Montag, 1. Oktober 2012

တရားစခန်း နှင့် တရားပွဲ အစီအစဉ်များ

သာသနဓဇ။ သဒ္ဓမ္မနေပုည။ သာသနဇောတိပါလ ဓမ္မာစရိယ။ ဓမ္မကထိက ဗဟုဇနဟိတဓရ
ဓမ္မဒူတ ဒေါက်တာ အရှင် ဆေကိန္ဒ
အထူးရက်တို တရားစခန်း နှင့် တရားပွဲအစီအစဉ်
 ဖရန့်ဖတ် ၊ဂျာမဏီ

အထူးရက်တို တရားစခန်း

 နေ့ရက်
၀၄.၁၀.၂၀၁၂ ကြာသပတေးနေ့
၀၅.၁၀.၂၀၁၂ သောကြာနေ့
၀၆.၁၀.၂၀၁၂ စနေနေ့

အချိန်
နံနက် ၈နာရီခွဲမှ ညနေ၆နာရီထိ မိမိအစဉ်ပြေသည့်အချိန်တွင် ဆရာတော်ထံမှတရားဓမ္မ နည်းနာယူ၍ တရားအားထုတ်နိုင်ကြပါသည်။ကြုံတောင့်ကြုံခဲအခွင့်အရေးကို လက်မလွတ်စတမ်းဆရာတော်ဘုရားကြီးထံ တွင်မေးမြန်းလေ့လာ ဆည်းပူးနိုင်ကြပါကြောင်း ဓမ္မမိတ်ဆွေအပေါင်းတို့အား ၀မ်းမြောက်စေ၇န် အကြောင်းကြားအပ်ပါသည်။
နေ့စဉ် ည (ရ)နာရီတွင် ဆရာတော်ဘုရားကြီးမှ တ၇ားဒေသနာတော်များ ချီးမြှောက်မည်ဖြစ်ပါ၍ လာေ၇ာက်နာယူနိုင်ပါကြောင်း နိဗ္ဗာန် အကျိုးမြှော်၍ နိုးဆော်အပ်ပါသည်။

နေရာ
မြန်မာဘုန်းတော်ကြီးကျောင်း
Wächterbacher str 4, 60386
Frankfurt am Main ,8 OG
လမ်းညွန်။  4:30 မနက်မှစပြီး နာရီဝက်တိုင်း Hauptbahnhof မှ RB ရထားရှိပါသည်။ပလက်ဖောင်း 7 နှင့် 12 တွင် ရပ်ပါသည်။ဆင်းရန်မှတ်တိုင် Mainkur Bahnhof  စီးရန်ကြာချိန် ၁၀ မိနစ်ခန့်(သို့မပာုတ်) Straßebahn 11 စီးပါ။ဆင်းရန်မှတ်တိုင် Mainkur Bahnhof  စီးရန်ကြာချိန် မိနစ် ၃၀ခန့်။
Mainkur Bahnhof ရောက်ပါက ရထားလမ်းအောက်မြေအောက်လမ်းမှ ဖြတ်ကူးပါ။ပထမလမ်းဘယ်ကွေ့။
နောက်တလမ်းတွေ့ပါက ညာသို့ကွေ့ပါ။ဘုန်းကြီးကျောင်းလမ်း Wächterbacher str တည့်တည့် ကိုရောက်မည်ဖြစ်ပါသည်။


တရားစခန်းမှ ယောဂီများအား နေ့လည်စာကျွေးမွေးမည်ဖြစ်ပြီး ဆရာတော်များအားဆွမ်းကပ်လိုပါက ဆွမ်းများယူဆောင်လာနိုင်ကြပါသည်။တရားစခန်းဝင်ယောဂီများ ကြိုတင်စာရင်းပေးနိုင်ကြပါပြီ။
ဆက်သွယ်ရန်....
ဦးသုမန...မြန်မာဘုန်းတော်ကြီးကျောင်း  ၀၆၉၈၄၇၇၀၈၄၅
ကိုလှမြင့်စိုး...၀၁၇၄၈၅၀၉၄၈၅
ကိုမင်းမင်း...၀၁၇၄၂၉၉၈၆၃၅
ကိုဖြိုး.....၀၁၇၃၆၈၆၇၉၀၆


တရားပွဲအစီအစဉ်
နေ့ရက် ၀၇.၁၀.၂၀၁၂

အချိန်။   ။နေ့လည်တနာရီခွဲ(1:30)တွင် တ၇ားခန်းမသို့အရောက်လာပါရန်
နေ့လည် ၁နာရီခွဲ တွင်နိဗ္ဗာန်ရောက်ကြောင်းတရား ပောာပြော
မည့်အစီအစဉ် စတင်ပါမည်။ညနေ၅နာရီခန့်တွင်တရားပွဲအစီအစဉ် ပြီးဆုံးပါမည်။
နေရာ
 Tibethaus Deutschland e.V. Frankfurt
Kaufunger Straße 4
D-60486 Frankfurt am Main
လမ်းညွန် ....U bahn 6,7 စီးပါ။Richtung Bockenheim ၊ မှတ်တိုင်Kirchplatz တွင်ဆင်းပါ။U Bahn မှတက်တက်ချင်း Appelsgasse လမ်းထဲဝင်လာပါ။ထိုလမ်းဆုံးပါက Kleine Seestrasse သို့ရောက်မည်ဖြစ်ပါသည်။တိဘက်Haus အားထို Kleine Seestrasse ပထမလမ်းဆုံ Kaufunger str ထိပ်တွင်တွေ့ရမည်ဖြစ်ပါသည်။

စုပေါင်းဆွမ်းကပ်ပွဲ။     ။သံဃာတော်များအား အောက်တိုဘာ ၇ရက်၊ တနင်္ဂနွေနေ့တရားပွဲမတိုင်မီ
Sushi am Main ,Reuterweg 61 ၌ နေ့လည် ၁၁နာရီတွင် စုပေါင်း ဆွမ်းကပ်မည်ဖြစ်ပါသဖြင့် လွတ်လပ်စွာ လာရောက်ကုသိုလ်ပါဝင်နိုင်ပါကြောင်း နိုးဆော်အပ်ပါသည်။

Keine Kommentare:

Kommentar veröffentlichen