေး ဖြစ်စေ, သံသရာ ကြီးပွားရေး ဖြစ်စေ, မဂ်ဖိုလ် နိဗ္ဗာန်ရဖို့ 
အရေးဖြစ်စေ, "အေးအေးစက်စက်နှင့် ကံစီမံသလို ဖြစ်လိမ့်မည်"ဟု ကံတစ်ခုကို 
အားကိုးလို့ ရနိုင် ရိုးမရှိပါ၊ ရေလာမြောင်းပေး ဆိုသလို ဝီရိယဖြင့် 
ကူညီပေးမှ ရှေးကံတွေ အခွင့်သာ၍ သင့်ရာအကျိုးကို ပေးပါသည်။
♣♣ သမ္မာသတိ ♣♣
နေ့စဉ် ပြုစုနေကျဖြစ်သော ကုသိုလ်ကိစ္စကို မမေ့ပါနှင့်၊ အမြဲသတိရပါစေ၊ 
သေခါနီးတိုင်အောင် ကုသိုလ်ကိစ္စ သတိရနေလျှင် ဂတိကောင်းကို မုချ ရပါတော့မည်။
♣♣ သမ္မာသမာဓိ ♣♣
စိတ်နေစိတ်ထား တည်ကြည်ပါစေ၊ နှုတ်အပြောလည်း စဉ်းစဉ်းစားစား သတိထားလျက် 
တည်ကြည်စွာပြောပါ၊ မျက်နှာ အနေအထားနှင့် ကိုယ်အသွားအလာ အနေအထိုင် ငြိမ်သက် 
တည်ကြည်နေလျှင် မြင်သူ လူအများက ခန့်ညား ကြည်ညိုလျက် (မျက်နှာအနေ 
မတင်းသည့်အတွက် လည်း) တစ်မျိုး ကျက်သရေ တိုးကာ ချစ်ခင်စရာ ဖြစ်လာပါ 
လိမ့်မည်။
ဤသို့လျှင် အိမ်မှာပင် နေထိုင်ရင်း ဖြစ်နိုင်သော 
မဟာကုသိုလ် အကြမ်းစား အိမ်သုံးမဂ္ဂင်ရှစ်ပါးမှ အဆင့်ဆင့်တက်၍ ဈာန် မဂ်ဖိုလ် 
မဂ္ဂင်များသို့ ရောက်အောင် သမ္မာသတိ ကြီးစွာထားလျက် သမ္မာဝါယာမဖြင့် 
ကြိုးကြိုးစားစား အားထုတ်နေကြသူတို့မှာ အိပ်ရာဝင် အိပ်ရာထ၌ 
ဘုရားအာရုံပြုရင်း, ဘုရာရှိခိုးရင်း, ရေတော် ပန်းတော် ဆီမီးတော် ကပ်ရင်း 
ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း ပွားများရင်း လုပ်ရင်း ကိုင်ရင်း 
ရောင်းရင်းဝယ်ရင်းနှင့်ပင် အကြမ်းစား အိမ်သုံးမဂ္ဂင်ရှစ်ပါး ဖြစ်နိုင်ပါသည်။
မှတ်ချက်။ ။ (မဟာဂန္ဓာရုံဆရာတော်ကြီးအရှင် ဇနကာဘိဝံသ၏ ရတနာ့ဂုဏ်ရည်စာအုပ်မှ) ထုတ်နုတ်တင်ပြသည်။
♣♣ သမ္မာဒိဋ္ဌိ ♣♣
မှတ်ချက်။ ။ (မဟာဂန္ဓာရုံဆရာတော်ကြီးအရှင် ဇနကာဘိဝံသ၏ ရတနာ့ဂုဏ်ရည်စာအုပ်မှ) ထုတ်နုတ်တင်ပြသည်။
ဘယ်ကိစ္စ၌မဆို ပြုသမျှကောင်းမှု မကောင်းမှု ကံတွေသည် ငါ၏ သန္တာန်၌ 
အဖတ်တင်ရစ်သည်၊ နောင် အခါ အခွင့်သင့်သလို ကောင်းကျိုး မကောင်းကျိုးကို 
တွေ့ကြုံရမည်ဟု ကံနှင့် ကံ၏ အကျိုးကို နားလည်သောဉာဏ် ဖြစ်ပါစေ၊ တစ်ခါ 
တစ်ရံ၌ကား ရုပ် နာမ်နှစ်ရပ် ပေါင်းစပ်၍ လူဟု ခေါ်ဆိုအပ်သော ခန္ဓာကိုယ်၏ 
ဒုက္ခများစွာနှင့် မကင်းပုံကို ဆင်ခြင်၍ ခန္ဓာကိုယ်၌ အပြစ်မြင် အောင် 
ဝိပဿနာဉာဏ် ဖြစ်ပါစေ။
♣♣ သမ္မာသင်္ကပ္ပ ♣♣
မိမိအတွက်ဖြစ်စေ-သူများအတွက်ဖြစ
♣♣ သမ္မာဝါစာ ♣♣
မိမိမှာဖြစ်စေ, သူ့မှာဖြစ်စေ အကျိုးများမည့် စကားကိုသာပြောပါ၊ မုသားစကား, ကြမ်းတမ်းသောစကား, အပျက် အချော် အပြောင်အလှောင် စကားနှင့် ရန်တိုက်စကားတို့ကို မပြောမိပါစေနှင့်၊ အိပ်ရာဝင် အိပ်ရာထအခါတို့၌ မိမိကျက်မှတ်ထားသော ဘုရားနှုတ်တော်ထွက် တရားစာများကို ရွတ်နိုင်လျှင် သာ၍ ကောင်းပါသည်။
♣♣ သမ္မာကမ္မန္တ♣♣
မိမိမှာဖြစ်စေ, သူများမှာဖြစ်စေ အကျိုးရှိသော အလုပ်များကိုသာ ဤခန္ဓာကိုယ်ဖြင့် ပြုလုပ်မိပါစေ၊ သတ်မှု, ခိုးမှု စသော ကိုယ်နှင့်စပ်ဆိုင်ရာ မကောင်းမှုများကို မပြုမိပါစေနှင့်၊ အိပ်ရာဝင် အိပ်ရာထ၌ ဘုရားကိစ္စ (ရေလဲ, ပန်းကပ်) စသည်ကို နေ့စဉ် ပြုမိပါစေ။
♣♣ သမ္မာအာဇီဝ ♣♣
မိမိ၏ အသက်မွေးဝမ်းကျောင်းအတွက် ပစ္စည်းရှာဖွေရာ၌ အပြစ်ကင်းပါစေ, သူတစ်ပါး မျက်ရည်ကျမှ မိမိဝမ်းဝမည့် အလုပ်ကို တစ်သက်လုံး ရှောင်ကြဉ်ပါ၊ စွမ်းနိုင်လျှင် ရောင်းရေး, ဝယ်ရေး၌ ဆင်းရဲသူများကို ညှာနိုင်သမျှ ညှာပါ။
♣♣ သမ္မာဝါယာမ ♣♣
စီးပွားရှာရာ ဖြစ်စေ, ကုသိုလ်ကိစ္စ၌ ဖြစ်စေ, ဝီရိယ အမြဲရှိပါစေ၊ လောကီစီးပွားရေး ဖြစ်စေ, သံသရာ ကြီးပွားရေး ဖြစ်စေ, မဂ်ဖိုလ် နိဗ္ဗာန်ရဖို့ အရေးဖြစ်စေ, "အေးအေးစက်စက်နှင့် ကံစီမံသလို ဖြစ်လိမ့်မည်"ဟု ကံတစ်ခုကို အားကိုးလို့ ရနိုင် ရိုးမရှိပါ၊ ရေလာမြောင်းပေး ဆိုသလို ဝီရိယဖြင့် ကူညီပေးမှ ရှေးကံတွေ အခွင့်သာ၍ သင့်ရာအကျိုးကို ပေးပါသည်။
♣♣ သမ္မာသတိ ♣♣
နေ့စဉ် ပြုစုနေကျဖြစ်သော ကုသိုလ်ကိစ္စကို မမေ့ပါနှင့်၊ အမြဲသတိရပါစေ၊ သေခါနီးတိုင်အောင် ကုသိုလ်ကိစ္စ သတိရနေလျှင် ဂတိကောင်းကို မုချ ရပါတော့မည်။
♣♣ သမ္မာသမာဓိ ♣♣
စိတ်နေစိတ်ထား တည်ကြည်ပါစေ၊ နှုတ်အပြောလည်း စဉ်းစဉ်းစားစား သတိထားလျက် တည်ကြည်စွာပြောပါ၊ မျက်နှာ အနေအထားနှင့် ကိုယ်အသွားအလာ အနေအထိုင် ငြိမ်သက် တည်ကြည်နေလျှင် မြင်သူ လူအများက ခန့်ညား ကြည်ညိုလျက် (မျက်နှာအနေ မတင်းသည့်အတွက် လည်း) တစ်မျိုး ကျက်သရေ တိုးကာ ချစ်ခင်စရာ ဖြစ်လာပါ လိမ့်မည်။
ဤသို့လျှင် အိမ်မှာပင် နေထိုင်ရင်း ဖြစ်နိုင်သော မဟာကုသိုလ် အကြမ်းစား အိမ်သုံးမဂ္ဂင်ရှစ်ပါးမှ အဆင့်ဆင့်တက်၍ ဈာန် မဂ်ဖိုလ် မဂ္ဂင်များသို့ ရောက်အောင် သမ္မာသတိ ကြီးစွာထားလျက် သမ္မာဝါယာမဖြင့် ကြိုးကြိုးစားစား အားထုတ်နေကြသူတို့မှာ အိပ်ရာဝင် အိပ်ရာထ၌ ဘုရားအာရုံပြုရင်း, ဘုရာရှိခိုးရင်း, ရေတော် ပန်းတော် ဆီမီးတော် ကပ်ရင်း ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း ပွားများရင်း လုပ်ရင်း ကိုင်ရင်း ရောင်းရင်းဝယ်ရင်းနှင့်ပင် အကြမ်းစား အိမ်သုံးမဂ္ဂင်ရှစ်ပါး ဖြစ်နိုင်ပါသည်။

Keine Kommentare:
Kommentar veröffentlichen