Mittwoch, 24. Oktober 2012

စက်လေးပါး

လောက၌ လူပေါင်းများစွာရှိရာ၊ ကြီးပွားတိုးတက်ခြင်း ရှိသူ၊ ကြီးပွားတိုးတက်ခြင်း မရှိသူ ဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားရ၏။
လောကီ လောကုတ္တရာ နှစ်ဖြာသောဋ္ဌာန၌ ကြီးပွားတိုးတက်သူတို့မှာ၊ သမ္ပတ္တိ စက်လေးပါးနှင့် ပြည့်စုံသူတို့ ဖြစ်ကြ၏။

စက်လေးပါးကား

၁။ ပတိရူပ ဒေသ၀ါသစက် - သင့်လျော်လျောက်ပတ်သော အရပ်၌ နေရခြင်းစက်၊
၂။ ပုဗ္ဗေစ ကတပုညတာစက် - ပြုခဲ့ဖူးသော ကောင်းမှုရှိသူ ဖြစ်ရခြင်းစက်၊
၃။ အတ္တသမ္မာ ပဏိဓိစက် - ကိုယ်စိတ်နှစ်ပါးကို ကောင်းစွာထားခြင်းစက်၊
၎။ သပ္ပုရိသူပ နိဿယစက် - သူတော်ကောင်းကို မှီခိုရခြင်းစက်၊

ဤလေးပါးနှင့် ပြည့်စုံသူမှာ စည်းစိမ်ဥစ္စာ တိုးတက်ပြီးး၊ အခြံအရံ အကျော်အစော ချမ်းသာသုခတို့ကို ရနိုင်ပါသည်။

Keine Kommentare:

Kommentar veröffentlichen