မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး (၇)၀ါမြောက်တွင်၊ ၀ါဆိုဖို့ရန် အချိန်ရောက်လာသောအခါ၊ အဘိဓမ္မာတရားဟောကြားရန် တာဝတိံသာ နတ်ပြည်သို့ ကြွသွားပြီး၊ ပင်လယ်ကသစ်ပင်အရင်း၌ ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာထက်မှာ သီတင်းသုံးနေတော်မူပါသည်။ ထိုအခါ၊ တစ်သောင်းသော စကြ၀ဠာတိုက်မှ အဘိဓမ္မာတရား နာကြားဖို့ရာ ရောက်ရှိလာကြသော နတ် ဗြဟ္မာတို့အား၊
မယ်တော်ဖြစ်ခဲ့ဘူးသော သန္တုဿိတနတ်သားကို အမှူးထား၍ အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော်မူပါသည်။
အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော်မူသည့်အခါမှာ၊ အဘိဓမ္မာဒေသနာတော်သည်၊ အလွန်များပြားသည့်အတွက်ကြော
ထိုသို့ ဟောကြားနေစဉ်၊ ဆွမ်းခံကြွရန်အချိန်ရောက်လာ
"ယခု ဟောကြားနေတာ၊ နိမ္မိတရုပ်ပွားဖြစ်သည်၊ ဗ္ဗညုမြတ်စွာဘုရားကတော့ ဆွမ်းကိစ္စအတွက် လူ့ပြည်သို့ ကြွသွားပြီ"ဟု သိကြပေသည်။
မြတ်စွာဘုရားသည်၊ အနောတတ်ရေအိုင်၌ ရေသပ္ပါယ်ပြီး၊ မြောက်ကျွန်းသို့ ဆွမ်းခံကြွတော်မူပါသည်။ ဆွမ်းခံရာမှ ပြန်ကြွလာသောအခါ၊ အနောတတ် ရေအိုင်မှာပင် ဆွမ်းဘုဉ်းပေးတော်မူပါသည်။ ဆွမ်းဘုဉ်းပေးပြီးသောအခါ စန္ဒကူးတောသို့ ကြွ၍၊ နေ့သန့်စင်တော်မူပါသည်။
ထိုအခါ၊ အရှင်သာရိပုတ္တရာသည် ဘုရားရှင်ထံ လာရောက်၍၊ ၀တ်ကြီးဝတ်ငယ် ပြုစုလုပ်ကျွေးပါသည်။ ဤသို့ အရှင်သာရိပုတ္တရာက လာရောက်၍ ပြုစုလုပ်ကျွေးသောအခါ၊ ဘုရားရှင်က
"ချစ်သား သာရိပုတ္တရာ - တာဝတိံသာနတ်ပြည်၌ ဟောကြားနေသော အဘိဓမ္မာဒေသနာတော်သည်၊ ဤဒေသနာတော်မှစ၍၊ ဤဒေသနာတော်တိုင်အောင် ဟောကြား၍ ပြီးဆုံးသွားလေပြီ"ဟု နည်းပေးသောအားဖြင့်၊ အရှင်သာရိပုတ္တရာအား၊ ဟောကြားတော်မူပါသည်။ အရှင်သာရိပုတ္တရာသည်၊ ပညာအရာတွင် အတော်ဆုံးဧတဒဂ်ရာထူးကို ရထားသောပုဂ္ဂိုလ် ဖြစ်သည့်အားလျော်စွာ၊ တာဝတိံသာနတ်ပြည်တွင် ဟောကြားတော်မူသည့် အဘိဓမ္မာဒေသနာတော်များကို၊ နည်းပေါင်းစုံလင်စွာ အားလုံးသိရှိတတ်မြောက်သွားပ
ဘုရားရှင်၊ စန္ဒကူးတောတွင် နေ့သန့်စင်သီတင်းသုံးနေတော်
ဤကဲ့သို့ ၀ါတွင်းသုံးလကာလပတ်လုံး ဟောကြား၍၊ သီတင်းကျွတ် လပြည့်နေ့မှာ ပြီးဆုံးသွားသောအခါ၊ ကုဋေ(၈)သောင်းမျှသော နတ်ဗြဟ္မာအပေါင်းတို့၊ ကျွတ်တမ်းဝင်သွားကြပေသည်။ မြတ်စွာဘုရား၏ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားသည်လည်း၊ သောတာပန် ဖြစ်သွားရပေသည်။
ဘုရားရှင်သည်၊ အဘိဓမ္မာဒေသနာတော်ကို ဟောကြား၍ ပြီးဆုံးသွား သောအခါ၊ လူ့ပြည်သို့ ပြန်ကြွတော်မူမည့်အကြောင်း၊
မြတ်စွာဘုရားသည်၊ ကိုယ်တော်မှ ရောင်ခြည်တော်(၆)သွယ်တို့ကိ
မြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့်၊ အထက်သို့ အတနိဋ္ဌဗြဟ္မာပြည် တိုင်အောင်၊ အောက်သို့ အ၀ီစိငရဲတိုင်အောင်၊ အရှေ့, အနောက်, တောင်, မြောက်, အထောင့်အရပ်လေးခုဟူသော၊ အရပ်ရှစ်မျက်နှာ စကြ၀ဠာတိုက် ထောင်ပေါင်းများစွာတိုင်အော
လူတို့သည်၊ နတ်ဗြဟ္မာတို့၏ ဘုံဗိမာန်များနှင့် နတ်ဗြဟ္မာတို့ကို တွေ့မြင်ကြရသလို၊ နတ်ဗြဟ္မာတို့ကလည်း၊ ဘုရားရှင်အား သောင်းသောင်းဖျဖျ ကြိုဆိုနေကြသည့် သိန်းသန်းကုဋေမက များပြားလှသော လူတို့ကို တွေ့မြင်ကြရပေသည်။ ဤသို့၊ မကြုံစဖူး ကြည်ညိုဖွယ်ရာများကို တွေ့မြင်ကြရသောကြောင့်၊ (၃၆)ယူဇနာအတွင်း၌ ရှိနေကြသော လူအပေါင်းတို့သည်၊ ဘုရားဆုကို မပန်သောသူဟူ၍ မရှိကြပေ။ ဘုရားရှင် ကြွဆင်းလာသည်ကို၊ လူတို့က မီးရှူးတန်ဆောင် အလင်းရောင်တို့ဖြင့် ထွန်းညှိပူဇော်ကြိုဆိုကြသည်
( သဒ္ဓမ္မရံသီဆရာတော်ဘုရားကြီး )

Keine Kommentare:
Kommentar veröffentlichen