Donnerstag, 20. September 2012

အနှောင်အဖွဲ့ဟူသည်


အနှောင်အဖွဲ့ဟူသည်
••••••••••••••••••
ဥပမာသော်ကား နွားနက်ကိုလည်းကောင်း၊ နွားဖြူကိုလည်းကောင်း တစ်ချောင်းတည်းသော လျှော်ကြိုးဖြင့်ဖြစ်စေ၊ သားရေကြိုးဖြင့်ဖြစ်စေ ချည်ထားကုန်ရာ၏။

နွားနက်သည် နွားဖြူ၏ အနှောင်အဖွဲ့ မဟုတ်၊
နွားဖြူသည်လည်းနွားနက်၏ အနှောင်အဖွဲ့ မဟုတ်၊
ထိုနွားနှစ်ကောင်တို့ကို ချည်ထားသော တစ်ချောင်းတည်းသော လျှော်ကြိုး၊ သို့မဟုတ် သားရေကြိုးသည်ပင် ထိုနွားနှစ်ကောင်တို့၌ အနှောင်အဖွဲ့တည်း။

ဤအတူ -

မျက်စိသည် ရူပါရုံတို့၏ အနှောင်အဖွဲ့ မဟုတ်၊
ရူပါရုံတို့သည် မျက်စိ၏အနှောင်အဖွဲ့ မဟုတ်၊
အမှန်ကား ထိုနှစ်ပါးကို စွဲ၍ ဖြစ်သော လိုချင်စွဲမက်မှု 'ဆန္ဒရာဂ'သည် ထိုနှစ်ပါးတို့၏ အနှောင်အဖွဲ့တည်း။

နားသည် သဒ္ဒါရုံတို့၏ အနှောင်အဖွဲ့ မဟုတ်။
သဒ္ဒါရုံသည် နား၏ အနှောင်အဖွဲ့ မဟုတ်။
အမှန်ကား ထိုနှစ်ပါးကို စွဲ၍ ဖြစ်သော လိုချင်စွဲမက်မှု 'ဆန္ဒရာဂ'သည် ထိုနှစ်ပါးတို့၏ အနှောင်အဖွဲ့တည်း။

နှာခေါင်းသည် ဂန္ဓာရုံတို့၏အနှောင်အဖွဲ့ မဟုတ်။
ဂန္ဓာရုံသည် နှာခေါင်း၏အနှောင်အဖွဲ့ မဟုတ်။
အမှန်ကား ထိုနှစ်ပါးကို စွဲ၍ ဖြစ်သော လိုချင်စွဲမက်မှု 'ဆန္ဒရာဂ'သည် ထိုနှစ်ပါးတို့၏ အနှောင်အဖွဲ့တည်း။

လျှာသည် ရသာရုံတို့၏ အနှောင်အဖွဲ့ မဟုတ်။
ရသာရုံသည် လျှာ၏ အနှောင်အဖွဲ့ မဟုတ်။
အမှန်ကား ထိုနှစ်ပါးကို စွဲ၍ ဖြစ်သော လိုချင်စွဲမက်မှု 'ဆန္ဒရာဂ'သည် ထိုနှစ်ပါးတို့၏ အနှောင်အဖွဲ့တည်း။

ကိုယ်သည် ဖောဋ္ဌဗ္ဗာရုံတို့၏အနှောင်အဖွဲ့ မဟုတ်။
ဖောဋ္ဌဗ္ဗာရုံတို့သည် ကိုယ်၏ အနှောင်အဖွဲ့ မဟုတ်။
အမှန်ကား ထိုနှစ်ပါးကို စွဲ၍ ဖြစ်သော လိုချင်စွဲမက်မှု 'ဆန္ဒရာဂ'သည် ထိုနှစ်ပါးတို့၌ အနှောင်အဖွဲ့တည်း။

စိတ်သည် သဘောတရားတို့၏ အနှောင်အဖွဲ့ မဟုတ်၊ သဘောတရားတို့သည် စိတ်၏ အနှောင်အဖွဲ့ မဟုတ်၊
အမှန်ကား ထိုနှစ်ပါးကို စွဲ၍ ဖြစ်သော လိုချင်စွဲမက်မှု 'ဆန္ဒရာဂ'သည် ထိုနှစ်ပါးတို့၌ အနှောင်အဖွဲ့တည်း။

( သံယောဇနသုတ် )

1 Kommentar:

  1. Credit မပျက် ပြန်လည်ဖြန့်ဝေပါရစေ၊

    AntwortenLöschen