" သီတင်းကျွတ် လပြည့်နေ့တွင် ပုရိမ၀ါမှ
ထမြောက်ကြသော သံဃာတော်အရှင်မြတ်
များသည် -
မိမိတို့အချင်းချင်း အပြစ်ကြီးငယ်ရှိပါက
သည်းခံခွင့်လွတ်ရန်၊ လမ်းမှန်ကိုညွန်ပြရန်၊
သွန်သင်ဆုံးမရန် တောင်းပန်ကြပြီး
ပ၀ါရဏာပြုကြသည်။ ထို့ကြောင့်
သီတင်းကျွတ်လပြည့်နေ့ကို ပ၀ါရဏာနေ့
ဟုလည်း ခေါ်ကြသည်။
ထို့အတူ မြတ်ဗုဒ္ဓ၏ အဆုံးအမ၌ တည်ကြသော
မြန်မာလူမျိုးတို့သည်လည်း မိမိထက်အသက်
ဂုဏ်ဝါကြီးသူ၊မြင့်မြတ်သူ၊ ရိုသေလေးစားထိုက်
သူတို့အပေါ် အပြစ်ကြီးငယ်များရှိပါက သည်းခံ
ခွင့်လွတ်ကြရန် ငယ်သူ ၊ နိမ့်ကျသူတို့က ပူဇော်
ကန်တော့လေ့ ရှိကြသည်။ "
-

Keine Kommentare:
Kommentar veröffentlichen